Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 1:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ကျမ်းစာ​၌ ပါသော​ပရောဖက်ပြု​ဟောပြောချက်​အားလုံး​သည် ပရောဖက်​၏​ကိုယ်ပိုင်​အနက်​ဖွင့်ဆိုချက်​မဟုတ်ကြောင်း ဦးစွာ​သိမှတ်​ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​အ​လို​အ​လျောက် ပ​ရော​ဖက်​တို့​ဟော​ချက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ပြန်​ဆို​၍​မ​ရ​နိုင်​ကြောင်း​သင်​တို့​အ​ထူး​မှတ် ယူ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကျမ်း​စာ၌​ပါ​သော အ​နာ​ဂ​တ္တိ​စ​ကား​မည်​သည်​ကား၊ ကိုယ်​အ​လို​အ​လျောက် အ​နက်​မ​ပေါ်​ဟု ရှေ့​ဦး​စွာ သိ​မှတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ကျမ်းစာ​၌​ပါ​သော ပရောဖက်ပြု​ဟောပြော​ချက်​အားလုံး​သည် လူ​တစ်ဦးတစ်ယောက်​၏​ကိုယ်ပိုင်​အနက်​ဖွင့်ဆို​ချက်​မ​ဟုတ်​ကြောင်း ဦးစွာ​သိမှတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 1:20
7 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်​အတိုင်း ကျွန်ုပ်တို့​သည် ကွဲပြား​ခြားနားသော ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့​လက်ခံရရှိသော ဆုကျေးဇူး​သည် ပရောဖက်ပြု​ဟောပြောခြင်း​ဖြစ်လျှင် ယုံကြည်ခြင်း​၏ ပမာဏ​အတိုင်း ဟောပြောကြရမည်။


သင်တို့​သည် ယခု​လက်ရှိ အချိန်အခါ​ကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာ​မှ နိုးထ​ရမည့်​အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်​သည် ကျွန်ုပ်တို့ စတင်​ယုံကြည်ခဲ့သည့် အချိန်​က​ထက် ပို၍ နီးကပ်လာ​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​၏​ဘဝ​တွင် အပြစ်တရား​၏ ကြီးစိုးခြင်း​ကို ဖျက်ဆီး​ရန်​အတွက် အပြစ်ရှိသော ကျွန်ုပ်တို့​၏ လူဟောင်း​သည် ခရစ်တော်​နှင့်အတူ အသေခံခဲ့ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် အပြစ်တရား​၏ ကျေးကျွန် မဟုတ်တော့ပေ။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​သည် ဖြောင့်မတ်သူတို့​အတွက် ချမှတ်ထားသည်​မဟုတ်ဘဲ ပညတ်တရား​ကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရား​မကိုင်းရှိုင်းသူများ၊ မိဘ​ကို သတ်သူများ၊ လူသတ်သမားများ၊


ထို​ကျမ်းစာ​အားလုံး​သည် ဘုရားသခင်​မှုတ်သွင်းတော်မူပြီး သွန်သင်ခြင်း၊ ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ဖြောင့်မတ်လာ​စေရန် ဆုံးမပဲ့ပြင်ခြင်း​တို့​အတွက် အသုံးဝင်၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​ကို စမ်းသပ်ခြင်း​သည် သည်းခံခြင်း​ကို ဖြစ်ပေါ်စေကြောင်း သင်တို့​သိကြ​သောကြောင့်​ဖြစ်၏။


ဦးစွာ သင်တို့​အား သတိပေး​လိုသည်​မှာ နောက်ဆုံးသော​နေ့ရက်များ​၌ မထီမဲ့မြင်​ပြုသူတို့​သည် ပေါ်ပေါက်လာ​၍ မိမိတို့​၏​တပ်မက်မှုများ​အတိုင်း ပြုမူကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ