၂ ပေ 2:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ယခင်က ပရောဖက်အတုအယောင်များသည် အစ္စရေးလူမျိုးထဲတွင် ပေါ်ပေါက်ခဲ့ကြသကဲ့သို့ သင်တို့ထဲတွင်လည်း ဆရာအတုအယောင်များ ပေါ်ပေါက်လာကြလိမ့်မည်။ သူတို့သည် ပျက်စီးစေမည့် အယူဝါဒအမှားများကို လျှို့ဝှက်စွာ ရိုက်သွင်းပေး၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောအရှင်ကိုပင် ငြင်းပယ်လျက် မိမိတို့အပေါ် ပျက်စီးခြင်းဘေးကို မကြာမီကျရောက်စေလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible1 ဣသရေလလူမျိုးတွင်မိစ္ဆာပရောဖက်များ ပေါ်ပေါက်ခဲ့သည်နည်းတူ သင်တို့တွင်လည်း မိစ္ဆာဆရာများပေါ်ပေါက်လာကြလိမ့်မည်။ သူ တို့သည်အကျိုးယုတ်စေသောမှားယွင်းသည့် အယူဝါဒများကိုသင်တို့ထံသို့ယူဆောင် လာပြီးလျှင် မိမိတို့အားရွေးနှုတ်ကယ်တင် တော်မူသောအရှင်ကိုပင်လျှင်ပစ်ပယ်ကြ လိမ့်မည်။ ဤနည်းအားဖြင့်သူတို့သည်မိမိ တို့အပေါ်တွင် ပျက်စီးခြင်းဘေးလျင်မြန် စွာရောက်စေကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible1 သို့ သော် လည်း လူ မျိုး တော့် ဘောင် တွင် မိ စ္ဆာ ပ ရော ဖက် များ ဟော ဘူး သည့် နည်း တူ ဂိုဏ်း ခွဲ၍ ဖျက် ဆီး သော သြ ဝါ ဒ များ ကို လျှို့ တ ဝှက် ပေး သွင်း လျက် ကိုယ် ကို ဝယ် ယူ တော် မူ သော သ ခင် ကို ငြင်း ဆို လျက် ကိုယ့် အ ပေါ် သို့ ပျက် စီး ခြင်း ဘေး ကို လျင် မြန် စွာ ရောက် စေ မည့် မိ စ္ဆာ ဆ ရာ များ လည်း သင် တို့ ဘောင် တွင် ပေါ် မည် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible1 သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိအယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိအပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းနှင့် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းတို့ကို အတင်းအကျပ်ပြုစေသောသူ တစ်စုံတစ်ယောက်ကိုမျှ သင်တို့၏ ဆုကို လုယူခွင့် မပေးနှင့်။ ထိုသို့သောသူတို့သည် မိမိတို့မြင်ရသော အထူးရူပါရုံများကြောင့် အခြားသူတို့ထက် သာလွန်သည်ဟု မှတ်ယူ၍ လူ့အတွေးအခေါ်ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။