Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ထို့ကြောင့် သင်တို့​အား ကျွန်ုပ်​သိစေလိုသည်​မှာ မည်သူ​ကမျှ ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် ယေရှု​ကို ကျိန်မည်​မဟုတ်။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် မဟုတ်လျှင် မည်သူ​ကမျှ ယေရှု​သည် သခင်​ဖြစ်ကြောင်း ပြော​နိုင်မည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 အ​ဘယ်​သူ​မ​ဆို​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​ဦး​ဆောင်​မှု​ကို​ခံ​ယူ​ရ​ရှိ​လျှင် သ​ခင် ယေ​ရှု​အား​ကျိန်​စာ​မ​သင့်​စေ​နိုင်။ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို မ​ခံ​ယူ​မ​ရ​ရှိ​လျှင် ``ယေ​ရှု​သည်​အ​ရှင် သ​ခင်​ဖြစ်​ပါ​သည်'' ဟု​မည်​သူ​မျှ​ဝန်​မ​ခံ နိုင်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 သို့ ဖြစ်၍ ငါ သိ မြင် နား လည် စေ လို သည် မှာ ဘု ရား သ ခင်၏ ဝိ ညာဉ် တော် အား ဖြင့် ပြော ဆို သူ က ယေ ရှု သည် အ မင်္ဂ လာ ရှိ ကြောင်း မ ဆို တတ်။ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် မ ပြော ဆို သူ က ယေ ရှု သည် အ ရှင် ဖြစ် ကြောင်း ဝန် မ ခံ နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထို​ကြောင့် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့် ဟော​ပြော၍ အ​ဘယ်​သူ​မျှ ယေ​ရှု​ကို မ​ကျိန်​ဆဲ​နိုင်​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် သ​ခင်​ဘု​ရား ဖြစ်​တော်​မူ၏​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို အ​မှီ​မ​ပြု​လျှင်၊ အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် သိ​နား​လည်​စေ​ခြင်း​ငှာ ငါ​သ​တိ​ပေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို့ကြောင့် သင်​တို့​အား ငါ​သိ​စေ​လို​သည်​မှာ မည်သူ​က​မျှ ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် “ယေရှု​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ”​ဟု ပြောဆို​မည်​မ​ဟုတ်။ ထို့အတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​မ​ဟုတ်​လျှင် မည်သူ​က​မျှ “ယေရှု​သည် သခင်​ဖြစ်​တော်မူ​၏”​ဟူ၍ မ​ပြောဆို​နိုင်​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:3
19 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ထိုသို့​ဖြစ်လျှင် ဒါဝိဒ်မင်း​သည် ဝိညာဉ်တော်​၏​လှုံ့ဆော်မှု​ဖြင့် ခရစ်တော်​ကို အဘယ်ကြောင့် သခင်​ဟု ခေါ်သနည်း။ ဒါဝိဒ်မင်း​က


ယေရှု​က “ထို​သူ​ကို မတားကြနှင့်။ ငါ့​နာမ​ကို အမှီပြု​လျက် အံ့ဖွယ်တန်ခိုး​ကို ပြ​ပြီးနောက် မကြာမီ​အတွင်း ငါ့​ကို ပုတ်ခတ်​ပြောဆိုမည့်သူ တစ်ယောက်​မျှ​မရှိ။


သင်တို့​သည် ငါ့​ကို ဆရာတော်​ဟူ၍​လည်းကောင်း၊ သခင်​ဟူ၍​လည်းကောင်း ခေါ်ဆိုကြ၏။ ငါ​သည် သင်တို့​ခေါ်ဆိုသည့်​အတိုင်း​ဖြစ်​သောကြောင့် ထိုသို့ ခေါ်ဆိုသည်​မှာ မှန်ကန်၏။


ငါ​သည် သင်တို့​၏​သခင်​လည်း ဖြစ်၏။ ဆရာ​လည်း ဖြစ်၏။ သို့ဖြစ်လျက်​ပင် ငါ​သည် သင်တို့​၏ ခြေ​ကို ဆေး​လျှင် သင်တို့​သည်လည်း အချင်းချင်းတို့​၏​ခြေ​ကို ဆေးကြရမည်။


သို့သော် ငါ​သည် သမ္မာတရား​ကို ဖော်ပြသည့် ကူညီမစတော်မူသော​အရှင် သန့်ရှင်းသော​ဝိညာဉ်တော်​ကို သင်တို့​ထံ စေလွှတ်မည်။ ထို​ဝိညာဉ်တော်​သည် ခမည်းတော်​ထံမှ ကြွလာ​၍ ငါ​၏​အကြောင်း​မှန်သမျှ​ကို သက်သေခံ​လိမ့်မည်။


ဖိလိပ္ပု​က “သင့်​စိတ်နှလုံး​ထဲမှ အကြွင်းမဲ့ ယုံကြည်​ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်​က “ယေရှုခရစ်​သည် ဘုရား​သားတော်​ဖြစ်ကြောင်း ကျွန်ုပ်​ယုံကြည်ပါသည်” ဟု ဆိုလေ၏။


သင်​သည် ယေရှု​ကို အရှင်သခင်​ဖြစ်ကြောင်း နှုတ်​ဖြင့် ဝန်ခံ​၍ ဘုရားသခင်​သည် ထို​အရှင်​ကို သေခြင်း​မှ ထမြောက်စေတော်မူကြောင်း​ကို စိတ်နှလုံး​ထဲ၌ ယုံကြည်​လျှင် ကယ်တင်ခြင်း​ခံရ​လိမ့်မည်။


လူ့​အသွေးသား​အရ ကျွန်ုပ်​၏ အမျိုးသားချင်း​ဖြစ်သော ဂျူး​ညီအစ်ကို​မောင်နှမများ​၏ အကျိုး​အတွက် ကျွန်ုပ်​ကိုယ်တိုင် ခရစ်တော်​နှင့် ကင်းကွာ​လျက် ကျိန်ဆိုခြင်း​ကို​ပင် ခံ​ရန် အလိုရှိ၏။


မည်သူမဆို သခင်ဘုရား​ကို မချစ်​လျှင် ထို​သူ​သည် ကျိန်ဆိုခြင်း​ကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။


ကျွန်ုပ်တို့​အတွက်​မှာမူ အရာခပ်သိမ်း​ကို ဖန်ဆင်းတော်မူသော အဖ​ဘုရားသခင် တစ်ဆူတည်း​သာ​ရှိ၏။ ကျွန်ုပ်တို့​သည် ကိုယ်တော်​အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့​အတွက် ယေရှု​ခရစ်တော်​ဟူသော သခင်​တစ်ပါးတည်း​သာ ရှိ​၍ အရာခပ်သိမ်း​သည် ထို​အရှင်​အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​အားဖြင့်​သာ အသက်ရှင်ကြ၏။


အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်​သည် သင်တို့​ထံ လာ​၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြား​ယေရှု​အကြောင်း​ကို ဟောပြော​သောအခါ​၌ ဖြစ်စေ၊ သင်တို့​လက်ခံရရှိထားသော ဝိညာဉ်တော်​မဟုတ်သည့် အခြား​ဝိညာဉ်​ကို သင်တို့​လက်ခံရရှိသော​အခါ​၌ ဖြစ်စေ၊ သင်တို့​လက်ခံခဲ့သော​သတင်းကောင်း​မဟုတ်သည့် အခြား​သတင်း​ကို သင်တို့​ဟောပြောခံရ​သောအခါ​၌​ဖြစ်စေ သင်တို့​သည် ဝမ်းမြောက်စွာ​ပင် သည်းခံကြ​သောကြောင့်​ဖြစ်၏။


ထိုသို့​ဆိုသော် ကျွန်ုပ်တို့​သည် အရာရာ​ကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်​ရှိကြောင်း ထင်မှတ်ကြသည်​မဟုတ်ပါ။ ကျွန်ုပ်တို့​၏ စွမ်းရည်​သည် ဘုရားသခင်​ထံမှ ဖြစ်၏။


“သစ်တိုင်​ပေါ်တွင် ဆွဲထားခြင်း​ခံရသောသူ​တိုင်း ကျိန်စာသင့်သူ​ဖြစ်၏” ဟု ကျမ်းစာ​၌ ရေးသားထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​ကိုယ်စား ကျိန်စာသင့်သူ​အဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့​ကို ပညတ်တရား​၏ ကျိန်စာသင့်ခြင်း​ထဲမှ လွတ်မြောက်စေတော်မူ၏။


ကျွန်ုပ်​သည် သခင်ဘုရား​နေ့​တွင် ကျွန်ုပ်​အပေါ် ဝိညာဉ်တော်​သက်ရောက်လာ​သဖြင့် ကျွန်ုပ်​သည် တံပိုး​ခရာသံ​ကဲ့သို့ ကျယ်လောင်သော​အသံ​ကို ကျွန်ုပ်​နောက်​၌ ကြားရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ