Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 သို့သော် ကိုယ်တော်​သည် မိမိ​ဝိညာဉ်တော်​ကို သင်တို့​အပေါ် သွန်းလောင်းတော်မူပြီ။ ထို​ဝိညာဉ်တော်​သည် သင်တို့​ထဲ၌ ကိန်းအောင်း​၍ သင်တို့​အား အရာ​အားလုံး​ကို သွန်သင်ပေးတော်မူ​သဖြင့် မည်သူ​မျှ သင်တို့​ကို သွန်သင်ပေး​ရန် မလိုအပ်ပါ။ ဝိညာဉ်တော်​သွန်သင်ပေးတော်မူသော​အရာတို့​သည် မှန်ကန်​၍ အမှား​မရှိ။ ထို့ကြောင့် သင်တို့​သည် ထို​သွန်သင်မှု​အတိုင်း ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 သင်​တို့​မူ​ကား​ခ​ရစ်​တော်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို​သင်​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ ပြီ။ ဝိ​ညာဉ်​တော်​သည်​သင်​တို့​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​လျက်​နေ​တော်​မူ​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​အား​အ​ခြား​အ​ဘယ်​အ​ရာ​မျှ သွန်​သင်​ပေး​စ​ရာ​မ​လို။ အ​ဘယ်​ကြောင့်​ဆို သော်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို​သွန်​သင်​ပေး တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သွန်​သင် တော်​မူ​သော​အ​ရာ​တို့​သည်​မှန်​ကန်​၍​အ​မှား မ​ရှိ။ ထို့​ကြောင့်​သင်​တို့​သည်​ဝိ​ညာဉ်​တော်​သွန် သင်​သည့်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ကြ​လော့။ ခရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 သင် တို့၌ ကိုယ် တော့် ထံ မှ ခံ ရ သော ဘိ သိက် တော် တည် ရှိ သ ဖြင့် မည် သူ သွန် သင် ရန် မျှ မ လို။ မု သာ ကင်း၍ ဟုတ် မှန် သော ဘိ သိက် တော် သည် အ ရာ ရာ ကို သွန် သင် သည့် ပြင် သွန် သင် တော် မူ ခဲ့ သည့် အ တိုင်း သင် တို့ တည် နေ ကြ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 သို့​သော်​လည်း သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ သင်​တို့​ခံ​ရ​သော ဘိ​သိက်​ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ သင်​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စ​ရာ အ​ကြောင်း​မ​ရှိ။ ထို​ဘိ​သိက် ကျေး​ဇူး​တော်​သည် ဖြစ်​ယောင်​ဆောင်​သည် မ​ဟုတ်၊ အ​မှန်​ဖြစ်​လျက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့​အား သွန်​သင်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် သား​တော်၌ တည်​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သင်​တို့​မူကား ကိုယ်တော်​ထံမှ​ခံစား​ရ​သော​ဘိသိက်​ကျေးဇူး​သည် သင်​တို့​၌​တည်ရှိ​သည်​ဖြစ်၍ မည်သူ​က​မျှ သင်​တို့​ကို​သင်ပေး​ရန် မ​လိုအပ်​ပေ။ ထို​ဘိသိက်​ကျေးဇူး​သည် မှန်ကန်​၍ လိမ်လည်​ခြင်း​ကင်း​လျက် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား သင်ပေး​တော်မူ​သည်​ဖြစ်၍ သင်​တို့​အား သင်ပေး​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၌​တည်​နေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:27
28 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​က “သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာများ​ကို သိခွင့်​ရကြ​သော်လည်း အခြားသူများ​မှာ သိခွင့်​မရကြ။


ငါ​သည် ခမည်းတော်​ထံ တောင်းလျှောက်​သဖြင့် ခမည်းတော်​သည် သင်တို့​အား ကူညီမစ​မည့် အခြား​အရှင်​တစ်ပါး​ကို စေလွှတ်တော်မူ​လိမ့်မည်။ ထို​အရှင်​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ ရှိ​လိမ့်မည်။


ထို​အရှင်​သည် သမ္မာတရား​ကို ဖော်ပြသည့်​သန့်ရှင်းသော​ဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့​သည် ထို​ဝိညာဉ်တော်​ကို မြင်​လည်း​မမြင်၊ သိ​လည်း​မသိ​သောကြောင့် မခံယူနိုင်ကြ။ ထို​ဝိညာဉ်တော်​သည် သင်တို့​နှင့်အတူ တည်နေသည်​သာမက သင်​တို့​အထဲ​၌ ရှိနေမည်​ဖြစ်​သောကြောင့် ထို​အရှင်​ကို သင်တို့​သိကြ၏။


သို့ရာတွင် ခမည်းတော်​သည် ငါ့​ကိုယ်စား ကူညီမစတော်မူသော​အရှင်​ဖြစ်သည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို စေလွှတ်တော်မူ​သောအခါ ထို​အရှင်​သည် သင်တို့​အား အရာ​အားလုံး သွန်သင်​၍ ငါ​ပြောခဲ့သမျှ​ကို ပြန်လည်​သတိရစေတော်မူ​လိမ့်မည်။


သမ္မာတရား​ကို ဖော်ပြသည့်​ဝိညာဉ်တော် ကြွလာတော်မူ​သောအခါ သင်တို့​အား သမ္မာတရား​အလုံးစုံ​ကို သွန်သင်​ပြသတော်မူ​လိမ့်မည်။ ထို​ဝိညာဉ်တော်​သည် မိမိ​အလိုအလျောက် ဟောပြောတော်မူမည်​မဟုတ်။ မိမိ​ကြားသိ​ရသည့် အကြောင်းအရာတို့​ကို သင်တို့​အား ဟောပြောတော်မူ​လိမ့်မည်။ အနာဂတ်​တွင် ဖြစ်ပျက်မည့်​အရာများ​ကိုလည်း ဖော်ပြတော်မူ​လိမ့်မည်။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ပရောဖက်ကျမ်းများ​တွင် ‘ထို​သူ​အားလုံးတို့​သည် ဘုရားသခင်​၏ သွန်သင်တော်မူခြင်း​ကို ခံရကြ​လိမ့်မည်’ ဟု ရေးသားထားသည်​နှင့်အညီ ခမည်းတော် မိန့်တော်မူသော​စကား​ကို ကြား​၍ ခံယူသောသူ​ရှိသမျှတို့​သည် ငါ့​ထံသို့ လာကြ၏။


ကျွန်ုပ်တို့​သည် ဤ​လောက​၏​ဝိညာဉ်​ကို ရရှိကြသည်​မဟုတ်။ ဘုရားသခင်​ရက်ရော​စွာ​ပေးတော်မူသော​အရာ​ကို သိမြင်​နိုင်ရန်​အတွက် ဘုရားသခင်​ထံမှ​လာသော ဝိညာဉ်တော်​ကို ရရှိကြ၏။


သို့ဖြစ်၍ ဤ​အရာများ​ကို ပြောဆို​ရာတွင် ကျွန်ုပ်တို့​သည် လူ့​ဉာဏ်ပညာ​က သင်ကြားပေးသော​စကားများ​ဖြင့် မပြောဆို။ ဝိညာဉ်တော်​က သင်ကြားပေးသော စကားများ​ဖြင့်သာ ပြောဆိုကြ​၍ ဝိညာဉ်ရေးရာ​အမှန်တရားများ​ကို ဝိညာဉ်ရေးရာ​စကားလုံးများ​ဖြင့် ရှင်းလင်း​ဖော်ပြကြ၏။


စင်စစ် ကျွန်ုပ်တို့​နှင့် သင်တို့​ကို ခရစ်တော်​၌ မြဲမြံ​စွာ ရပ်တည်​စေ​၍ ဘိသိက်​ပေးတော်မူသော​အရှင်​သည် ဘုရားသခင်​ဖြစ်တော်မူ၏။


ယေရှု​၌ သမ္မာတရား ရှိသည့်​အတိုင်း သင်တို့​သည် ခရစ်တော်​အကြောင်း​ကို အမှန်​ပင် ကြားသိရပြီး ကိုယ်တော်​၏ အကြောင်း​ကို သင်ယူခဲ့ပြီ ဖြစ်၏။


ထို့ကြောင့် သင်တို့​သည် ယေရှု​ခရစ်တော်​ကို သခင်​အဖြစ် လက်ခံကြသည့်​အားလျော်စွာ ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ဖြစ်သော​သူများ​အနေဖြင့် ဆက်လက် ပြုမူ​နေထိုင်ကြလော့။


သင်တို့​သည် ကျွန်ုပ်တို့​ထံမှ ကြားနာသော ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို လူ့​စကား​အဖြစ် မဟုတ်ဘဲ ဘုရားသခင်​၏ နှုတ်ကပတ်တော်​အဖြစ် လက်ခံ​သောကြောင့် ဘုရားသခင်​ကို ကျွန်ုပ်တို့ အစဉ်အမြဲ​ကျေးဇူးတင်ကြ၏။ ထို​နှုတ်ကပတ်တော်​သည် အမှန်​ပင်လည်း ဘုရားသခင်​၏ နှုတ်ကပတ်တော်​ဖြစ်​၍ ခရစ်တော်​ကို ယုံကြည်သော​သင်တို့​အထဲ​တွင် သက်ဝင်​လှုပ်ရှားတော်မူ၏။


အချင်းချင်း ချစ်ကြ​ရန် သင်တို့​ကို ဘုရားသခင်​ကိုယ်တိုင် သွန်သင်တော်မူခဲ့​သောကြောင့် ယခု​တွင် သင်တို့​အချင်းချင်း ချစ်ကြရမည့်​အကြောင်း​ကို သင်တို့​ထံ စာရေး​ရန် မလိုပေ။


ထို့ကြောင့် လူမျိုးခြားတို့​ကို ယုံကြည်ခြင်း​နှင့် သမ္မာတရား​အကြောင်း သင်ကြား​ရန် ကျွန်ုပ်​သည် တရားဟောဆရာ​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်​သည် မလိမ်ညာဘဲ အမှန်​အတိုင်း​သာ ပြောဆိုခြင်း​ဖြစ်၏။


သင်တို့​သည် ပျက်စီးတတ်သော​မျိုးစေ့​အားဖြင့်​မဟုတ်ဘဲ မပျက်စီးနိုင်သော​မျိုးစေ့​ဖြစ်သည့် အသက်ရှင်​၍ ထာဝရ​တည်မြဲသော ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွားလာကြ၏။


သားသမီးတို့… ကိုယ်တော်​ကြွလာတော်မူ​သောအခါ ကျွန်ုပ်တို့​သည် ရှေ့တော်​၌ ရှက်ကြောက်​နေစရာ​မလိုဘဲ စိတ်ချ​ယုံကြည်မှု​ရှိ​နိုင်ရန်​အတွက် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။


ဘုရားသခင်​၏​ပညတ်တော်တို့​ကို လိုက်နာသောသူတို့​သည် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၍ ကိုယ်တော်​သည်လည်း သူတို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူကြောင်း​ကို ကျွန်ုပ်တို့​အတွက် ပေးတော်မူသော​ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​သိကြ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​ထဲတွင် တည်နေ​၍ ကျွန်ုပ်တို့​နှင့် အစဉ်မပြတ်​ရှိနေမည့် သမ္မာတရား​ကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ