Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 1:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထို့ပြင် အပြည့်အဝ​ယုံကြည်​စိတ်ချရသော ပရောဖက်ပြု​ဟောပြောချက်များ​လည်း ကျွန်ုပ်တို့​၌​ရှိ၏။ ထို​ဟောပြောချက်များ​သည် သင်တို့​နှလုံးသား​၌ အရုဏ်တက်​၍ မိုးသောက်ကြယ် ပေါ်ထွက်လာသည့်​တိုင်အောင် အမှောင်​အရပ်​တွင် လမ်းပြ​ထွန်းလင်းနေသည့်​ဆီမီး​သဖွယ် ဖြစ်​သောကြောင့် သင်တို့​သည် ထို​ဟောပြောချက်များ​ကို ကောင်းစွာ ဂရုစိုက်​ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ရော​ဖက်​များ​ကြေ​ညာ သည့်​ဗျာ​ဒိတ်​တော်​ကို​ပို​၍​စိတ်​ချ​ယုံ​ကြည် ကြ​၏။ ထို​ဗျာ​ဒိတ်​တော်​ကို​ဂ​ရု​ပြု​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ယင်း​သည်​အ​ရုဏ်​ကျင်း​လျက် နေ​အ​လင်း​ပေါ်​၍ သင်​တို့​စိတ်​နှ​လုံး​ထဲ​တွင် အ​ရုဏ်​ကြယ်​ပေါ်​ထွက်​ချိန်​မ​တိုင်​မီ​အ​မှောင် ထဲ​တွင်​ထွန်း​လင်း​လျက်​နေ​သည့်​မီး​ခွက်​နှင့်​တူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19-21 ပ ရော ဖက် တို့ ဟော ချက် သည် ငါ တို့ ၌ အ တည် ဖြစ်၏။ မည် သည့် ပ ရော ဖက် ဟော ချက် မျှ လူ့ အ လို အ လျောက် မ ရောက်၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ အ နှိုး အ ဆော် ကို ခံ ရ သူ တို့ သည် ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကို ဆင့် ဆို ရ သည် နှင့် အ ညီ ပ ရော ဖက် ကျမ်း တော် ချက် အ နက် ကို လူ့ သ ဘော အ တိုင်း မ ဖွင့် ရ ကြောင်း အ ထူး မှတ် သား လျက် သင် တို့ စိတ် နှ လုံး၌ အ ရုဏ် တက်၍ မိုး သောက် ကြယ် မ ပေါ် မ ချင်း မှောင် မိုက်၌ ထွန်း လင်း သော မီး ရှူး သ ဖွယ် ပ ရော ဖက် ဟော ချက် ကို အ လေး ဂ ရု ပြု သင့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​မှ​တစ်​ပါး၊ သာ၍​မြဲ​မြံ​သော အ​နာ​ဂ​တ္တိ​စ​ကား​တော်​သည် ငါ​တို့၌​ရှိ​သေး၏။ စိတ်​နှ​လုံး​ထဲ၌ အ​ရုဏ်​တက်၍ ကြယ်​နီ​ပေါ်​ထွက်​သည် ကာ​လ​တိုင်​အောင်၊ ထို​အ​နာ​ဂ​တ္တိ​စ​ကား​တော်​ကို မှောင်​မိုက်​အ​ရပ်၌ ထွန်း​လင်း​သော​ဆီ​မီး​ကဲ့​သို့ မှတ်၍၊ သင်​တို့​သည် အ​မှီ​ပြု​သင့်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထို့ပြင် ငါ​တို့​၌ ပို၍​ခိုင်လုံ​သော ပရောဖက်​တို့​၏​စကား​လည်း​ရှိ​၏။ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ အရုဏ်တက်​၍ မိုးသောက်ကြယ်​ပေါ်ထွက်​လာ​သည့်​တိုင်အောင် သင်​တို့​သည် ထို​စကား​ကို မှောင်​သော​အရပ်​၌​ထွန်းလင်း​နေ​သည့်​ဆီမီး​သဖွယ် ကောင်းစွာ​အာရုံစိုက်​သင့်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 1:19
27 ပူးပေါင်းရင်းမြစ်များ  

အမှောင်​တွင် နေထိုင်ကြသော​လူတို့​သည် အလင်းရောင်ကြီး​ကို မြင်ရပြီ။ သေမင်း​အရိပ်​ရှိရာ အရပ်​၌ နေကြသော​သူတို့​အပေါ်တွင် အလင်း​သည် ထွန်းလင်းပြီ” ဟူ၍ ဖြစ်၏။


ယောဟန်​သည် မီးစာ​ဖြင့် ထွန်းညှိထား​၍ လင်းထိန်နေသော ဆီမီးခွက်​သဖွယ်​ဖြစ်ပြီး သင်တို့​သည် သူ​၏ သတင်းစကား​ကြောင့် ခဏတာ​စိတ်အားထက်သန်ကြ၏။


သင်တို့​သည် ကျမ်းစာ​က ထာဝရ​အသက်​ပေးသည်​ဟု ထင်မှတ်​၍ ကျမ်းစာ​ကို လေ့လာတတ်ကြ၏။ ထို​ကျမ်းစာ​ကပင် ငါ့​အကြောင်း သက်သေခံ၏။


တစ်ဖန် ယေရှု​က လူတို့​အား “ငါ​သည် လောက​၏ အလင်း​ဖြစ်၏။ ငါ့​နောက်သို့ လိုက်သော​သူ​သည် အသက်​၏​အလင်း​ကို ရရှိ​၍ အမှောင်ထု​ထဲ​တွင် သွားလာရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


သင်တို့​သည် ရုပ်တုများ​အား ပူဇော်ထားသော​အစားအစာ​ကို စားသုံးခြင်း၊ သွေး​ကို စားသုံးခြင်း၊ လည်​ညှစ်သတ်သော​တိရစ္ဆာန်များ​၏​အသား​ကို စားသုံးခြင်း​နှင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်ရမည်။ သင်တို့​သည် ထို​အရာများ​နှင့် ကင်းရှင်း​လျှင် ကောင်း၏။ ကျန်းမာကြပါစေ။ ဟု ရေးသားထား၏။


ဗေရိမြို့သား​တို့​သည် သက်သာလောနိတ်​မြို့သားတို့​ထက် ပို၍ စိတ်သဘောထား​ပြည့်ဝကြ၏။ အကြောင်းမှာ သူတို့​သည် နှုတ်ကပတ်​တရားတော်​ကို စိတ်အားထက်သန်​စွာ​ခံယူကြ​၍ ထို​ဟောပြောချက်များ မှန်သည်၊ မမှန်သည်​ကို​သိမြင်​ရန် ကျမ်းစာ​ကို နေ့စဉ်နေ့တိုင်း လေ့လာ​၍ ဆန်းစစ်ကြ၏။


ကောင်းကင်တမန်များ​မှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်​၏ တရားတော်​သည် စစ်မှန်​သောကြောင့် ထို​တရားတော်​ကို ချိုးဖောက်​၍ မနာခံသူများ​သည် မိမိတို့​နှင့် ထိုက်သင့်သော အပြစ်ဒဏ်​ကို ခံကြရသည်​မှန်လျှင်


ကျမ်းစာ​တွင် ပါသည့် “ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့” ဟူသော ရွှေ​ပညတ်တော်​ကို အမှန်တကယ် လိုက်နာ​ကျင့်သုံးနိုင်​လျှင် သင်တို့​သည် မှန်ကန်​စွာ ပြု၏။


သင်တို့​ခံစားရမည့်​ကျေးဇူးတော်​အကြောင်း​ကို ဟောပြောသော​ပရောဖက်တို့​သည် ဤ​ကယ်တင်ခြင်း​နှင့်​ပတ်သက်​၍ ဂရုတစိုက်​ရှာဖွေ​စူးစမ်းခဲ့ကြ၏။


ဘုရားသခင်​၏​သားတော်​ကို ယုံကြည်သောသူ​တိုင်း​သည် ဤ​သက်သေခံချက် မှန်ကန်ကြောင်း​ကို လက်ခံ၏။ ဘုရားသခင်​ကို မယုံကြည်သောသူ​မှာမူ ဘုရားသခင်​အား “လိမ်လည်သော​အရှင်” ဟု စွပ်စွဲရာ​ရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​သားတော်​အကြောင်း သက်သေခံတော်မူသည်​ကို ထို​သူ​သည် မယုံကြည်​သောကြောင့်​ဖြစ်၏။


ထို​သူတို့​သည် သင်​၏​ချစ်ခြင်းမေတ္တာ​အကြောင်း​ကို အသင်းတော်​ရှေ့၌ သက်သေခံကြ၏။ သင်​သည် ထို​သူတို့​ကို ဘုရားသခင်​၏ အလိုတော်​နှင့်အညီ ခရီးဆက်​နိုင်ကြ​စေရန် ကူညီ​လျှင် ကောင်းမှုပြုခြင်း ဖြစ်​လိမ့်မည်။


ထို​သူ​အား မိုးသောက်ကြယ်​ကိုလည်း ငါ​ပေးမည်။


ငါ​ယေရှု​သည် အသင်းတော်များ​၌​ရှိသော သင်တို့​အား ဤ​အကြောင်းအရာများ​ကို သက်သေခံ​ရန် ငါ​၏ ကောင်းကင်တမန်​ကို စေလွှတ်ထား၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်၊ ဒါဝိဒ်​၏ အမျိုး​ဖြစ်၏။ တောက်ပသော​မိုးသောက်ကြယ်​လည်း​ဖြစ်၏” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ