Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 1:35 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ကောင်းကင်တမန်​က “သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင့်​အပေါ်​၌ သက်ရောက်တော်မူ​၍ အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​တန်ခိုးတော်​သည် သင့်​ကို လွှမ်းခြုံ​လိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသော​သူငယ်​သည် ဘုရားသခင်​၏​သား​ဟု ခေါ်ဝေါ်ခြင်း​ကို ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ကောင်း​ကင်​တ​မန်​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 စေ တ မန် တော် က၊ သန့် ရှင်း သော ဝိ ညာဉ် တော် သည်၊ သင့် အ ပေါ် သို့ ဆင်း သက်၍။ မြင့် မြတ် သော အ ရှင်၏ တန် ခိုး တော် လည်း၊ လွှမ်း မိုး လိမ့် မည်။ ထို ကြောင့် ဖွား မည့် သူ ငယ် သည် သန့် ရှင်း သော အ ရှင်၊ ဘု ရား သ ခင့် သား တော် ဟု အ ခေါ် ခံ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ကောင်းကင်တမန်​က​လည်း “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သက်ရောက်​တော်မူ​၍ အမြင့်ဆုံး​သော​ဘုရား​၏​တန်ခိုး​တော်​သည် သင့်​ကို​လွှမ်းမိုး​လိမ့်မည်။ ထို့ကြောင့် ဖွားမြင်​လာ​မည့်​သန့်ရှင်း​သော​သူငယ်​သည် ဘုရားသခင်​၏​သား​တော်​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 1:35
26 ပူးပေါင်းရင်းမြစ်များ  

ယေရှု​ခရစ်တော် မွေးဖွားလာတော်မူပုံ​မှာ ဤသို့​ဖြစ်၏။ မယ်တော်​မာရိ​နှင့် ယောသပ်​တို့​သည် လက်ထပ်​ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်​ပေါင်းသင်းခြင်း​မပြုမီ မာရိ​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​အားဖြင့် ကိုယ်ဝန်ဆောင်လေ၏။


ထိုသို့ တွေးတောဆင်ခြင်​နေစဉ် ထာဝရဘုရား​၏ ကောင်းကင်တမန်​တစ်ပါး​သည် ယောသပ်​ကို အိပ်မက်​တွင် ကိုယ်ထင်ပြ​၍ “ဒါဝိဒ်မင်း​၏​သား ယောသပ်… မာရိ​ကို သင်​၏​ဇနီးမယား​အဖြစ် လက်ထပ်ရမည့်​အမှု​အတွက် မတွန့်ဆုတ်နှင့်။ အဘယ်ကြောင့်ဆိုသော် သူ​၏ ကိုယ်ဝန်​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏ တန်ခိုး​ကြောင့် ဖြစ်၏။


လှေ​ထဲတွင် ရှိနေသူများ​က “ကိုယ်တော်​သည် အမှန်ပင် ဘုရား​သားတော်​ဖြစ်၏” ဟု ဆို​ကာ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။


ရောမ​တပ်မှူး​နှင့်အတူ ယေရှု​ကို စောင့်ကြည့်နေကြသော အခြား​စစ်သားတို့​သည် မြေငလျင်​လှုပ်​၍ ဖြစ်ပျက်​သမျှ​ကို တွေ့မြင်ကြ​သောအခါ အလွန်​ကြောက်လန့်ကြ၏။ သူတို့​က “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။


ထိုအခါ မာရ်နတ်​သည် လာ​၍ “သင်​သည် ဘုရားသခင်​၏ သားတော်​မှန်​လျှင် ဤ​ကျောက်ခဲများ​ကို စားစရာ​ဖြစ်​စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။


ဘုရားသခင်​၏​သားတော် ယေရှု​ခရစ်တော်​၏ သတင်းကောင်း​အစ​မှာ ဤသို့​ဖြစ်၏။


“နာဇရက်မြို့သား​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်တို့​နှင့် မည်သို့​သက်ဆိုင်သနည်း။ အကျွန်ုပ်တို့​ကို ဖျက်ဆီး​ရန် ကြွလာတော်မူသလော။ ကိုယ်တော်​သည် မည်သူ​ဖြစ်သည်​ကို အကျွန်ုပ်​သိပါ၏။ ကိုယ်တော်​သည် ဘုရားသခင်​၏ သန့်ရှင်းတော်မူသော​သူ ဖြစ်ပါ၏” ဟု အော်ဟစ်​ပြောဆိုလေ၏။


ထို​မိန်းမပျို​သည် ဒါဝိဒ်မင်း​အမျိုး​မှ ဆင်းသက်​သူ​ဖြစ်သည့် ယောသပ်​အမည်​ရှိသော​အမျိုးသား​တစ်ဦး​နှင့် လက်ထပ်​ရန် စေ့စပ်ကြောင်းလမ်းထားသူ​ဖြစ်၏။ ထို​မိန်းမပျို​၏​အမည်​မှာ မာရိ​ဖြစ်၏။


မာရိ​ကလည်း ကောင်းကင်တမန်​အား “ကျွန်မ​သည် အပျိုစင်​ဖြစ်​သောကြောင့် ဤ​အခြင်းအရာ​သည် မည်သို့​ဖြစ်လိမ့်မည်နည်း” ဟု မေး၏။


ထို့ပြင် အမြုံ​ဟု ပြောဆို​ခံရသော သင်​၏​ဆွေမျိုး ဧလိရှဗက်​သည်လည်း အသက်အရွယ်​အိုမင်းချိန်​တွင် ကိုယ်ဝန်ဆောင်​၍ ယခု​ခြောက်လ​ရှိလေပြီ။


မိန့်တော်မူသည့်​အတိုင်း ဖြစ်ပျက်သည်​ကို ငါ​မြင်​သောကြောင့် ထို​အရှင်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်ကြောင်း ငါ​သက်သေခံသည်” ဟု ဆိုလေ၏။


ထိုအခါ နာသနေလ​က “ဆရာတော်… ဆရာတော်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်တော်မူ၏၊ အစ္စရေးတို့​၏ ရှင်ဘုရင်​လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။


သို့သော် ယေရှု​သည် ဘုရားသခင်​၏ သားတော် ခရစ်တော်​ဖြစ်ကြောင်း သင်တို့​ယုံကြည်ကြ​စေရန်​နှင့် ထိုသို့ ယုံကြည်​၍ နာမတော်​၏​တန်ခိုး​အားဖြင့် အသက်​ကို ရရှိကြ​စေရန် ဤ​ကျမ်းစာ​ကို ရေးသားရခြင်း​ဖြစ်၏။


ထိုသို့ ခရီးပြု​စဉ်တွင် ရေ​ရှိရာ​သို့​ရောက်​သော် အမတ်​က “ဤ​နေရာ​၌ ရေ​ရှိပါ၏။ ကျွန်ုပ်​ကို နှစ်ခြင်းမင်္ဂလာ မခံယူ​စေနိုင်ရန် တားဆီးသည့်​အကြောင်း ရှိသလော” ဟု မေး၏။


ထို​သားတော်​မှာ သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုးတော်​ဖြင့် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​သောအခါ ဘုရားသခင်​၏​သားတော်​အဖြစ် သတ်မှတ်​ခံရသော ကျွန်ုပ်တို့​၏​သခင်၊ ယေရှု​ခရစ်တော်​ပင် ဖြစ်တော်မူ၏။


ကျွန်ုပ်​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​၌ သတ်ခြင်း​ခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်​သည် အသက်​မရှင်တော့ဘဲ ခရစ်တော်​သာလျှင် ကျွန်ုပ်​ထဲ၌ အသက်ရှင်တော်မူ၏။ ယခု​ကိုယ်ခန္ဓာ​၌ ကျွန်ုပ်​အသက်ရှင်သည်​မှာ ကျွန်ုပ်​ကို ချစ်​၍ ကျွန်ုပ်​အတွက် အသက်ပေးတော်မူသော ဘုရားသခင်​၏ သားတော်​ကို ယုံကြည်ခြင်း​ဖြင့် အသက်ရှင်ခြင်း ဖြစ်၏။


ကျွန်ုပ်တို့​အားလုံး​သည်လည်း တစ်ချိန်​က ထို​သူတို့​ကဲ့သို့​ပင် လူ့​ဗီဇစိတ်​၏ တပ်မက်မှု​အတိုင်း လုပ်ဆောင်​၍ စိတ်​နှင့် ခန္ဓာတို့​၏ အလို​အတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် သဘာဝ​အားဖြင့် အခြားသူတို့​ကဲ့သို့ပင် ဘုရားသခင်​၏ အမျက်တော်​ကို ခံထိုက်သူများ​ဖြစ်ကြ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​သည် ကျွန်ုပ်တို့​၏ အားနည်းချက်များ​ကို မစာနာမထောက်ထားနိုင်​သူ မဟုတ်။ ကိုယ်တော်​သည် ကျွန်ုပ်တို့​နည်းတူ ဖြားယောင်း​သွေးဆောင်မှု​အမျိုးမျိုး​ကို တွေ့ကြုံခဲ့သော​အရှင်​ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်​သည် အပြစ်​နှင့်​ကင်းလွတ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ