Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 3:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ထို့ကြောင့် သန့်ရှင်းသော​ဝိညာဉ်တော်​မိန့်တော်မူသည်​မှာ “ယနေ့ သင်တို့​သည် ကိုယ်တော်​၏​အသံ​ကို ကြား​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သို့​ဖြစ်​၍​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။ ``ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ယ​နေ့​ကြား လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို ကြောင့် သန့် ရှင်း သော ဝိ ညာဉ် တော် ဆင့် ဆို တော် မူ သည့် အ တိုင်း ယ နေ့ ဗျာ ဒိတ် တော် သံ ကို ကြား ရ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​ကြောင့်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် မိန့်​တော်​မူ​သည်​ကား၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထို့ကြောင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 3:7
27 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ လျှောက်​နေစဉ် တောက်ပသော​မိုးတိမ်​သည် သူတို့​အပေါ်သို့ လွှမ်းမိုး​၍ မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​နှစ်သက်မြတ်နိုးသည့် ငါ​၏ ချစ်သား​ဖြစ်၏။ သူ​၏​စကား​ကို နားထောင်ကြလော့” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


ယေရှု​က “ထိုသို့​ဖြစ်လျှင် ဒါဝိဒ်မင်း​သည် ဝိညာဉ်တော်​၏​လှုံ့ဆော်မှု​ဖြင့် ခရစ်တော်​ကို အဘယ်ကြောင့် သခင်​ဟု ခေါ်သနည်း။ ဒါဝိဒ်မင်း​က


ဒါဝိဒ်မင်း​ကိုယ်တိုင် သန့်ရှင်းသော​ဝိညာဉ်တော်​၏​လှုံ့ဆော်မှု​အားဖြင့် ပြောသော​စကား​မှာ ‘ထာဝရဘုရား​သည် ကျွန်ုပ်​၏ သခင်​ကို “ငါ​၏ လက်ယာဘက်​၌ ထိုင်လော့။ ငါ့​သည် သင်​၏​ရန်သူတို့​ကို သင်​၏​ခြေဖဝါး​အောက်​၌ ချထား​လိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။


ဤ​သိုးခြံ​မှ မဟုတ်သော အခြား​သိုးတို့​ကိုလည်း ငါ​ပိုင်သေး၏။ ထို​သိုးတို့​ကိုလည်း ငါ​ခေါ်ဆောင်လာ​ရမည်။ ထို​သိုးတို့​သည် ငါ့​စကားသံ​ကို နားထောင်ကြ​လိမ့်မည်။ သို့ဖြစ်၍ သိုး​တစ်အုပ်တည်း​နှင့် သိုးထိန်း​တစ်ပါးတည်း ဖြစ်လာ​လိမ့်မည်။


ငါ့​သိုးတို့​သည် ငါ့​စကားသံ​ကို နားထောင်​၍ ငါ့​နောက်သို့ လိုက်ကြ၏။ ထို​သိုးတို့​ကိုလည်း ငါ​သိ၏။


တံခါးစောင့်​သည် ထို​သူ​ကို တံခါး​ဖွင့်ပေးတတ်၏။ သိုးတို့​သည်လည်း သူ​၏ အသံ​ကို မှတ်မိ​၍ သူ့​ထံသို့ လာကြ၏။ သူ​သည် မိမိ​သိုးတို့​ကို နာမည်​ဖြင့်​ခေါ်​၍ ထုတ်ဆောင်သွားတတ်၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ သေသော​သူတို့​သည် ဘုရားသခင်​၏ သားတော်​အသံ​ကို ကြားသည့်​အချိန် ကျရောက်လာ​လိမ့်မည်။ စင်စစ် ထို​အချိန်​သည် ယခု​ပင် ရောက်​လျက်​ရှိ၏။ သားတော်​၏ အသံ​ကို ကြားသော​သူတို့​သည် အသက်ရှင်​လိမ့်မည်။


“ညီအစ်ကို​မောင်နှမတို့… ယေရှု​ကို ဖမ်းဆီးသော​သူတို့​အား ဦးဆောင်လာသည့် ယုဒ​အကြောင်း​နှင့်​ပတ်သက်​၍ သန့်ရှင်းသော​ဝိညာဉ်တော်​က ဒါဝိဒ်မင်းကြီး​၏​နှုတ်​အားဖြင့် ကြိုတင်​ဟောပြောသော ကျမ်းချက်​သည် ဖြစ်လာ​ရမည်။


ထို့ကြောင့် သူတို့​သည် အချင်းချင်း​သဘောထား​ကွဲလွဲကြ၏။ ထို့နောက် ထို​သူတို့​ထွက်သွားကြမည်​ပြု​စဉ် ပေါလု​က “ပရောဖက်​ဟေရှာယ​အားဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်​က သင်တို့​ဘိုးဘေးတို့​အား မှန်ကန်​စွာ​မိန့်တော်မူသည်​မှာ


ထိုအခါ သန့်ရှင်းသော​ဝိညာဉ်တော်​က ဖိလိပ္ပု​အား “ထို​မြင်းရထား​အနား ချဉ်းကပ်​၍​လိုက်လော့” ဟု မိန့်တော်မူ၏။


သန့်ရှင်းသော​ဝိညာဉ်တော်​ကလည်း ကျွန်ုပ်တို့​အား သက်သေခံသည်​မှာ


သင်တို့​သည် အပြစ်​၏​လှည့်စားမှု​ကြောင့် ခေါင်းမာသူများ​မဖြစ်​ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်း​အားပေး​တိုက်တွန်းကြလော့။


ကျမ်းစာ​၌ “ယနေ့ ကိုယ်တော်​၏​အသံ​ကို​ကြားလျှင် သင်တို့​၏ ဘိုးဘေးများ ပုန်ကန်​စဉ်က ခေါင်းမာ​သကဲ့သို့ သင်တို့​သည် ခေါင်းမမာကြနှင့်” ဟု ဖော်ပြထား၏။


ထို့ကြောင့် ဘုရားသခင်​သည် စံမြန်းနားခိုရာ​သို့ ဝင်ခွင့်ပေး​ရန်အတွက် နေ့တစ်နေ့​အား “ယနေ့” ဟု ပြန်လည်​သတ်မှတ်တော်မူခဲ့၏။ နှစ်ပေါင်းများ​စွာ ကြာ​ပြီးနောက် ကျမ်းစာ​၌ ဖော်ပြခဲ့​သည့် အတိုင်း ဘုရားသခင်​သည် ဒါဝိဒ်မင်း​မှတစ်ဆင့် မိန့်တော်မူသည်​မှာ “ယနေ့ ကိုယ်တော်​၏​အသံ​ကို​ကြားလျှင် သင်တို့​သည် ခေါင်းမမာကြနှင့်” ဟူ၍​ဖြစ်၏။


ဤ​စည်းမျဉ်း​အရ တဲတော်​၏ ပထမ​အခန်း တည်ရှိနေ​သရွေ့ အသန့်ရှင်းဆုံး​ဌာနတော်​ဖြစ်သည့် ဒုတိယ​အခန်း​သို့ ဝင်သည့်​လမ်း မပွင့်သေးကြောင်း​ကို သန့်ရှင်းသော​ဝိညာဉ်တော်​က ဖော်ပြတော်မူ၏။


အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြု​ဟောပြောချက်​သည် မည်သည့်​အခါ​မျှ လူ့​အလို​အရ ဖြစ်ပေါ်လာသည်​မဟုတ်ဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​၏ နှိုးဆော်ခြင်း​ကို ခံရသော​သူတို့​သည် ဘုရားသခင်​ထံမှ လာသော​စကား​ကို ဟောပြော​သောကြောင့်​ဖြစ်၏။


ကြည့်ရှုလော့။ ငါ​သည် တံခါး​ရှေ့မှာ ရပ်​၍ ခေါက်​လျက်​နေ၏။ တစ်စုံတစ်ဦး​သည် ငါ့​အသံ​ကို ကြား​၍​တံခါး​ဖွင့်​လျှင် ငါ​ဝင်​၍ သူ​နှင့်အတူ​စားသောက်မည်။ သူ​သည်လည်း ငါ​နှင့်အတူ စားသောက်ရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ