Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန် 1:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ထို​အရှင်​ကို ယခင်က ငါ​မသိခဲ့။ သို့သော်လည်း ရေ​ဖြင့်​နှစ်ခြင်းမင်္ဂလာ​ပေး​ရန် ငါ့​ကို စေလွှတ်တော်မူသော​ဘုရားသခင်​က ‘တစ်စုံတစ်ဦး​အပေါ်​သို့ ဝိညာဉ်တော်​ဆင်းသက်​၍ နားတော်မူသည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၌ နှစ်ခြင်းမင်္ဂလာ​ပေးသော​သူ​ဖြစ်သည်’ ဟု ငါ့​ကို မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို ယ​ခင်​က ငါ​မ​သိ။ သို့​သော်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ဘု​ရား​သ​ခင် က `ဝိ​ညာဉ်​တော်​သည်​ဆင်း​သက်​၍​တစ်​စုံ တစ်​ယောက်​သော​သူ​၏​အ​ပေါ်​မှာ​နား​တော်​မူ သည်​ကို​သင်​မြင်​ရ​လိမ့်​မည်' ဟု​ငါ့​အား မိန့်​တော်​မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ကိုယ်တော်မှန်း ငါမသိရာတွင် ရေနှင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်လိုက်သောအရှင်က၊ မည်သူ့အပေါ်သို့မဆို ဝိညာဉ်တော့်ဆင်းသက်နားနေသည်ကို သင်မြင်ရလျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဗတ္တိဇံမင်္ဂလာပေးသူဖြစ်သည်ဟု မိန့်တော်မူသည့်အတိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​က၊ အ​ကြင်​သူ၏​အ​ပေါ်၌ ဝိ​ညာဉ်​တော်​ဆင်း​သက်၍ နား​တော်​မူ​သည်​ကို သင်​သည်​မြင်​လျှင်၊ ထို​သူ​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် ရေ​၌​ဗတ္တိဇံ​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​က ‘တစ်စုံတစ်ဦး​အပေါ်သို့ ဝိညာဉ်​တော်​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​က၊ အ​ကြင်​သူ၏​အ​ပေါ်၌ ဝိ​ညာဉ်​တော်​ဆင်း​သက်၍ နား​တော်​မူ​သည်​ကို သင်​သည်​မြင်​လျှင်၊ ထို​သူ​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 1:33
16 ပူးပေါင်းရင်းမြစ်များ  

ယောဟန်​သည် သင်တို့​အား ရေ​၌ နှစ်ခြင်းမင်္ဂလာ​ပေး၏။ မကြာမီ သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၌ နှစ်ခြင်းမင်္ဂလာ​ကို ခံယူကြရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ယောဟန်​ကလည်း “ငါ​သည် သင်တို့​အား ရေ​၌ နှစ်ခြင်းမင်္ဂလာ​ပေး၏။ သို့ရာတွင် ငါ့​ထက်​ကြီးမြတ်သော​အရှင်​သည် မကြာမီ​ကြွလာမည်။ ငါ​သည် ထို​အရှင်​၏​ဖိနပ်ကြိုး​ကို ဖြေပေး​ရန်​ပင် မထိုက်တန်ပါ။ ထို​အရှင်​သည် သင်တို့​ကို သန့်ရှင်းသော​ဝိညာဉ်တော်​၌​လည်းကောင်း၊ မီး​၌​လည်းကောင်း နှစ်ခြင်းမင်္ဂလာ​ပေးတော်မူ​လိမ့်မည်။


အပြစ်​အတွက် နောင်တရ​၍ ဘုရားသခင်​ထံသို့ ပြန်လာသောသူတို့​ကို ငါ​သည် ရေ​၌ နှစ်ခြင်းမင်္ဂလာ​ပေး၏။ သို့သော်လည်း ငါ့​ထက်​ကြီးမြတ်သော​အရှင်​သည် မကြာမီ​ကြွလာမည်။ ငါ​သည် ထို​အရှင်​၏​ဖိနပ်​ကို​မျှ သယ်ဆောင်​ရန် မထိုက်တန်ပါ။ ထို​အရှင်​သည် သင်တို့​ကို သန့်ရှင်းသော​ဝိညာဉ်တော်​၌​လည်းကောင်း၊ မီး​၌​လည်းကောင်း နှစ်ခြင်းမင်္ဂလာ​ပေးတော်မူ​လိမ့်မည်။


ဘုရားသခင်​စေလွှတ်တော်မူသောသူ​သည် ဘုရားသခင်​၏​စကားတော်​ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ထို​သူ​အား ဝိညာဉ်တော်​ကို အကန့်အသတ်​မရှိ ပေးတော်မူ​သောကြောင့် ဖြစ်၏။


ထိုကဲ့သို့​ပင် ကျွန်ုပ်တို့​အားလုံး​သည် ဂျူးလူမျိုး​ဖြစ်စေ၊ ဂရိလူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်သူ​ဖြစ်စေ ဝိညာဉ်တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ နှစ်ခြင်း​မင်္ဂလာ​ခံယူကြပြီး ကျွန်ုပ်တို့​အားလုံး​သည် ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကို သောက်သုံးကြ၏။


ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ရေ​ဖြင့်​လည်းကောင်း၊ ဝိညာဉ်တော်​ဖြင့်​လည်းကောင်း အသစ်တစ်ဖန်​မွေးဖွားခြင်း မခံရသောသူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ မဝင်နိုင်။


ထို​သူတို့​အားလုံး​သည်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ပြည့်ဝ​၍ ဝိညာဉ်တော်​ပေးသနားတော်မူသည့်​အစွမ်း​အတိုင်း အမျိုးမျိုးသော​ဘာသာစကားများ​ကို ဟောပြောကြ၏။


ထို​အရှင်​သည် ခရစ်တော်​ဖြစ်ကြောင်း ယခင်က ငါ​မသိခဲ့။ သို့သော်လည်း ထို​အရှင်​ကို အစ္စရေးလူမျိုးများ​သိရှိလာ​စေရန် ငါ​သည် ရေ​ဖြင့် နှစ်ခြင်းမင်္ဂလာ​ကို ပေးရခြင်း​ဖြစ်သည်” ဟု ဆို၏။


ယေရှု​မိန့်တော်မူသော အသက်စမ်းရေ​သည် ယုံကြည်သော​သူတို့ လက်ခံရရှိ​မည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ရည်ညွှန်းခြင်း​ဖြစ်၏။ သို့ရာတွင် ယေရှု​သည် ဘုန်းပွင့်တော်မမူ​သေး​သောကြောင့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ထို​သူတို့​အပေါ် သက်ရောက်စေတော်​မမူသေးပေ။


သို့ရာတွင် ခမည်းတော်​သည် ငါ့​ကိုယ်စား ကူညီမစတော်မူသော​အရှင်​ဖြစ်သည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို စေလွှတ်တော်မူ​သောအခါ ထို​အရှင်​သည် သင်တို့​အား အရာ​အားလုံး သွန်သင်​၍ ငါ​ပြောခဲ့သမျှ​ကို ပြန်လည်​သတိရစေတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ