Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 1:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သင့်​ထံ၌ အပ်ထားသော​သတင်းကောင်း​တရား​ကို ကျွန်ုပ်တို့​ထဲ၌ ကိန်းဝပ်တော်မူသည့်​သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ကာကွယ်​စောင့်ရှောက်လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သင့်​အား​ပေး​အပ်​ထား​သော​ကောင်း​မြတ်​သည့် အ​ရာ​များ​ကို​ငါ​တို့​တွင်​ကိန်း​အောင်း​တော်​မူ သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး တော်​အား​ဖြင့်​ထိန်း​သိမ်း​စောင့်​ရှောက်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သင် လွှဲ အပ် ခံ သော အ ရာ မြတ် ကို ငါ တို့၌ တည် သော သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် စောင့် ထိန်း လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သင်၌​အပ်​ထား​သော အ​ရာ​မြတ်​ကို ငါ​တို့၌ ကျိန်း​ဝပ်​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် စောင့်​ရှောက်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သင်​၌​အပ်​ထား​သည့် ကောင်းမြတ်​သော​အရာ​ကို ငါ​တို့​၌​ကိန်းဝပ်​တော်မူ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် စောင့်ရှောက်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 1:14
21 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် လောကီ​စည်းစိမ်များ​နှင့်​ပတ်သက်၍ ယုံကြည်စိတ်ချရ​သူများ မဟုတ်ကြလျှင် စစ်မှန်သော​စည်းစိမ်များ​ကို သင်တို့​ထံ မည်သူ​အပ်နှံ​လိမ့်မည်နည်း။


ထို​အရှင်​သည် သမ္မာတရား​ကို ဖော်ပြသည့်​သန့်ရှင်းသော​ဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့​သည် ထို​ဝိညာဉ်တော်​ကို မြင်​လည်း​မမြင်၊ သိ​လည်း​မသိ​သောကြောင့် မခံယူနိုင်ကြ။ ထို​ဝိညာဉ်တော်​သည် သင်တို့​နှင့်အတူ တည်နေသည်​သာမက သင်​တို့​အထဲ​၌ ရှိနေမည်​ဖြစ်​သောကြောင့် ထို​အရှင်​ကို သင်တို့​သိကြ၏။


စင်စစ် အဘက်ဘက်​၌ အကျိုး​များစွာ​ရှိ၏။ ဦးစွာ ဂျူးလူမျိုးတို့​သည် ဘုရားသခင်​၏​ဗျာဒိတ်တော်​ကို ခံယူ​ရရှိကြ၏။


ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်စေတော်မူသော ဘုရားသခင်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသော ထို​ဝိညာဉ်တော်​အားဖြင့် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကိုပင် ရှင်စေတော်မူ​လိမ့်မည်။


သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း အသက်ရှင်​လျှင် သေကြရ​လိမ့်မည်။ သို့သော် လူ့​ဗီဇစိတ်​၏ အကျင့်တို့​ကို ဝိညာဉ်တော်​အားဖြင့် အဆုံးသတ်​လျှင်​မူ အသက်ရှင်ကြ​လိမ့်မည်။


သို့သော် ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်​၏ ဝိညာဉ်တော်​ကို မရသောသူ​သည် ခရစ်တော်​နှင့် မသက်ဆိုင်။


သင်တို့​သည် ဘုရားသခင်​၏ ဗိမာန်တော်​ဖြစ်ကြသည်​ကို​လည်းကောင်း၊ ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသည်​ကို​လည်းကောင်း မသိကြသလော။


သင်တို့​၏ ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံတော်​မှ သင်တို့​လက်ခံရရှိထားသည့် ဝိညာဉ်တော်​ဟူသော သင်တို့​အထဲ​၌ ကိန်းဝပ်နေသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဗိမာန်​ဖြစ်သည်​ကို မသိကြသလော။ သင်တို့​သည် မိမိကိုယ်ကိုယ် မပိုင်ကြ။


ကျွန်ုပ်​သည် ဤ​အမှု​ကို မိမိ​အလိုဆန္ဒ​ကြောင့် ဆောင်ရွက်ခြင်း​ဖြစ်​လျှင် ဆုလာဘ်​ကို ရသင့်၏။ သို့သော် ဘုရားသခင်​က ဤ​တာဝန်​ကို ကျွန်ုပ်​ထံ ယုံယုံကြည်ကြည်​အပ်နှံထား​သောကြောင့် ဝတ္တရား​ရှိ​၍ ဆောင်ရွက်ရခြင်း​ဖြစ်၏။


ထို့ကြောင့် ယခု​မှစ၍ ကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ လောကီ​ရှုထောင့်​မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့​သည် ခရစ်တော်​ကို လောကီ​ရှုထောင့်​မှ အကဲဖြတ်ခဲ့ကြ​သော်လည်း ယခု​တွင်မူ ထိုသို့​အကဲမဖြတ်ကြတော့ပေ။


သို့သော် သူတို့​သဘောပေါက်ကြသည်​မှာ ပေတရု​သည် ဂျူးလူမျိုးတို့​ထံ သတင်းကောင်း​ကို ဟောပြော​ရန် တာဝန်​ပေးအပ်​ခံရ​သကဲ့သို့ ကျွန်ုပ်​သည် လူမျိုးခြားတို့​ထံ သတင်းကောင်း​ကို ဟောပြော​ရန် တာဝန်​ပေးအပ်​ခံရကြောင်း ဖြစ်၏။


သင်တို့​သည်လည်း ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ဖြစ်ကြ​သောကြောင့် ဝိညာဉ်တော်​အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာ​နေရာ​အဖြစ် အခြားသူတို့​နှင့်အတူ တည်ဆောက်ခံရ​လျက် ရှိကြ၏။


ဘဝ​ပျက်စေသော သောက်စား​မူးယစ်ခြင်း​ကို ရှောင်ကြဉ်​၍ သင်တို့​၏ ဘဝ​ကို ဝိညာဉ်တော်​နှင့် ပြည့်ဝစေကြလော့။


ယုတ္တု​ခေါ် ယေရှု​သည်လည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်​၏ နိုင်ငံတော်​အတွက် ဆောင်ရွက်ကြသော ကျွန်ုပ်​၏ လုပ်ဖော်ကိုင်ဖက်များ​အနက် ဤ​သူတို့​သာလျှင် ဂျူးလူမျိုးများ ဖြစ်ပြီး ကျွန်ုပ်​ကို အမှန်တကယ် အကူအညီ​ပေးသော​သူများ ဖြစ်ကြ၏။


သန့်ရှင်းသော​ဝိညာဉ်တော်​၏ အရှိန်​ကို မငြိမ်းစေကြနှင့်။


ထို​မှန်ကန်သော​အယူဝါဒ​သည် မင်္ဂလာ​ရှိတော်မူသော ဘုရားသခင်​၏ ဘုန်းကြီးသော သတင်းကောင်း​နှင့် ညီ၏။ ထို​သတင်းကောင်း​ကို ဟောပြော​ရန် ဘုရားသခင်​သည် ကျွန်ုပ်​ကို တာဝန်ပေးတော်မူ၏။


တိမောသေ… သင့်​ထံ အပ်နှင်းထားသည့်​အရာ​ကို စောင့်ရှောက်လော့။ ဘုရားတရား​မဲ့သည့် အကျိုး​မရှိသော​စကားများ​နှင့် အသိပညာ​ဟု လွဲမှား​စွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်​အယူအဆများ​ကို ရှောင်ကြဉ်လော့။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


အသိ​သက်သေ​များစွာ ရှေ့​၌ ကျွန်ုပ်​သွန်သင်သည့်​အရာများ​ကို သင်​ကြားသိရ၏။ ထို​အရာများ​ကို ယုံကြည်စိတ်ချရ​၍ သွန်သင်တတ်သော​သူတို့​အား လက်ဆင့်ကမ်းလော့။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ