Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 14:26 - မြန်မာ

26 ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ့​နာ​မ​ကြောင့် စေ​လွှတ်​တော်​မူ​မည့်​မ​စ​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သွန်​သင် ပေး​တော်​မူ​၍ ငါ​ပြော​ခဲ့​သ​မျှ​သော​အ​ရာ​တို့ ကို​သင်​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​တော် မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 သို့သော် ငါ့​နာမ​၌ ခမည်းတော်​စေလွှတ်​တော်မူ​မည့် ကူညီ​မစ​သူ​တည်းဟူသော သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား​သွန်သင်​တော်မူ​၍ ငါ​ပြောဆို​ခဲ့​သမျှ​သော​အရာ​တို့​ကို သင်​တို့​အား ပြန်လည်​သတိရ​စေ​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 သို့ရာတွင် ခမည်းတော်​သည် ငါ့​ကိုယ်စား ကူညီမစတော်မူသော​အရှင်​ဖြစ်သည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို စေလွှတ်တော်မူ​သောအခါ ထို​အရှင်​သည် သင်တို့​အား အရာ​အားလုံး သွန်သင်​၍ ငါ​ပြောခဲ့သမျှ​ကို ပြန်လည်​သတိရစေတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 14:26
75 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​ခ​ရစ်​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ မယ်​တော်​မာ​ရိ​သည် ယော​သပ်​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍ မ​ယှက်​တင်​မီ​တွင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့် ပ​ဋိ​သ​န္ဓေ​စွဲ​နေ၏။


ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။-


သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။-


ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။


ဒါ​ဝိဒ်၏​စ​ကား​မှာ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏ ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ၏​သ​ခင်​အား မိန့်​တော်​မူ​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဒါ​ဝိဒ်​ဆို​သ​တည်း။-


ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ကြ​နှင့်။ ထို​ခ​ဏ​ချင်း​တွင် သင်​တို့​ရ​သော​စ​ကား​ကို​သာ​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​တော်​မူ၏။-


အ​ကြောင်း​မူ​ကား၊ ထို​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို မ​သောက်​ဘဲ​နေ၍၊ အ​မိ​ဝမ်း​ထဲ​က​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လိမ့်​မည်။-


ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။


ထို​နှုတ်​ဆက်​ခြင်း​စ​ကား​ကို ဧ​လိ​ရှ​ဗက်​သည် ကြား​စဉ်​တွင် မိ​မိ​ဝမ်း၌​ရှိ​သော​သူ​ငယ်​သည် ခုန်၍၊ မိ​မိ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လျက်၊-


သူ၏​အ​ဘ ဇာ​ခ​ရိ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လျက်၊-


သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။


ထို​အ​ခါ ရှု​မောင်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၏။ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ၊ တ​ရား​ကို​ရို​သေ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သက်​သာ​ခြင်း​အ​ကြောင်း​ကို မျှော်​လင့်​သော​သူ ဖြစ်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်၌ တည်​သည်​ဖြစ်၍၊-


ငါ့​ခ​မည်း​တော်၏ က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့၌ ငါ​ပြု​ဦး​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။


သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကိုယ်​ထင်​ရှား​လျက် ကိုယ်​တော်​အ​ပေါ်၌ ဆင်း​သက်​တော်​မူ၍၊ သင်​ကား၊ ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။


အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​က၊ အ​ကြင်​သူ၏​အ​ပေါ်၌ ဝိ​ညာဉ်​တော်​ဆင်း​သက်၍ နား​တော်​မူ​သည်​ကို သင်​သည်​မြင်​လျှင်၊ ထို​သူ​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ။-


ထို​အ​ကြောင်း​အ​ရာ​ကို တ​ပည့်​တော်​တို့​သည် အ​စ​အ​ဦး၌​နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို ရည်​မှတ်၍ ထို​သို့​ရေး​ထား​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား ထို​သို့​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ ဘုန်း​ပွင့်​တော်​မူ​သည်​နောက် သ​တိ​ရ၍ မှတ်​မိ​ကြ၏။


ခ​မည်း​တော်​သည် သ​မ္မာ​တ​ရား​ကို​ပြ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော တစ်​ပါး​သော​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ကို သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​တည်​နေ​စေ​ခြင်း​ငှာ သင်​တို့​အား​ပေး​တော်​မူ​မည်။-


ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​တွင် ဤ​စ​ကား​ကို​ပြော​ခဲ့​ပြီ။-


ခ​မည်း​တော်​ထံ​မှ​ထွက်​လာ၍ သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ခ​မည်း​တော်​ထံ​မှ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​လ​တ္တံ့​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​သော​အ​ခါ၊ ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​လိမ့်​မည်။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။-


ထို​ကြောင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက် ထို​စ​ကား​တော်​ကို တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ​သ​ဖြင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ ယေ​ရှု၏ နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ယုံ​ကြ၏။


ထို​သူ​တို့​အ​ပေါ်၌ မှုတ်​လျက်၊ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​လော့။-


အ​နာ​ဂ​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင် ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်​ကြ​လိမ့်​မည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ခ​မည်း​တော်​ထံ၌​နား​ထောင်၍ နည်း​ခံ​သော​သူ​မှန်​သ​မျှ​တို့​သည် ငါ့​ထံ​သို့ လာ​ကြ၏။-


ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ