Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 1:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ကျွန်ုပ်​ဆုတောင်းသည်​က ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖ​ခမည်းတော်​သည် ဝိညာဉ်ရေးရာ​ဉာဏ်ပညာ​နှင့် ဗျာဒိတ်တော်​ကို သင်တို့​အား ပေးသနားတော်မူ​ရန် ဖြစ်၏။ သို့မှသာ သင်တို့​သည် ခမည်းတော်​အကြောင်း​ကို ပို​၍ သိကြမည် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကျွမ်း​ခြင်း အ​လို့​ငှာ​သင်​တို့​အား​ဉာဏ်​ပ​ညာ​ကို​ပေး​၍ ဘု​ရား​သ​ခင်​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည့် ဝိ​ညာဉ်​တော်​ကို​သင်​တို့​ရ​ရှိ​ကြ​စေ​ရန် ငါ တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဘု​ရား​သ​ခင်၊ ဘုန်း​ကြီး​သော​အ​ဖ​ခ​မည်း​တော်​ထံ​ငါ လျှောက်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17-19 ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ဘု ရား သ ခင်၊ ဘုန်း ကြီး တော် မူ သော အ ဘ ခ မည်း တော် သည် ခေါ် ထား တော် မူ ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း၊ သီး သန့် ထား တော် မူ သူ တို့ ခံ စား ရ သော ပိုင် စု ဆိုင် ရာ ဘုန်း အ သ ရေ ကြွယ် ဝ ခြင်း၊ ယုံ ကြည် သူ ငါ တို့ အ ပေါ်၌ တည် သော တန် ခိုး တော့် ဆိုင် ရာ ကြီး မြတ် လွန် ကဲ ခြင်း များ ကို သိ မြင် ကြ စေ ရန် မ နော စ က္ခု ပွင့် လင်း စေ လျက် ကိုယ် တော် ကို သိ ကျွမ်း ရာ၌ ဗျာ ဒိတ် တော် နှင့် ဉာဏ် ပ ညာ သ ဘော ကို ပေး သ နား တော် မူ ပါ မည့် အ ကြောင်း ပ ဌ နာ ပြု ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ဘုန်း​ကြီး​သော အ​ဘ​ခ​မည်း​တော်​သည် ကိုယ်​တော်​မြတ်​ကို သိ​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​လည်း​ကောင်း၊ ထိုး​ထွင်း​သော​ဉာဏ်​ကို​လည်း​ကောင်း၊ သင်​တို့​အား ပေး​ပါ​မည်​အ​ကြောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သည့်​ခမည်းတော်​သည် မိမိ​ကို​သိရှိ​စေရန် ဉာဏ်ပညာ​နှင့်​ဗျာဒိတ်​တော်​ဆိုင်ရာ​ဝိညာဉ်​ကို သင်​တို့​အား ပေး​တော်မူ​မည့်​အကြောင်း​နှင့်

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 1:17
56 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​၌ ယေရှု​က “ကောင်းကင်​နှင့် မြေကြီး​၏​အရှင်​သခင် ဖြစ်တော်မူသော​အဖ… လောကီ​ပညာရှင်များ​နှင့် ဉာဏ်ပညာ​ထက်မြက်သူများ​အား ဤ​အရာများ​ကို ဝှက်ထားတော်မူ​၍ ကလေးငယ်တို့​အား ဖော်ပြတော်မူ​သောကြောင့် ကျေးဇူးတင်ပါ၏။


ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ။


ယေရှု​က “ယောန​၏​သား​ရှိမုန်… သင်​သည်​မင်္ဂလာရှိ၏။ သင်သည် ဤ​အရာ​ကို လူ့​အနေဖြင့်​သိသည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ​၏ ခမည်းတော်​က ဖော်ပြတော်မူ​၍ သိခြင်း​ဖြစ်၏။


သူတို့​က “သခင်… အကျွန်ုပ်တို့​၏ မျက်စိ​ကို မြင်စေတော်မူပါ” ဟု လျှောက်ကြ၏။


ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​ပြောသင့်သည့်​အရာများ​ကို ထို​အချိန်​၌ပင် သွန်သင်တော်မူ​လိမ့်မည်” ဟူ၍ မိန့်တော်မူ၏။


“အမြင့်ဆုံးသော​ကောင်းကင်ဘုံ​၌ ရှိတော်မူသော​ဘုရားသခင်​သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီး​ပေါ်​၌ ဘုရားသခင်​နှစ်သက်တော်မူသော သူတို့​အပေါ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ” ဟု ဆိုကြ၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ရန်သူ​အပေါင်းတို့​က သင်တို့​ကို ဆန့်ကျင်​ငြင်းဆို​၍ မရ​နိုင်အောင် ပြောဆိုရမည့်​စကား​နှင့် ဉာဏ်ပညာ​ကို သင်တို့​အား ငါ​ပေးမည်​ဖြစ်သောကြောင့်​ပင်။


ထို​အရှင်​သည် သမ္မာတရား​ကို ဖော်ပြသည့်​သန့်ရှင်းသော​ဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့​သည် ထို​ဝိညာဉ်တော်​ကို မြင်​လည်း​မမြင်၊ သိ​လည်း​မသိ​သောကြောင့် မခံယူနိုင်ကြ။ ထို​ဝိညာဉ်တော်​သည် သင်တို့​နှင့်အတူ တည်နေသည်​သာမက သင်​တို့​အထဲ​၌ ရှိနေမည်​ဖြစ်​သောကြောင့် ထို​အရှင်​ကို သင်တို့​သိကြ၏။


သို့ရာတွင် ခမည်းတော်​သည် ငါ့​ကိုယ်စား ကူညီမစတော်မူသော​အရှင်​ဖြစ်သည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို စေလွှတ်တော်မူ​သောအခါ ထို​အရှင်​သည် သင်တို့​အား အရာ​အားလုံး သွန်သင်​၍ ငါ​ပြောခဲ့သမျှ​ကို ပြန်လည်​သတိရစေတော်မူ​လိမ့်မည်။


ဤသို့​ပြုကြခြင်း​မှာ သူတို့​သည် ခမည်းတော်​ကို​လည်းကောင်း၊ ငါ့​ကို​လည်းကောင်း မသိကြ​သောကြောင့် ဖြစ်၏။


ထာဝရ​အသက်​ဟူသည်​မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်​ဘုရား​ဖြစ်တော်မူသော ကိုယ်တော်​ကို သိကျွမ်းခြင်း​နှင့် ဤ​လောက​သို့ ကိုယ်တော်​စေလွှတ်တော်မူသော ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​ပင်​ဖြစ်ပါ၏။


ယေရှု​က “ငါ​သည် ခမည်းတော်​ထံသို့ မတက်ရသေး​သဖြင့် ငါ့​ကို မထိနှင့်ဦး။ ငါ့​တပည့်တို့​ထံ သွား​၍ ‘ငါ့​အဖ​ဟူသော သင်တို့​၏​အဖ၊ ငါ့​ဘုရားသခင်​ဟူသော သင်တို့​၏ ဘုရားသခင်​ထံသို့ ငါ​တက်သွား​ရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။


သို့ရာတွင် ဘုရားသခင်​၏​ဉာဏ်ပညာတော်​နှင့် ဝိညာဉ်တော်​အားဖြင့် ဟောပြောသော​သတေဖန်​ကို သူတို့​သည် မချေပနိုင်ကြ။


သတေဖန်​က “ညီအစ်ကိုတို့​နှင့် ဖခင်တို့… နားထောင်ကြလော့။ ကျွန်ုပ်တို့​၏​အဖ အာဗြဟံ​သည် ခါရန်မြို့​တွင် မနေထိုင်​မီ မက်ဆိုပိုတေးမီးယားပြည်​၌​ရှိ​စဉ် ဘုန်းကြီးသော​ဘုရားသခင်​သည် သူ့​ထံ ပေါ်လာတော်မူ​၍


ထို့ပြင် ဘုရားသခင်​ကို အသိအမှတ်​ပြုခြင်း​သည် မိုက်မဲသည်​ဟု သူတို့​ထင်မှတ်​သောကြောင့် ဘုရားသခင်​သည် သူတို့​ကို ပညာမဲ့​စွာ​တွေးခေါ်ခြင်း​လက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့​သည် မပြုအပ်သော​အမှုတို့​ကို ပြုကြ၏။


သို့မှသာ သင်တို့​အားလုံး​သည် ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ခမည်းတော်​ဘုရားသခင်​ကို တစ်သံတည်း​ဖြင့် ညီညွတ်​စွာ ချီးမွမ်း​ဂုဏ်ပြု​နိုင်မည် ဖြစ်၏။


ဝိညာဉ်တော်​သည် လူတစ်ယောက်​အား ဉာဏ်ပညာ​စကား​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကပင် အခြားသူ​တစ်ယောက်​အား အသိပညာ​စကား​ကို ပေးတော်မူ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​၍ သင်တို့​နားမလည်သော အခြား​ဘာသာစကား​ဖြင့် ပြောဆို​သော်လည်း ဗျာဒိတ်တော်​ဖွင့်ပြခြင်း၊ အသိပညာ​မျှဝေခြင်း၊ ပရောဖက်ပြုခြင်း၊ သင်ကြားခြင်းတို့​ဖြင့် မပြောဆို​လျှင် သင်တို့​အတွက် မည်သည့်​အကျိုး​ရှိမည်နည်း။


သို့သော် ဘုရားသခင်​သည် ဤ​အရာများ​ကို ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်​သည် အရာ​အားလုံး​ကို ဆန်းစစ်​၍ ဘုရားသခင်​၏ နက်နဲသော​လျှို့ဝှက်ချက်များ​ကိုပင် ကျွန်ုပ်တို့​အား ဖော်ပြပေးတော်မူ၏။


လောကီ​အစိုးရမင်းတို့​သည် ထို​ပညာ​ကို နားမလည်ကြ။ နားလည်ကြ​လျှင် ဘုန်းကြီးတော်မူသော သခင်​ကို လက်ဝါးကပ်တိုင်​တွင် သတ်ကြမည်​မဟုတ်ပေ။


ကြွားဝါခြင်း​သည် အကျိုး​မရှိသော်လည်း ကျွန်ုပ်​ဆက်​၍ ကြွားဝါ​ရမည်။ ယခု​တွင်မူ သခင်ဘုရား​ထံမှ ရူပါရုံ​နှင့် ဗျာဒိတ်တော်​အကြောင်း​ကို ပြောဦးမည်။


ကျွန်ုပ်တို့​ကို ခရစ်တော်​နှင့်​တပေါင်းတစည်းတည်း ဖြစ်စေခြင်း​အားဖြင့် ကောင်းကင်​အရပ်​ရှိ ဝိညာဉ်​ရေးရာ ကောင်းချီး​မင်္ဂလာများ​ကို ပေးသနားတော်မူသော ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ အဖ​ဘုရားသခင်​သည် မင်္ဂလာ​ရှိပါစေသော။


ဘုရားသခင်​သည် ထို​လျှို့ဝှက်​နက်နဲသော​အရာ​ကို ဝိညာဉ်တော်​မှတစ်ဆင့် မိမိ​၏ သန့်ရှင်းသော​တမန်တော်များ​နှင့် ပရောဖက်များ​ကို ယခု​အခါ​၌ ရှင်းလင်း​စွာ ဖွင့်ပြတော်မူ​သကဲ့သို့ ယခင်​ခေတ်ကာလ​၌ ဖော်ပြတော်မမူခဲ့ပေ။


ကျွန်ုပ်တို့​အားလုံး​သည် ယုံကြည်ခြင်း​နှင့် ဘုရားသခင်​၏ သားတော်​ကို သိကျွမ်းခြင်းတို့​၌ တညီတညွတ်တည်း ဖြစ်သည့်​တိုင်အောင်​လည်းကောင်း၊ ရင့်ကျက်သည့်​တိုင်အောင်​လည်းကောင်း၊ ခရစ်တော်​၏ ပြည့်စုံခြင်း​စံနှုန်း​ကို မီသည့်​တိုင်အောင်​လည်းကောင်း ဤ​တာဝန်​မှာ ဆက်လက်​ရှိနေမည် ဖြစ်၏။


ထို့ကြောင့် ဝိညာဉ်ရေးရာ​၌ ရင့်ကျက်သော ကျွန်ုပ်တို့​အားလုံး​သည် ဤ​စိတ်သဘောထား​မျိုး ရှိ​သင့်၏။ အကယ်၍ အချို့သော​အကြောင်းအရာများ​၌ မတူညီသော​စိတ်သဘောထား​ရှိလျှင် ဘုရားသခင်​သည် ရှင်းလင်း​ဖော်ပြတော်မူ​လိမ့်မည်။


ဆန့်ကျင်သူတို့​ကို နူးညံ့သိမ်မွေ့​စွာ ဆုံးမသွန်သင်​ရမည်။ ဘုရားသခင်​သည် သူတို့​အား သမ္မာတရား​ကို သိစေ​၍ နောင်တ​ရနိုင်သော​အခွင့်​ကို ပေးကောင်း​ပေးတော်မူ​လိမ့်မည်။


ဘုရားသခင်​၏ အစေအပါး​နှင့် ယေရှု​ခရစ်တော်​၏ တမန်တော်​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်၏။ ဘုရားသခင်​သည် မိမိ​ရွေးကောက်သော​သူတို့​၏ ယုံကြည်ခြင်း​ကို ခိုင်မာ​စေရန်​နှင့် သမ္မာတရား​ကို ထို​သူတို့​သိရှိ​နားလည်​နိုင်စေရန် ကျွန်ုပ်​ကို စေလွှတ်တော်မူ၏။ ဤ​နည်း​ဖြင့် သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်းသော​ဘဝ​ဖြင့် နေထိုင်​နိုင်ကြမည်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုန်းကြီးသော ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို ယုံကြည်သောသူများ​ဖြစ်သည်​နှင့်အညီ လူတို့​ကို မျက်နှာလိုက်​၍ မဆက်ဆံကြနှင့်။


အသက်ရှင်ခြင်း​နှင့် ဘုရားတရား​ကိုင်းရှိုင်းခြင်း​တို့​နှင့် ဆိုင်သည့် လိုအပ်သမျှ​အရာ​အားလုံး​ကို ကိုယ်တော်​သည် မိမိ​၏​ဘုရား​တန်ခိုးတော်​ဖြင့် ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​ကို ခံစား​စေရန် ကျွန်ုပ်တို့​အား ရွေးကောက်တော်မူသော​အရှင်​ကို သိခြင်း​အားဖြင့် ဤ​အရာ​အားလုံး​ကို ကျွန်ုပ်တို့​လက်ခံရရှိကြ၏။


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​၌​လည်းကောင်း၊ ကျေးဇူးတော်​၌​လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်​သည် ယခု​မှစ၍ ထာဝရ​ကာလ​ပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


သူတို့​က “အာမင်။ ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်​ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ အစွမ်းသတ္တိတို့​သည် ငါတို့​၏​ဘုရားသခင်​အပေါ် အစဉ်​ထာဝရ​တည်ရှိပါစေသော။ အာမင်” ဟု ဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ