၁ သက် 4:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ထို့ကြောင့် ဤညွှန်ကြားချက်များကို ငြင်းပယ်သော သူတို့သည် လူကို ငြင်းပယ်သည်မဟုတ်ဘဲ သင်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။ အခန်းကိုကြည့်ပါ။Common Language Bible8 သို့ဖြစ်၍ဤသွန်သင်ချက်ကိုမလိုက်လျှောက်သူ မည်သည်ကားလူကိုပစ်ပယ်သူမဟုတ်။ မိမိ၏ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အားပေး တော်မူသောဘုရားသခင်ကိုပစ်ပယ်သူဖြစ် သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible8 ထို့ ကြောင့် ငြင်း ပယ် သူ သည် လူ ကို မ ဟုတ်။ သန့် ရှင်း သော ဝိ ညာဉ် တော် ကို သင် တို့ အား သ နား တော် မူ သော ဘု ရား သ ခင် ကို ငြင်း ပယ် ရာ ရောက် ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုကြောင့်၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။