Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 1:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြု​ဟောပြောချက်​သည် မည်သည့်​အခါ​မျှ လူ့​အလို​အရ ဖြစ်ပေါ်လာသည်​မဟုတ်ဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​၏ နှိုးဆော်ခြင်း​ကို ခံရသော​သူတို့​သည် ဘုရားသခင်​ထံမှ လာသော​စကား​ကို ဟောပြော​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​ပ​ရော​ဖက် ဟော​ပြော​ချက်​မျှ မိ​မိ​၏​အ​လို​ဆန္ဒ​အ​ရ​ပေါ် ပေါက်​လာ​ခြင်း​မ​ဟုတ်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှိုး​ဆော်​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လာ​သော​ဗျာ​ဒိတ်​တော်​ကို ဟော​ပြော​ခြင်း​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အ​ကြောင်း​မူ​ကား၊ အ​နာ​ဂ​တ္တိ​စ​ကား​သည် လူ​အ​လို​အား​ဖြင့် ဖြစ်​ဖူး​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သူ​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ တိုက်​တွန်း​တော်​မူ​ခြင်း​ကို ခံ​ရ၍ ဟော​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 အကြောင်းမူကား ပရောဖက်ပြု​ဟောပြော​ချက်​သည် မည်သည့်​အခါ​မျှ လူ​၏​အလိုဆန္ဒ​အရ​ဖြစ်ပေါ်​လာ​သည်​မ​ဟုတ်။ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နှိုးဆော်​ခြင်း​ကို ခံရ​သော​သူ​တို့​သည် ဘုရားသခင်​ထံမှ​လာ​သော​စကား​ကို ဟောပြော​ကြ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 1:21
29 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်မင်း​ကိုယ်တိုင် သန့်ရှင်းသော​ဝိညာဉ်တော်​၏​လှုံ့ဆော်မှု​အားဖြင့် ပြောသော​စကား​မှာ ‘ထာဝရဘုရား​သည် ကျွန်ုပ်​၏ သခင်​ကို “ငါ​၏ လက်ယာဘက်​၌ ထိုင်လော့။ ငါ့​သည် သင်​၏​ရန်သူတို့​ကို သင်​၏​ခြေဖဝါး​အောက်​၌ ချထား​လိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။


“ညီအစ်ကို​မောင်နှမတို့… ယေရှု​ကို ဖမ်းဆီးသော​သူတို့​အား ဦးဆောင်လာသည့် ယုဒ​အကြောင်း​နှင့်​ပတ်သက်​၍ သန့်ရှင်းသော​ဝိညာဉ်တော်​က ဒါဝိဒ်မင်းကြီး​၏​နှုတ်​အားဖြင့် ကြိုတင်​ဟောပြောသော ကျမ်းချက်​သည် ဖြစ်လာ​ရမည်။


ထို့ကြောင့် သူတို့​သည် အချင်းချင်း​သဘောထား​ကွဲလွဲကြ၏။ ထို့နောက် ထို​သူတို့​ထွက်သွားကြမည်​ပြု​စဉ် ပေါလု​က “ပရောဖက်​ဟေရှာယ​အားဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်​က သင်တို့​ဘိုးဘေးတို့​အား မှန်ကန်​စွာ​မိန့်တော်မူသည်​မှာ


သို့ရာတွင် ခရစ်တော်​သည် ဆင်းရဲဒုက္ခခံစားရမည်​ဟု ပရောဖက်​အပေါင်းတို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​ကြိုတင်​မှာကြားခဲ့သော​အမှုများ​ကို ဤ​သို့​ဖြစ်လာ​စေတော်မူခဲ့၏။


သန့်ရှင်းသော​ဝိညာဉ်တော်​ကလည်း ကျွန်ုပ်တို့​အား သက်သေခံသည်​မှာ


ထို့ကြောင့် သန့်ရှင်းသော​ဝိညာဉ်တော်​မိန့်တော်မူသည်​မှာ “ယနေ့ သင်တို့​သည် ကိုယ်တော်​၏​အသံ​ကို ကြား​လျှင်


ဤ​စည်းမျဉ်း​အရ တဲတော်​၏ ပထမ​အခန်း တည်ရှိနေ​သရွေ့ အသန့်ရှင်းဆုံး​ဌာနတော်​ဖြစ်သည့် ဒုတိယ​အခန်း​သို့ ဝင်သည့်​လမ်း မပွင့်သေးကြောင်း​ကို သန့်ရှင်းသော​ဝိညာဉ်တော်​က ဖော်ပြတော်မူ၏။


ထို​ပရောဖက်တို့​ထဲ၌ ရှိသော ခရစ်တော်​၏​ဝိညာဉ်​သည် ခရစ်တော်​၏ ဆင်းရဲဒုက္ခများ​အကြောင်း​ကို​လည်းကောင်း၊ ထို​ဆင်းရဲဒုက္ခ​ခံရ​ပြီးနောက် စံစားရမည့်​ဘုန်းအသရေ​အကြောင်း​ကို​လည်းကောင်း ကြိုတင်​သက်သေခံ​သောအခါ မည်သည့်​အချိန်​နှင့် မည်သည့်​အခြေအနေ​၌​ဖြစ်ပျက်မည်​ကို ရည်ညွှန်းကြောင်း ထို​ပရောဖက်တို့​က စူးစမ်းခဲ့ကြ၏။


ထိုအခါ ကျွန်ုပ်​သည် ထို​ကောင်းကင်တမန်​ကို ရှိခိုး​ရန် သူ​၏​ခြေရင်း​၌ ဝပ်တွား၏။ သို့သော် သူ​က “ထိုသို့​မပြုနှင့်။ ငါ​သည် သင်​မှစ၍ ယေရှု​အကြောင်း သက်သေခံချက်​ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်​ညီအစ်ကို​မောင်နှမများ​၏ အစေခံချင်း​လည်း ဖြစ်၏။ ဘုရားသခင်​ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်​၏​အနှစ်သာရ​သည် ယေရှု​အကြောင်း သက်သေခံချက်​ပင် ဖြစ်၏” ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ