Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 20:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ကိုယ့် အ သွေး တော် ဖြင့် ဘု ရား သ ခင် အ ပိုင် ရ တော် မူ သော အ သင်း တော် ကို ထိန်း ကျောင်း ကြ စေ ရန် သင်း အုပ် များ အ ဖြစ် သန့် ရှင်း သော ဝိ ညာဉ် တော် ခန့် ထား တော် မူ သည့် အ လျောက် သိုး တော် တစ် အုပ် လုံး ကို လည်း ကောင်း၊ ကိုယ် ကိုလည်း ကောင်း ဂ ရု ပြု ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထို​ကြောင့် သင်​တို့​သည် ကိုယ်​ကို သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​သွေး​နှင့် ဝယ်​တော်​မူ​သော​အ​သင်း​တော်​ကို လုပ်​ကျွေး​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို အ​အုပ်​အ​ချုပ် ခန့်​ထား​တော်​မူ​သော သိုး​စု​တစ်​စု​လုံး​ကို​လည်း သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 20:28
61 ပူးပေါင်းရင်းမြစ်များ  

သင့်​အား ငါ​ပြောဆိုသည်​မှာ သင်​သည် ကျောက်​ဟု အဓိပ္ပာယ်ရသော​ပေတရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်တွင် ငါ​၏ အသင်းတော်​ကို တည်ဆောက်မည်။ မရဏ​နိုင်ငံ​၏​တံခါးများ​ပင် ထို​အသင်းတော်​ကို အောင်နိုင်​လိမ့်မည်​မဟုတ်။


‘အို ယုဒပြည် ဗက်လင်မြို့… သင်​သည် ယုဒပြည်​ရှိ မြို့များ​ထဲတွင် သေးနုပ်လှသော​မြို့ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင့်​အထဲက အုပ်စိုးသူ​တစ်ဦး ပေါ်ထွက်လာမည်။ သူ​သည် ငါ​၏​လူမျိုးတော်​ဖြစ်သော အစ္စရေးတို့​ကို အုပ်စိုးမည့်​သူ ဖြစ်၏’ ဟူ၍ ရေးသားထား၏” ဟု လျှောက်ဆိုကြ၏။


ဤ​အရာများ​စတင် ဖြစ်ပွား​လျှင် သတိရှိကြလော့။ လူတို့​သည် သင်တို့​ကို တရားရုံးများ​သို့ အပ်ကြ​လိမ့်မည်။ ဂျူးဝတ်ပြုဆောင်များ​တွင်လည်း ရိုက်နှက်ကြ​လိမ့်မည်။ ငါ​၏​နောက်လိုက်များ​ဖြစ်သောကြောင့် သင်တို့​ကို ရှင်ဘုရင်များ​နှင့် အစိုးရ​အာဏာပိုင်များ​ရှေ့သို့ ခေါ်ဆောင်သွားကြ​လိမ့်မည်။ ဤ​အရာ​သည် သင်တို့​ကို ငါ့​အကြောင်း​သက်သေခံရသော​အခွင့် ဖြစ်စေ​လိမ့်မည်။


အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့​၏​အဖ​သည် သင်တို့​အား နိုင်ငံတော်​ကို ပေး​ရန် အလိုတော်​ရှိတော်မူ၏။


အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


ထို​သူတို့​သည် သခင်ဘုရား​ကို​ဝတ်ပြု​၍ အစာရှောင်နေကြ​စဉ် သန့်ရှင်းသော​ဝိညာဉ်တော်​က “ငါ​ခန့်အပ်သော​အမှု​ကို ဆောင်ရွက်​ရန် ဗာနဗ​နှင့် ရှောလု​တို့​ကို သီးသန့်​ရွေးချယ်ကြလော့” ဟု ဆို၏။


အသင်းတော်​တိုင်း​တွင် အကြီးအကဲများ​ကို​ခန့်ထားကြ၏။ ထို့နောက် အစာရှောင်​ဆုတောင်း​၍ ထို​အကြီးအကဲများ​ကို သူတို့​ယုံကြည်သော သခင်ဘုရား​ထံ အပ်နှံကြ၏။


မိလက်မြို့​သို့ ရောက်​သောအခါ ပေါလု​သည် လူလွှတ်​၍ ဧဖက်မြို့​ရှိ အသင်းတော်​အကြီးအကဲများ​ကို မိမိ​ထံ​လာရောက်​တွေ့ဆုံ​ရန် ဖိတ်ခေါ်လေ၏။


ကျွန်ုပ်​ထွက်သွား​သည့်နောက် သိုးစု​ကို​မညှာမတာ ကိုက်ဖြတ်စားတတ်သော​ဝံပုလွေတို့​သည် သင်တို့​အထဲ​၌ ဝင်လာ​လိမ့်မည်​ကို ကျွန်ုပ်​သိ၏။


အချင်းချင်း တစ်ဦး​ကို တစ်ဦး သန့်ရှင်းသော​အနမ်း​ဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်​၏ အသင်းတော်​အပေါင်းတို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


ယုံကြည်သူများ​ဖြစ်​စေရန် ရွေးချယ်တော်မူခြင်း​ခံရသည့် ကောရိန္သု အသင်းတော်​ဖြစ်သော သင်တို့​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို ကိုးကွယ်ကြသည့် နေရာအနှံ့​၌​ရှိသောသူ​အပေါင်းတို့​ကို ယေရှု​ခရစ်တော်​အားဖြင့် သန့်ရှင်းစေတော်မူ​သကဲ့သို့ သင်တို့​ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထို​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​နှင့် နေရာအနှံ့​၌ ရှိသော ထို​သူ​အပေါင်းတို့​၏ သခင်​ဖြစ်တော်မူ၏။


ကျွန်ုပ်​သည် လူများစွာ ကယ်တင်ခံရ​စေလို​သောကြောင့် ကိုယ်ကျိုး​ကို​မရှာဘဲ အများ​အကျိုး​ကိုသာ ရှာ​လျက် လုပ်ဆောင်လေ​ရာရာ​တွင် လူတိုင်း​၏ ကျေနပ်​နှစ်သက်မှု​ကို ရ​စေရန် ကြိုးစား၏။ သင်တို့​သည်လည်း ကျွန်ုပ်​ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်​၏​အသင်းတော် စသည်တို့​ကို ထိမိ​၍ လဲစရာ မဖြစ်​စေရန် ကြိုးစားကြလော့။


ထိုသို့ စားသောက်​ရန်အတွက် သင်တို့​တွင် ကိုယ်ပိုင်​အိမ် မရှိသလော။ သို့မဟုတ် သင်တို့​သည် ဘုရားသခင်​၏ အသင်းတော်​ကို မထီမဲ့မြင်ပြု​၍ ဆင်းရဲသားတို့​ကို အရှက်ခွဲ​လို​သောကြောင့်လော။ ကျွန်ုပ် မည်သို့​ပြောရမည်နည်း။ သင်တို့​ကို ချီးမွမ်း​ရမည်လော။ ဤ​ကိစ္စ​တွင် သင်တို့​ကို ကျွန်ုပ်​မချီးမွမ်းနိုင်ပါ။


ကျွန်ုပ်​သည် တမန်တော်​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်၏။ ဘုရားသခင်​၏ အသင်းတော်​ကို ညှဉ်းပန်းနှိပ်စက်ခဲ့သူ​ဖြစ်​သောကြောင့် တမန်တော်​ဟု ပင် ခေါ်ဝေါ်ခြင်း​ကို မခံထိုက်ပါ။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် သင်တို့​ကို အဖိုးအခ​ပေး​၍ ရွေးနုတ်​ဝယ်ယူတော်မူခဲ့​သောကြောင့်​ဖြစ်၏။ ထို့ကြောင့် သင်တို့​၏ ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှားစေကြလော့။


ယခင်​က ကျွန်ုပ်​သည် ဂျူးဘာသာဝင်​အဖြစ် နေထိုင်​အသက်ရှင်ခဲ့​စဉ်က ဘုရားသခင်​၏ အသင်းတော်​ကို ပြင်းထန်​စွာ ညှဉ်းဆဲ​ပြီး ဖျက်ဆီး​ရန် ကြိုးစားခဲ့သည်​ကို သင်တို့​ကြားသိကြ၏။


ထို​ဝိညာဉ်တော်​သည် ဘုရားသခင်​၏​လူများ ရွေးနုတ်တော်မူခြင်း​ခံရမည့်​ကာလ မရောက်မချင်း ကျွန်ုပ်တို့​၏ အမွေ​အတွက် အာမခံချက်​ပေး​လျက် စရန်​အဖြစ် ရှိတော်မူ၏။ ဤသည်​မှာ ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို ချီးမွမ်းကြ​ရန် ဖြစ်၏။


ဘုရားသခင်​၏ ကျေးဇူးတော် ကြွယ်ဝလှ​သဖြင့် ကျွန်ုပ်တို့​သည် သားတော်​နှင့် သားတော်​၏ အသွေးတော်​အားဖြင့် ရွေးနုတ်ခံကြရ၏။ ထို​ရွေးနုတ်ခြင်း​သည် အပြစ်​ခွင့်လွှတ်ခြင်း​ပင် ဖြစ်၏။


ခရစ်တော်​သည် တချို့​ကို တမန်တော်​အဖြစ်​လည်းကောင်း၊ တချို့​ကို ပရောဖက်​အဖြစ်​လည်းကောင်း တချို့​ကို သတင်းကောင်း​ဟောပြောသူ​အဖြစ်​လည်းကောင်း၊ တချို့​ကို သင်းအုပ်ဆရာ​နှင့် ဆရာ​အဖြစ်​လည်းကောင်း ခန့်ထားတော်မူ၏။


ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ယေရှု​ခရစ်တော်​၏ အစေအပါးများ​ဖြစ်ကြသော ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ တိမောသေ​တို့​က ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူး​သဖြင့် အသင်းတော်​ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များ​ထံသို့ ပို့လိုက်သော စာ​ဖြစ်၏။


ကျွန်ုပ်တို့​သည်လည်း ထို​သားတော်​ပြုသော အမှု​ကြောင့် ရွေးနုတ်ခြင်း​ကို ခံစားရ​၍ အပြစ်​ခွင့်လွှတ်ခြင်း​ကို ခံရကြ၏။


“သခင်ဘုရား ပေးအပ်တော်မူသော အမှုတော်​ကို ပြီးစီးအောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပု​ကို ပြောကြလော့။


“တစ်စုံတစ်ယောက်​သည် သင်းအုပ်​အဖြစ် ဆောင်ရွက်​ရန် ဆန္ဒ​ပြင်းပြ​လျှင် ထို​သူ​သည် မွန်မြတ်သည့်​အမှု​ကို တောင့်တသူ​ဖြစ်၏” ဟူသော စကား​သည် လုံးဝ​မှန်သော​စကား ဖြစ်၏။


သင်းအုပ်​သည် အပြစ်ဆိုဖွယ်​မရှိသူ၊ မယား​တစ်ယောက်တည်း​ရှိသူ၊ ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။


မိမိ​အိမ်ထောင်​ကို ဦးမဆောင်​မစီမံနိုင်​လျှင် ဘုရားသခင်​၏ အသင်းတော်​ကို မည်သို့ ပြုစု​စောင့်ရှောက်​နိုင်မည်နည်း။


ပရောဖက်ပြု​ဟောပြောခြင်း​ကြောင့် သင်းအုပ်တို့​သည် သင့်​အပေါ် လက်တင်​မင်္ဂလာပေး​သောအခါ သင်​ရရှိသော ဆုကျေးဇူး​ကို လျစ်လျူမရှုနှင့်။


သင်​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ မိမိ​သွန်သင်ချက်​တို့ကို​လည်းကောင်း သတိပြု​၍ ထို​အပေါ်​ရပ်တည်လော့။ ထိုသို့​ပြု​လျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်​သာမက သင်​၏​သွန်သင်ချက်​ကို နားထောင်သော​သူတို့​ကိုလည်း ကယ်တင်​လိမ့်မည်။


အသင်းတော်​ကို ကောင်းမွန်စွာ ဦးဆောင်​စီမံသော​သင်းအုပ်များ၊ အထူး​သဖြင့် တရားဟောခြင်း​နှင့် သွန်သင်ပေးခြင်းတို့​ကို ကြိုးစား​၍ ဆောင်ရွက်သော သင်းအုပ်များ​သည် နှစ်ဆသော​ထောက်ပံ့ခြင်း​ကို ရထိုက်၏။


သင်းအုပ်​သည် ဘုရားသခင်​၏ အမှုတော်​တွင် စီမံခန့်ခွဲသူ​ဖြစ်၏။ ထို့ကြောင့် သူ​သည် အပြစ်ကင်းသူ​ဖြစ်ရမည်။ သူ​သည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စား​မူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ မဖြစ်ရ။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


မည်သူ​မျှ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မဆုံးရှုံး​စေရန် သတိပြုလော့။ သင်တို့​ကို ဒုက္ခပေး​၍ လူများစွာ​ကို ညစ်ညူးစေမည့် ခါးသီးသော​အမြစ်​ကို မပေါက်ပွား​စေရန် သတိပြုလော့။


သင်တို့​ခေါင်းဆောင်များ​၏​စကား​ကို နာခံ​၍ နားထောင်ကြလော့။ သူတို့​သည် မိမိတို့​ပြုသည့်​အမှု​ကို ဘုရားသခင်​ထံ အစီရင်​ခံရမည်​ဖြစ်၍ သင်တို့​၏​စိတ်ဝိညာဉ်​ကို အစဉ်​စောင့်ရှောက်ကြ၏။ သင်တို့​နာခံ​လျှင် သူတို့​သည် ဝမ်းမြောက်​စွာ လုပ်ဆောင်ကြ​လိမ့်မည်။ မလိုက်နာ​လျှင် သူတို့​ဝမ်းနည်းရ​သဖြင့် သင်တို့​အတွက် မည်သည့်​အကျိုး​မျှ ရှိမည်​မဟုတ်။


သင်တို့​သည် ယခင်​က လမ်းလွဲ​၍ ပျောက်သော​သိုးများ​နှင့်​တူကြ၏။ သို့သော် ယခု​တွင် သင်တို့​၏ စိတ်ဝိညာဉ်​ကို ကြည့်ရှု​ပြုစုသော သိုးထိန်း​ထံသို့ ပြန်ရောက်ကြပြီ။


သို့သော် သင်တို့​မှာမူ ရွေးကောက်ခံရသော​အမျိုး၊ တော်ဝင်​ယဇ်ပုရောဟိတ်​အမျိုး၊ သန့်ရှင်းသော​လူမျိုး၊ ဘုရားသခင်​ပိုင်ဆိုင်သော​လူမျိုး​ဖြစ်ကြ၏။ ဤသည်​မှာ သင်တို့​ကို အမှောင်​ထဲမှ အံ့ဖွယ်​အလင်း​ထဲသို့ ခေါ်တော်မူသော​ဘုရားသခင်​ပြုသည့် အံ့ဩဖွယ်​အမှုများ​ကို ကြွေးကြော်​ရန်​ဖြစ်၏။


သို့ရာတွင် ဘုရားသခင်​သည် အလင်း​တွင် ရှိတော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း အလင်း​တွင် ကျင်လည်ကြ​လျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း​ရှိ​သဖြင့် သားတော်​ယေရှု​၏​အသွေးတော်​သည် ကျွန်ုပ်တို့​ကို အပြစ်​အားလုံး​မှ ကင်းစင်စေတော်မူ၏။


သူတို့​သည် သီချင်းသစ်​တစ်ပုဒ်​ကို သီဆိုကြ၏။ ထို​သီချင်း​မှာ “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ တံဆိပ်​ကို​ခွာ​၍ ဖွင့်​ရန် ထိုက်တန်သော​အရှင်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် အသေ​သတ်ခံရ​၍ မျိုးနွယ်စု​အသီးသီး၊ ဘာသာစကား​အသီးသီး​ပြောသည့်​သူများ၊ လူမျိုး​အသီးသီး​နှင့် တိုင်းနိုင်ငံ​အသီးသီးတို့​ကို ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဘုရားသခင်​အတွက် ရွေးနုတ်​ကယ်တင်​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ