Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 14:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​တွင် စားသောက်ခြင်း​သည် အရေးမကြီးပေ။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့​သာ အရေးကြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဘု ရား သ ခင်၏ နိုင် ငံ တော် သည် စား ခြင်း၊ သောက် ခြင်း၌ မ တည်။ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ရ သော ဖြောင့် မတ် ခြင်း၊ ငြိမ် သက် ခြင်း၊ ရွှင် လန်း ခြင်း များ၌ တည်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စား​ခြင်း၊ သောက်​ခြင်း​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ခံစား​ရ​သော ငြိမ်သက်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 14:17
38 ပူးပေါင်းရင်းမြစ်များ  

“ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။


ဘုရားသခင်​၏ နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​ကို ဦး​စွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့​လိုအပ်သော အရာ​အားလုံး​ကို ပေးတော်မူ​လိမ့်မည်။


ယေရှု​အနီး​တွင် ထိုင်နေသူ​တစ်ဦး​က ထို​စကားတော်​ကို ကြား​သောအခါ “ဘုရားသခင်​၏​နိုင်ငံတော်​ထဲ​၌ စားသောက်ခွင့်​ရမည့်သူ​သည် မင်္ဂလာရှိ၏” ဟု လျှောက်လေ၏။


ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ အသစ်တစ်ဖန်​မွေးဖွားခြင်း မခံရသောသူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။


ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ရေ​ဖြင့်​လည်းကောင်း၊ ဝိညာဉ်တော်​ဖြင့်​လည်းကောင်း အသစ်တစ်ဖန်​မွေးဖွားခြင်း မခံရသောသူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ မဝင်နိုင်။


တပည့်တော်များ​သည်လည်း ဝမ်းမြောက်​၍ သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ပြည့်ဝ​လျက်​ရှိကြ၏။


ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​၌ အသင်းတော်​သည် ငြိမ်းချမ်း​၍ တည်တံ့ခိုင်မြဲ​လာ၏။ သခင်ဘုရား​ကို ကြောက်ရွံ့ခြင်း​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​နှစ်သိမ့်အားပေးခြင်း​တို့​ဖြင့် ရှင်သန်​၍ အသင်းသား​အရေအတွက်​သည်လည်း တိုးပွားလာ၏။


ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။


လူ့​ဗီဇစိတ်​နှင့်​ဆိုင်သော အရာတို့​ကို စွဲလမ်းသောသူ​သည် အသက်​ဆုံးရ​လိမ့်မည်။ ဝိညာဉ်တော်​နှင့်ဆိုင်သော အရာတို့​ကို စွဲလမ်းသောသူ​သည် အသက်ရှင်​၍ ငြိမ်းချမ်းမှု​ကို ရ​လိမ့်မည်။


သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ နိုင်ငံတော်​သည် စကား​၌ မတည်ဘဲ တန်ခိုး​၌ တည်​သောကြောင့်​ဖြစ်၏။


မတရားပြုသော​သူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေ​မခံရကြောင်း သင်တို့​မသိကြသလော။ ယူဆမှု​မလွဲကြနှင့်။ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ရုပ်တု​ကိုးကွယ်သူများ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူများ၊ ယောက်ျားချင်း​ဆက်ဆံသူများ၊


သို့သော် အစားအစာ​ဖြင့် ဘုရားသခင်​၏ နှစ်သက်​လက်ခံမှု​ကို ရသည်​မဟုတ်ပေ။ ကျွန်ုပ်တို့​မစားဘဲ​နေလျှင် လည်း အရှုံး​မရှိပါ။ စား​လျှင်လည်း အမြတ်​မရှိပါ။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


သင်တို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​သောကြောင့် စိတ်ခွန်အား​ရရှိကြ၏။ ချစ်ခြင်း​မေတ္တာတော်​ဖြင့် နှစ်သိမ့်ခံရကြ၏။ ဝိညာဉ်တော်​နှင့် မိတ်သဟာယဖွဲ့ခွင့်​ရကြ၏။ ခရစ်တော်​၏ အကြင်နာ​နှင့် ကရုဏာတို့​ကို ခံစားကြရ၏။ သို့ဖြစ်၍


ထို​သူတို့​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူထား​သောကြောင့် မိမိတို့​ကိုယ်ကိုယ် ဘုရားသခင်​၏ လူများ​ဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့​သာလျှင် ဘုရားသခင်​၏ စစ်မှန်သော​လူများ​ဖြစ်ကြ၏။ ကျွန်ုပ်တို့​သည် ဝိညာဉ်တော်​၏ အကူအညီ​ဖြင့် ဘုရားသခင်​ကို ကိုးကွယ်​၍ လူ့​အားထုတ်မှု​အပေါ် အားမကိုးဘဲ ယေရှု​ခရစ်တော် ပြုပေးသော အမှု​အပေါ် အားကိုးကြ၏။


ခရစ်တော်​နှင့် တပေါင်းတစည်းတည်း အသက်ရှင်​ရန် ဖြစ်၏။ ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ရရှိသော ကျွန်ုပ်​၏ ဖြောင့်မတ်ခြင်း​ကို အားမကိုးတော့ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း​ကိုသာ အားကိုး၏။ ထို​ဖြောင့်မတ်ခြင်း​သည် ဘုရားသခင်​သတ်မှတ်တော်မူသော​အရာ ဖြစ်ပြီး ယုံကြည်ခြင်း​ကို အခြေခံ​၍ ရရှိသော​ဖြောင့်မတ်ခြင်း ဖြစ်၏။


သင်တို့​အတွက် သခင်ဘုရား ပြုတော်မူသော​အမှု​ကြောင့် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ ကျွန်ုပ် ထပ်မံ​၍ ပြောမည်။ ဝမ်းမြောက်ကြလော့။


ထိုသို့​ပြုလျှင် လူတို့​နားလည်နိုင်စွမ်း​ထက် ကျော်လွန်သော ဘုရားသခင်​၏ ငြိမ်းချမ်းခြင်း​က သင်တို့​သည် ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သောကြောင့် သင်တို့​၏ စိတ်နှလုံး​နှင့် အကြံအစည်တို့​ကို ကာကွယ်​စောင့်ရှောက်တော်မူ​လိမ့်မည်။


ထို့ပြင် သင်တို့​သည် ကိုယ်တော်​၏ ဘုန်းတန်ခိုးတော်​နှင့်အညီ တန်ခိုးတော်​အပေါင်းတို့​ဖြင့် ခွန်အား​ဖြည့်ခံရ​သဖြင့် ဝမ်းမြောက်သော​စိတ်​ဖြင့် အလွန်​စိတ်ရှည်​စွာ အရာရာ​ကို သည်းခံနိုင်​ရန် ကျွန်ုပ်တို့​ဆုတောင်းပေးကြ၏။


သင်တို့​သည် သခင်ဘုရား​နှင့် ကျွန်ုပ်တို့​ကို အတုယူ​သူများ​ဖြစ်ကြ၏။ သင်တို့​သည် ပြင်းထန်သော ဆင်းရဲဒုက္ခ​ကြုံရ​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​ပေးသည့် ဝမ်းမြောက်ခြင်း​ဖြင့် သတင်းကောင်း​ကို လက်ခံခဲ့ကြ၏။


မိမိ​နိုင်ငံတော်​နှင့် ဘုန်းတော်​အတွက် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​၏​လူ​ဖြစ်သည့်​အလျောက် ဘုရားသခင်​၏​လူ​ပီသ​စွာ ပြုမူနေထိုင်​ရန် အားပေး​နှစ်သိမ့်​၍ တိုက်တွန်း​နှိုးဆော်ကြ၏။


ထူးဆန်းသည့် အယူဝါဒ​အမျိုးမျိုး ဆွဲဆောင်ရာ နောက်​သို့ မလိုက်ကြနှင့်။ စိတ်နှလုံး​ကို ခိုင်ခံ့မြဲမြံ​စေရာ​တွင် အစားအစာ​အားဖြင့် မဟုတ်ဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​အားဖြင့် ခိုင်ခံ့မြဲမြံစေ​လျှင် အကျိုး​ရှိ၏။ အစားအစာ​နှင့် ပတ်သက်သော​ပညတ်များ​ကို လိုက်နာသော​သူတို့​မှာမူ မည်သည့်​အကျိုး​ကို​မျှ မရရှိ။


သင်တို့​သည် ကိုယ်တော်​ကို မမြင်ဖူး​သော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်​ကို မတွေ့ရသေး​သော်လည်း ယုံကြည်ကြ၏။ သင်တို့​တွင် ဘုန်းအသရေ​နှင့်​ပြည့်စုံသည့် ပြောမပြ​နိုင်လောက်သော ဝမ်းမြောက်ခြင်း​ရှိ၏။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ အစေခံ​နှင့် တမန်တော် ရှိမုန်​ပေတရု​ဖြစ်၏။ ကျွန်ုပ်တို့​၏ ဘုရားသခင်​နှင့် ကယ်တင်ရှင်​ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​အားဖြင့် ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကဲ့သို့ တန်ဖိုး​ရှိသည့် ယုံကြည်ခြင်း​ကို လက်ခံရရှိသော​သူတို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ