ယေရှုခရစ်တော် မွေးဖွားလာတော်မူပုံမှာ ဤသို့ဖြစ်၏။ မယ်တော်မာရိနှင့် ယောသပ်တို့သည် လက်ထပ်ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်ပေါင်းသင်းခြင်းမပြုမီ မာရိသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ကိုယ်ဝန်ဆောင်လေ၏။
ရှင်ယောဟန် 14:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ခမည်းတော်သည် ငါ့ကိုယ်စား ကူညီမစတော်မူသောအရှင်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ ထိုအရှင်သည် သင်တို့အား အရာအားလုံး သွန်သင်၍ ငါပြောခဲ့သမျှကို ပြန်လည်သတိရစေတော်မူလိမ့်မည်။ Common Language Bible သို့ရာတွင်ခမည်းတော်သည်ငါ့နာမကြောင့် စေလွှတ်တော်မူမည့်မစတော်မူသောအရှင် တည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကိုသွန်သင် ပေးတော်မူ၍ ငါပြောခဲ့သမျှသောအရာတို့ ကိုသင်တို့အားပြန်လည်သတိရစေတော် မူလိမ့်မည်။ Garrad Bible ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။ Judson Bible ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းတို့ကို သင်တို့အားသွန်သင်တော်မူ၍ ငါပြောဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်သတိရစေတော်မူလိမ့်မည်။ မြန်မာ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်။- |
ယေရှုခရစ်တော် မွေးဖွားလာတော်မူပုံမှာ ဤသို့ဖြစ်၏။ မယ်တော်မာရိနှင့် ယောသပ်တို့သည် လက်ထပ်ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်ပေါင်းသင်းခြင်းမပြုမီ မာရိသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ကိုယ်ဝန်ဆောင်လေ၏။
ထိုသို့ တွေးတောဆင်ခြင်နေစဉ် ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ယောသပ်ကို အိပ်မက်တွင် ကိုယ်ထင်ပြ၍ “ဒါဝိဒ်မင်း၏သား ယောသပ်… မာရိကို သင်၏ဇနီးမယားအဖြစ် လက်ထပ်ရမည့်အမှုအတွက် မတွန့်ဆုတ်နှင့်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ဝန်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကြောင့် ဖြစ်၏။
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသောသူတို့ကို ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကိုမျှ သယ်ဆောင်ရန် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
ဒါဝိဒ်မင်းကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် ပြောသောစကားမှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်ကို “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါ့သည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
လူတို့သည် သင်တို့ကို ဖမ်းဆီး၍ အမှုစစ်ကြသောအခါ မည်သို့ပြောဆိုရမည်ကို ကြိုတင်၍ မစိုးရိမ်ကြနှင့်။ ထိုအချိန်၌ သင်တို့စိတ်ထဲတွင် ဘုရားသခင် ဖော်ပြတော်မူမည့်စကားကိုသာ ပြောကြလော့။ သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်ပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူတစ်ဦး ဖြစ်လာမည့်အတွက်ကြောင့် ဖြစ်၏။ သူသည် စပျစ်ဝိုင်နှင့် အခြားအရက်တို့ကို မသောက်ဘဲနေရမည်။ မိခင်ဝမ်းဗိုက်ထဲ ရှိစဉ်တွင်ပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောသူ ဖြစ်လိမ့်မည်။
ကောင်းကင်တမန်က “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်တော်မူ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွှမ်းခြုံလိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
မာရိနှုတ်ဆက်သောအသံကို ဧလိရှဗက်ကြားသောအခါ သူ၏ဗိုက်ထဲ၌ ရှိသောကလေးသည် လှုပ်လေ၏။ ဧလိရှဗက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်
သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၍ အနာဂတ်ကို ဟောပြောသည်မှာ
သင်တို့သည် ဆိုးသောသူဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍ ပေးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ရှိမောင်ဟု ခေါ်သော လူတစ်ဦးရှိ၏။ သူသည် သူတော်ကောင်းတစ်ဦးဖြစ်ပြီး ဘုရားတရားကိုင်းရှိုင်းသူလည်း ဖြစ်၏။ အစ္စရေးလူမျိုးတို့အား နှစ်သိမ့်တော်မူမည့် ကယ်တင်ရှင်ကြွလာမည်ကို စောင့်မျှော်နေသူ ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သူ့အပေါ်၌ တည်နေ၏။
ငါသည် ငါ့ခမည်းတော် ကတိထားတော်မူသည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံသို့ စေလွှတ်မည်။ သို့ရာတွင် သင်တို့သည် ကောင်းကင်မှတန်ခိုးတော် မရရှိမီအထိ မြို့ထဲတွင်နေကြရမည်” ဟု မိန့်တော်မူ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ယေရှုအပေါ်ဆင်းသက်၍ နားတော်မူ၏။ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုအရှင်ကို ယခင်က ငါမသိခဲ့။ သို့သော်လည်း ရေဖြင့်နှစ်ခြင်းမင်္ဂလာပေးရန် ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်က ‘တစ်စုံတစ်ဦးအပေါ်သို့ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်မြင်လျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာပေးသောသူဖြစ်သည်’ ဟု ငါ့ကို မိန့်တော်မူ၏။
ဤအရာသည် ပရောဖက်ဟောပြောချက်အတိုင်း ဖြစ်လာသည်ကို တပည့်တော်တို့သည် ထိုအခါက နားမလည်ကြ။ သို့သော် ယေရှု ဘုန်းပွင့်တော်မူပြီးနောက်မှသာ ဤအကြောင်းအရာများသည် ကိုယ်တော်ကို ရည်ညွှန်း၍ ထိုသို့ရေးသားထားကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ကို ထိုသို့ပြုခဲ့ကြကြောင်းကိုလည်းကောင်း တပည့်တော်တို့သည် ပြန်လည်သတိရကြ၏။
ငါသည် ခမည်းတော်ထံ တောင်းလျှောက်သဖြင့် ခမည်းတော်သည် သင်တို့အား ကူညီမစမည့် အခြားအရှင်တစ်ပါးကို စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။
သို့သော် ငါသည် သမ္မာတရားကို ဖော်ပြသည့် ကူညီမစတော်မူသောအရှင် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံ စေလွှတ်မည်။ ထိုဝိညာဉ်တော်သည် ခမည်းတော်ထံမှ ကြွလာ၍ ငါ၏အကြောင်းမှန်သမျှကို သက်သေခံလိမ့်မည်။
သင်တို့အား ငါအမှန်ဆို၏။ ထိုသို့ငါသွားရခြင်းသည် သင်တို့အတွက် အကျိုးရှိ၏။ ငါမသွားလျှင် ကူညီမစမည့်အရှင်သည် ကြွလာမည်မဟုတ်။ ငါသွားလျှင် ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
ထို့ကြောင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော်တို့သည် ထိုစကားတော်ကို သတိရကြ၍ ကျမ်းစာတော်နှင့် ယေရှုမိန့်တော်မူခဲ့သည့် စကားတော်တို့ကို ယုံကြည်ကြ၏။
ထို့နောက် ယေရှုသည် တပည့်တော်တို့အပေါ် လေကို မှုတ်တော်မူလျက် “သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူကြလော့။
ပရောဖက်ကျမ်းများတွင် ‘ထိုသူအားလုံးတို့သည် ဘုရားသခင်၏ သွန်သင်တော်မူခြင်းကို ခံရကြလိမ့်မည်’ ဟု ရေးသားထားသည်နှင့်အညီ ခမည်းတော် မိန့်တော်မူသောစကားကို ကြား၍ ခံယူသောသူရှိသမျှတို့သည် ငါ့ထံသို့ လာကြ၏။
ယေရှုမိန့်တော်မူသော အသက်စမ်းရေသည် ယုံကြည်သောသူတို့ လက်ခံရရှိမည့် သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့အပေါ် သက်ရောက်စေတော်မမူသေးပေ။
ထိုသို့ တမန်တော်တို့နှင့်အတူ ရှိတော်မူစဉ် ယေရှုက “ဂျေရုဆလင်မြို့မှ မထွက်ခွာဘဲ ခမည်းတော်၏ကတိတော်ကို စောင့်မျှော်ကြလော့။ ထိုကတိတော်အကြောင်းကို ယခင်က သင်တို့အား ငါဟောပြောခဲ့၏။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ကျွန်ုပ်က သခင်ဘုရား မိန့်တော်မူခဲ့သော ‘ယောဟန်သည် ရေ၌နှစ်ခြင်းမင်္ဂလာပေးသော်လည်း သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာကို ခံယူကြရလိမ့်မည်’ဟူသည့် စကားတော်ကို ပြန်၍သတိရ၏။
ထိုသူတို့သည် သခင်ဘုရားကိုဝတ်ပြု၍ အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ငါခန့်အပ်သောအမှုကို ဆောင်ရွက်ရန် ဗာနဗနှင့် ရှောလုတို့ကို သီးသန့်ရွေးချယ်ကြလော့” ဟု ဆို၏။
သန့်ရှင်းသောဝိညာဉ်တော်၏ စေလွှတ်ခြင်းခံရသည့်အတိုင်း ပေါလုနှင့်ဗာနဗတို့သည် သေလုကိမြို့သို့ သွား၍ ထိုမှတစ်ဆင့် ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်ကြ၏။
သန့်ရှင်းသောဝိညာဉ်တော်နှင့် ကျွန်ုပ်တို့သည် အရေးကြီးသောအောက်ပါအချက်များမှအပ အခြားသောဝန်ထုပ်ဝန်ပိုးများကို သင်တို့အပေါ်မတင်လျှင် ကောင်းမည်ဟု သဘောတူကြပါ၏။
လူ့စိတ်နှလုံးကို သိမြင်တော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးသနားသကဲ့သို့ ထိုသူတို့အား ပေးသနားခြင်းဖြင့် သူတို့ကို လက်ခံကြောင်းအတည်ပြုတော်မူ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အား အာရှပြည်၌ နှုတ်ကပတ်တရားတော်ကိုဟောပြောရန် တားမြစ်သဖြင့် ဖြူဂိပြည်နှင့် ဂလာတိပြည်ကို ဖြတ်သွားကြ၏။
ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်တော်မူခြင်းခံရ၏။ ထို့နောက် ကတိထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ကို အဖဘုရားထံမှ ခံယူသည်နှင့်အညီ၊ ထိုသခင်သည် သင်တို့မြင်တွေ့ကြားသိသည့်အတိုင်း ဤသန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူပြီ။
ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
ဤအရာအားလုံးတို့တွင် အလုပ်ကို ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် ဆင်းရဲသားများအား မစထောက်ပံ့ရမည်ကို ကျွန်ုပ်ပြသခဲ့၏။ ထို့ကြောင့် သခင်ယေရှုကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်းသည် ရယူခြင်းထက် ပို၍မင်္ဂလာရှိ၏’ ဟူသော စကားတော်ကို သတိရကြလော့” ဟု ဆိုလေ၏။
ထို့ကြောင့် သူတို့သည် အချင်းချင်းသဘောထားကွဲလွဲကြ၏။ ထို့နောက် ထိုသူတို့ထွက်သွားကြမည်ပြုစဉ် ပေါလုက “ပရောဖက်ဟေရှာယအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က သင်တို့ဘိုးဘေးတို့အား မှန်ကန်စွာမိန့်တော်မူသည်မှာ
ပေတရုက “အာနနိ… သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပေးသနည်း။ သင်သည် မြေရောင်းရသောငွေတချို့ကို ယူထား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားပြီ။
ခေါင်းမာသောလူမျိုးတို့… သင်တို့၏နားများသည် မည်သည့်အခါမျှ နားမထောင်။ သင်တို့၏စိတ်နှလုံးသည်လည်း မည်သည့်အခါမျှ နောင်တမရ။ သင်တို့သည် သင်တို့၏ဘိုးဘေးများ ပြုခဲ့သည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို အမြဲတစေ ဆန့်ကျင်လျက်ရှိ၏။
သို့ရာတွင် သတေဖန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ကောင်းကင်သို့ မျှော်ကြည့်ရာ ဘုရားသခင်၏ဘုန်းတော်နှင့် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေတော်မူသော ယေရှုကို တွေ့မြင်ရ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
ဘုရားသခင်ကို သင်တို့ယုံကြည်သောကြောင့် မျှော်လင့်ခြင်း၏ အရှင် ထိုဘုရားသခင်သည် သင်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့အားဖြင့် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကြောင့် မျှော်လင့်ခြင်းအပြည့်အဝ ရှိလိမ့်မည်။
ထိုအခွင့်ထူးမှာ လူမျိုးခြားတို့ထံ ယေရှုခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ရခြင်းအခွင့် ဖြစ်၏။ လူမျိုးခြားတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်ပူဇော်စရာကဲ့သို့ ဖြစ်လာရန် ကျွန်ုပ်သည် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်လျက် ဘုရားသခင်၏ သတင်းကောင်းကို ဟော၏။
ဤမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မိမိ၏မေတ္တာတော်နှင့် ပြည့်စေတော်မူသောကြောင့်ဖြစ်၏။
ထို့ကြောင့် သင်တို့အား ကျွန်ုပ်သိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ယေရှုကို ကျိန်မည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မဟုတ်လျှင် မည်သူကမျှ ယေရှုသည် သခင်ဖြစ်ကြောင်း ပြောနိုင်မည်မဟုတ်။
သင်တို့၏ ကိုယ်ခန္ဓာသည် ဘုရားသခင်ထံတော်မှ သင်တို့လက်ခံရရှိထားသည့် ဝိညာဉ်တော်ဟူသော သင်တို့အထဲ၌ ကိန်းဝပ်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် မိမိကိုယ်ကိုယ် မပိုင်ကြ။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
ဖြူစင်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံခြင်း၊ စစ်မှန်သောချစ်ခြင်းမေတ္တာရှိခြင်း၊
လူမျိုးခြား ဖြစ်သော သင်တို့သည်လည်း ဘုရားသခင်၏ ကယ်တင်တော်မူခြင်းသတင်းကောင်းဟူသော သမ္မာတရားကို ကြား၍ ခရစ်တော်ကို ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်လျက် ဘုရားသခင် ကတိပြုထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရ၏။
ကျွန်ုပ်ဆုတောင်းသည်က ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖခမည်းတော်သည် ဝိညာဉ်ရေးရာဉာဏ်ပညာနှင့် ဗျာဒိတ်တော်ကို သင်တို့အား ပေးသနားတော်မူရန် ဖြစ်၏။ သို့မှသာ သင်တို့သည် ခမည်းတော်အကြောင်းကို ပို၍ သိကြမည် ဖြစ်၏။
ရွေးနုတ်ခံရမည့်နေ့အတွက် သင်တို့ကို တံဆိပ်ခတ်နှိပ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။
ထို့ကြောင့် ဤညွှန်ကြားချက်များကို ငြင်းပယ်သော သူတို့သည် လူကို ငြင်းပယ်သည်မဟုတ်ဘဲ သင်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
သင့်ထံ၌ အပ်ထားသောသတင်းကောင်းတရားကို ကျွန်ုပ်တို့ထဲ၌ ကိန်းဝပ်တော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကာကွယ်စောင့်ရှောက်လော့။
ကျွန်ုပ်တို့သည် ကယ်တင်တော်မူခြင်းခံရ၏။ ဤသို့ ကယ်တင်တော်မူခြင်းခံရသည်မှာ ကျွန်ုပ်တို့ ပြုသည့်ဖြောင့်မတ်သောအကျင့်ကြောင့် မဟုတ်ဘဲ သနားကြင်နာတော်မူခြင်းကြောင့် ဖြစ်၏။ ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆေးကြောပေးခြင်းဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေခြင်းနှင့် စိတ်သစ်လူသစ်ဖြစ်စေခြင်းအားဖြင့် ကယ်တင်တော်မူ၏။
တစ်ချိန်တည်းမှာပင် ဘုရားသခင်ကလည်း နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိအလိုတော်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများကို ဝေမျှတော်မူခြင်း စသည်တို့ဖြင့် သူတို့နှင့်အတူ သက်သေခံတော်မူ၏။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူသည်မှာ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကို ကြားလျှင်
ဤစည်းမျဉ်းအရ တဲတော်၏ ပထမအခန်း တည်ရှိနေသရွေ့ အသန့်ရှင်းဆုံးဌာနတော်ဖြစ်သည့် ဒုတိယအခန်းသို့ ဝင်သည့်လမ်း မပွင့်သေးကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်က ဖော်ပြတော်မူ၏။
သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။
အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ့အလိုအရ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှ လာသောစကားကို ဟောပြောသောကြောင့်ဖြစ်၏။
သို့သော် သင်တို့မှာမူ သန့်ရှင်းသောအရှင်ထံမှ ဘိသိက်ပေးခြင်းခံရသဖြင့် သမ္မာတရားကို သိကြ၏။
သို့သော် ကိုယ်တော်သည် မိမိဝိညာဉ်တော်ကို သင်တို့အပေါ် သွန်းလောင်းတော်မူပြီ။ ထိုဝိညာဉ်တော်သည် သင်တို့ထဲ၌ ကိန်းအောင်း၍ သင်တို့အား အရာအားလုံးကို သွန်သင်ပေးတော်မူသဖြင့် မည်သူမျှ သင်တို့ကို သွန်သင်ပေးရန် မလိုအပ်ပါ။ ဝိညာဉ်တော်သွန်သင်ပေးတော်မူသောအရာတို့သည် မှန်ကန်၍ အမှားမရှိ။ ထို့ကြောင့် သင်တို့သည် ထိုသွန်သင်မှုအတိုင်း ခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။
သို့သော် ချစ်ရသောသူတို့… သင်တို့သည် မိမိတို့၏ အသန့်ရှင်းဆုံးသောယုံကြည်ခြင်း၌ မိမိကိုယ်ကိုယ် တည်ဆောက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် ဆုတောင်းလော့။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ အောင်မြင်သောသူသည် ဒုတိယသေခြင်းဝေဒနာကို ခံစားရမည်မဟုတ်။