သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။
ဟေဗြဲ 9:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။ Common Language Bible ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။ Garrad Bible ထာ ဝ ရ ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် ထံ ကြန် အင် မ ယွင်း သော ကိုယ် ကို ဆက် ကပ် တော် မူ သော ခ ရစ် တော်၏ အ သွေး တော် သည် အ သေ ဖြစ် သော ကိုယ် ကျင့် များ မှ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် အား ဝတ် ပြု စေ ရန် သင် တို့ သြ တ္တ ပ္ပ စိတ် ကို လွှတ် လျက် သာ၍ စင် ကြယ် စေ မည် မ ဟုတ် လော။ Judson Bible ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော် အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။ |
သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
သင်တို့သည် ဆိုးသောသူများဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ပို၍ ပေးတော်မူမည် မဟုတ်လော။
ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည် မျိုးစေ့ကို မကြဲ။ သီးနှံကိုလည်း မရိတ်သိမ်းကြ။ သူတို့သည် စပါးကျီမရှိ။ သိုလှောင်စရာ နေရာလည်းမရှိ။ သို့သော် ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်များထက် များစွာအဖိုးတန်သည်မဟုတ်လော။
ယုံကြည်ခြင်းအားနည်းသောသူတို့… ယနေ့ရှင်သန်၍ မနက်ဖြန်မီးဖိုထဲသို့ ပစ်ချခံရသည့် တောပန်းပင်ကို ဘုရားသခင်သည် ထိုမျှဆင်မြန်းတော်မူလျှင် သင်တို့ကိုသာ၍ ဆင်မြန်းတော်မူမည်မဟုတ်လော။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သတင်းကောင်းကို ဆင်းရဲသောသူတို့အား ဟောပြောရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်အကြောင်းနှင့် မျက်မမြင်များ မျက်စိပြန်မြင်ကြရမည့်အကြောင်းကို ဟောပြောရန်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသူများအား လွတ်လပ်ခွင့်ကို ပေးမည့်အကြောင်းနှင့်
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို အကန့်အသတ်မရှိ ပေးတော်မူသောကြောင့် ဖြစ်၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။
“မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ကျွန်ုပ်တို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူများပင် ဖြစ်ကြ၏။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအရာများကို ကျောခိုင်း၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သောဘုရားသခင်ထံသို့ လှည့်လာကြစေရန် ကျွန်ုပ်တို့သည် သင်တို့ထံ သတင်းကောင်းယူလာရခြင်းဖြစ်၏။
ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့၏စိတ်နှလုံးကို သန့်စင်ပေးကာ ထိုသူတို့နှင့် ကျွန်ုပ်တို့အကြား ခွဲခြားတော်မူခြင်းမရှိ။
ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်မှစ၍ လူတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာအားလုံးကို မြင်ကြရပြီ။ ထိုအရာများကို ထောက်ရှု၍ မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်ခြင်း သဘောသဘာဝကို ရှင်းလင်းစွာ နားလည်နိုင်ကြ၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်အကြောင်းကို မသိဟု ဆင်ခြေပေးစရာ မရှိပေ။
ထိုသားတော်မှာ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောအခါ ဘုရားသခင်၏သားတော်အဖြစ် သတ်မှတ်ခံရသော ကျွန်ုပ်တို့၏သခင်၊ ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
အစ္စရေးလူမျိုးတို့၏ မနာခံခြင်းသည် လောကီသားတို့၏ ကြွယ်ဝခြင်းကိုလည်းကောင်း၊ အစ္စရေးလူမျိုးတို့၏ ဆုံးရှုံးခြင်းသည် လူမျိုးခြားတို့၏ ကြွယ်ဝခြင်းကိုလည်းကောင်း ဖြစ်စေလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို သူတို့လက်ခံသောအခါ မည်မျှကြီးသော ကြွယ်ဝမှုကို ဖြစ်စေမည်နည်း။
သင်သည် သဘာဝအတိုင်း ရိုင်းသောသံလွင်ပင်မှ ခုတ်ဖြတ်ခြင်းခံရပြီး ကောင်းသောသံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရလျှင် မူရင်းအကိုင်းအခက်တို့ကိုမူ ၎င်းတို့၏အပင်၌ ပို၍ပင် ကိုင်းဆက်ကူးစေနိုင်မည်မဟုတ်လော။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
သို့သော် ယခုသင်တို့သည် အပြစ်တရားလက်မှ လွတ်မြောက်၍ ဘုရားသခင်၏ကျွန် ဖြစ်လာကြ၏။ ထို့ကြောင့် ယခုသင်တို့သည် သန့်ရှင်းခြင်းအကျိုးကို ရကြ၏။ အဆုံး၌ ထာဝရအသက်ကို ရကြ၏။
ကျမ်းစာ၌ “ပထမဆုံးလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံးအာဒံသည် အသက်ရှင်စေသော ဝိညာဉ်ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကျွန်ုပ်လိုက်နာရန် ကြိုးပမ်းသောအခါ ထိုပညတ်တရားသည် ကျွန်ုပ်ကို သေစေခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ပညတ်တရား၌ သေလူဖြစ်ပြီး ဘုရားသခင်အတွက် အသက်ရှင်နိုင်ရန် ပညတ်တရား၏ ပြဋ္ဌာန်းချက်များကို လိုက်နာရန် မကြိုးပမ်းတော့ပေ။
အပြစ်များကြောင့် သေလျက်ရှိသော ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်းခံရသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
သင်တို့ထံ ကျွန်ုပ်တို့ရောက်ခဲ့စဉ် သင်တို့သည် ကျွန်ုပ်တို့ကို မည်သို့ လက်ခံခဲ့ကြောင်းကိုလည်းကောင်း၊ အသက်ရှင်၍ စစ်မှန်သည့် ဘုရားသခင်ကို အစေခံရန် သင်တို့သည် ရုပ်တုကိုးကွယ်နေခဲ့ရာမှ ဘုရားသခင်ထံ မည်သို့ပြောင်းလဲခဲ့ကြောင်းကိုလည်းကောင်း ထိုဒေသတွင် နေထိုင်သူများက ပြောပြကြ၏။
ထာဝရဘုရင်ဖြစ်တော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ လူ့မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။
သို့မှသာ ကျွန်ုပ်၏ခရီး ကြန့်ကြာနေခဲ့လျှင်လည်း ဘုရားသခင်၏ အိမ်တော်တွင် မည်သို့ ပြုမူရမည်ကို သင်သိနိုင်မည်။ ထိုအိမ်တော်သည် အသက်ရှင်သောဘုရားသခင်၏ အသင်းတော်ဖြစ်ပြီး သမ္မာတရား၏ မဏ္ဍိုင်နှင့် အုတ်မြစ်လည်း ဖြစ်၏။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
သို့သော် ခရစ်တော်မှာမူ အပြစ်ဖြေရန် ထာဝရအတွက် တစ်ခုတည်းသောယဇ်ကို ပူဇော်တော်မူ၏။ ထို့နောက် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
အကယ်၍သာ ထိုသို့တတ်နိုင်လျှင် ဝတ်ပြုသူတို့ကို တစ်ကြိမ်တည်းနှင့်အပြီး စင်ကြယ်စေနိုင်ပြီး အပြစ်ရှိနေသေးသည်ဟု မခံစားရတော့သဖြင့် သူတို့သည် ထပ်မံ၍ ယဇ်မပူဇော်ဘဲ နေကြတော့မည်မဟုတ်လော။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။
ယာကုပ်သည် သေချိန်နီးသောအခါ ယုံကြည်ခြင်းဖြင့် ယောသပ်၏ သားနှစ်ယောက်ကို ကောင်းချီးပေး၍ တောင်ဝှေးထိပ်ကို မှီလျက် ဘုရားသခင်အား ရှိခိုး၏။
ထိုနည်းတူ ယေရှုသည် လူတို့ကို မိမိအသွေးအားဖြင့် စင်ကြယ်စေရန် မြို့တံခါးအပြင်၌ အသေခံတော်မူ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့၏ စိတ်နှလုံးသည် ညစ်ညူး၍ ယုံကြည်ရန် ငြင်းဆန်ကာ အသက်ရှင်သော ဘုရားသခင်ထံမှ ထွက်မသွားစေရန် သတိပြုကြလော့။
ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်သက်ဆိုင်သော အခြေခံသွန်သင်ချက်များကို ထားရစ်ကာ ရင့်ကျက်ခြင်းသို့ တက်လှမ်းကြစို့။ သေခြင်းသို့ ပို့ဆောင်ပေးသောအကျင့်အတွက် နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊
ထိုယဇ်ပုရောဟိတ်သည် လေဝိအနွယ်မှ ဖြစ်ရမည်ဟူသော ပညတ်တရား၏ စည်းမျဉ်းအရ မဟုတ်ဘဲ မိမိ၏မပျက်စီးနိုင်သောအသက်တန်ခိုးအရ ယဇ်ပုရောဟိတ်ဖြစ်လာ၏။
အခြားယဇ်ပုရောဟိတ်မင်းများသည် မိမိတို့အပြစ်အတွက် သော်လည်းကောင်း၊ လူတို့၏ အပြစ်အတွက်သော်လည်းကောင်း နေ့တိုင်းယဇ်ပူဇော်ရသော်လည်း ကိုယ်တော်သည် ထိုသို့ပူဇော်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူတို့၏ အပြစ်အတွက် မိမိအသက်ကို ပူဇော်စဉ်က တစ်ကြိမ်တည်းနှင့် အပြီး ပူဇော်သောကြောင့်ဖြစ်၏။
ထိုအသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရာတွင် ကိုယ်တော်သည် ဆိတ်နှင့် နွားသငယ်တို့၏ အသွေးဖြင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အသွေးတော်ဖြင့် တစ်ကြိမ်တည်းနှင့် အပြီးပူဇော်၍ ကျွန်ုပ်တို့အား ထာဝရရွေးနုတ်ခြင်းအကျိုးကို ခံစားစေခဲ့၏။
ထိုသို့ပူဇော်ရန် လိုအပ်လျှင် ကိုယ်တော်သည် ကမ္ဘာတည်ချိန်ကတည်းက အကြိမ်ကြိမ် ဒုက္ခခံရလိမ့်မည်။ ယခုတွင်မူ ကိုယ်တော်သည် မိမိကိုယ်မိမိ ယဇ်ပူဇော်၍ အပြစ်များကို ပယ်ရှင်းရန် ကမ္ဘာကုန်ဆုံးချိန်၌ တစ်ကြိမ်တည်းနှင့်အပြီး ပေါ်ထွန်းတော်မူ၏။
ဒုတိယအခန်းထဲသို့မူ ယဇ်ပုရောဟိတ်မင်းကြီး တစ်ပါးတည်းကသာ တစ်နှစ်လျှင် တစ်ကြိမ်တည်းဝင်ရ၏။ ထိုသို့ဝင်သောအခါ မိမိ၏အပြစ်များနှင့် လူတို့၏ မသိနားမလည်ဘဲကျူးလွန်မိသောအပြစ်များအတွက် သွေးကို ယူဆောင်၍ ပူဇော်ရ၏။
ဤအခြင်းအရာတို့သည် မျက်မှောက်ခေတ်ကို ဖော်ညွှန်းသည့် ပုံဥပမာဖြစ်၏။ ယဇ်ပုရောဟိတ်များ ပူဇော်သည့် ထိုအပြစ်ဖြေရာယဇ်များနှင့် ပူဇော်စရာများက ဝတ်ပြုသူတို့အား မိမိတို့ ပြီးပြည့်စုံပြီဟူ၍ လိပ်ပြာသန့်သန့်ခံယူစေနိုင်စွမ်းမရှိကြပေ။
အပြစ်အနာဆာနှင့် အစွန်းအထင်းကင်းသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အဖိုးတန်သည့် အသွေးတော်ဖြင့် ရွေးနုတ်တော်မူ၏။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ဤသည်မှာ လောကတွင် အသက်ရှင်နေထိုင်ရမည့်ကျန်ရှိသောအချိန်၌ လူ့တပ်မက်မှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ရန်ဖြစ်၏။
သို့ရာတွင် ဘုရားသခင်သည် အလင်းတွင် ရှိတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း အလင်းတွင် ကျင်လည်ကြလျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းရှိသဖြင့် သားတော်ယေရှု၏အသွေးတော်သည် ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကင်းစင်စေတော်မူ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ချေဖျက်ရန် ကြွလာတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ မည်သည့်အပြစ်မျှ မရှိ။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။