တမန်တော်ဝတ္ထု 2:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။ အခန်းကိုကြည့်ပါ။Garrad Bible4 သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဝိ ညာဉ် တော် သွန် သင် သည့် အ တိုင်း၊ အ ခြား ဘာ သာ များ ဖြင့် ဟော ပြော ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။
ကျွန်ုပ်သည် သင်တို့ရှိသမျှအား အခြားဘာသာစကားကို ပြောတတ်စေလို၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းကို ပို၍ တတ်စေလို၏။ အဘယ်ကြောင့်ဆိုသော် အခြားဘာသာစကားကို ပြောဆိုရာတွင် အသင်းတော်အတွက် တည်ဆောက်စရာဖြစ်စေရန် အနက်ကို ပြန်နိုင်ရမည်ဖြစ်၏။ အနက်မပြန်နိုင်လျှင် အခြားဘာသာစကားကို ပြောဆိုခြင်းထက် ပရောဖက်ပြုဟောပြောခြင်းသည် ပို၍ မြတ်၏။
သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။