Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 13:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ထို​နည်းတူ ယေရှု​သည် လူတို့​ကို မိမိ​အသွေး​အားဖြင့် စင်ကြယ်​စေရန် မြို့တံခါး​အပြင်​၌ အသေခံတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ဤ​အ​ကြောင်း​ကြောင့်​သ​ခင်​ယေ​ရှု​သည်​လည်း မိ​မိ​၏​သွေး​တော်​အား​ဖြင့် လူ​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​များ​ကို​ဆေး​ကြော​ပေး​နိုင်​ရန်​မြို့ တံ​ခါး​၏​အ​ပြင်​ဘက်​၌​အ​သေ​ခံ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ယေ ရှု လည်း အ သွေး တော် အား ဖြင့် လူ မျိုး တော် ကို သန့် ရှင်း စေ ခြင်း ငှာ မြို့ တံ ခါး ပြင် မှာ အ​ သေ ခံ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​သို့​နှင့်​အ​ညီ၊ ယေ​ရှု​သည် မိ​မိ​အ​သွေး​အား​ဖြင့် လူ​များ​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ မြို့​တံ​ခါး​အ​ပြင်၌ အ​သေ​ခံ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို့ကြောင့် ယေရှု​သည်​လည်း မိမိ​၏​သွေး​တော်​အားဖြင့် လူ​တို့​ကို​သန့်ရှင်း​စေ​ရန် မြို့​တံခါး​အပြင်​၌ ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 13:12
18 ပူးပေါင်းရင်းမြစ်များ  

သူတို့​သည် ထ​၍ ကိုယ်တော်​ကို မြို့ပြင်​သို့ နှင်ထုတ်​ပြီး တောင်ပေါ်​မှ တွန်းချ​ရန် မြို့​တည်ရာ တောင်ကမ်းပါး​အစွန်း​အထိ ခေါ်ဆောင်သွားကြ၏။


သူတို့​သည်လည်း သမ္မာတရား​အားဖြင့် သန့်ရှင်းလာ​စေရန် အကျွန်ုပ်​သည် သူတို့​အတွက် မိမိကိုယ်​ကို သန့်ရှင်းသော​ယဇ်​အဖြစ် ဆက်ကပ်ပါ၏။


သို့သော်လည်း စစ်သား​တစ်ဦး​သည် ယေရှု​၏​နံဘေးတော်​ကို လှံ​ဖြင့် ထိုး​ရာ သွေး​နှင့်​ရေ စီးထွက်လာ၏။


ထို့နောက် သူ့​အား မြို့ပြင်​သို့ ထုတ်​ကာ ကျောက်ခဲ​နှင့်​ပေါက်ကြ၏။ သက်သေခံတို့​သည် မိမိတို့​၏​ဝတ်ရုံများ​ကို ချွတ်​ပြီး ရှောလု​ဟု ခေါ်သော လူငယ်​တစ်ဦး​၏​ခြေရင်း​၌ ပုံထားကြ၏။


သင်တို့​ထဲမှ တချို့​သည် ယခင်​က ထိုကဲ့သို့သော​သူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခု​တွင် သခင်​ယေရှု​ခရစ်တော်​နှင့် ကျွန်ုပ်တို့​ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူ​အဖြစ် သတ်မှတ်​ခံရကြပြီ။


ထိုသို့ အသက်ပေးတော်မူခြင်း​သည် ရေ​နှင့် နှုတ်ကပတ်တော်​ဖြင့် အသင်းတော်​ကို ဆေးကြော​၍ သန့်ရှင်း​စင်ကြယ်​ပြီးမှ


ထို​အလိုတော်​နှင့်အညီ ယေရှု​ခရစ်တော်​၏ ကိုယ်ခန္ဓာ​ကို တစ်ကြိမ်တည်း​နှင့်​အပြီး ပူဇော်ခြင်း​ဖြင့် ကျွန်ုပ်တို့​သည် စင်ကြယ်စေခြင်း​ခံကြရ၏။


သို့​ဖြစ်လျှင် ဘုရားသခင်​၏​သားတော်​ကို နင်းခြေ​၍ မိမိ​အား စင်ကြယ်စေသည့်​ပဋိညာဉ်​နှင့်ဆိုင်သော​အသွေး​ကို မသန့်ရှင်းသော​အရာ​အဖြစ် သဘောထား​ကာ ကျေးဇူးပြုတော်မူသော​ဝိညာဉ်တော်​ကို စော်ကားသူ​သည် မည်မျှ ပို​၍ ပြင်းထန်သော​ပြစ်ဒဏ်​ကို ခံထိုက်သည်​ဟု သင်တို့​ထင်သနည်း။


သန့်ရှင်း​စေတော်မူသော ယေရှု​ခရစ်တော်​နှင့် သန့်ရှင်းခြင်း​ခံရသူတို့​သည် တစ်ပါးတည်းသော​ဖခင်​ထံမှ ဖြစ်​သောကြောင့် ယေရှု​ခရစ်တော်​သည် ထို​သူတို့​ကို ညီအစ်ကို​မောင်နှမများ​ဟု ခေါ်​ရန် ရှက်တော်မမူ။


ထို​စပျစ်သီးများ​ကို မြို့ပြင်​တွင်​ရှိသော စပျစ်သီး​နယ်သည့်​ကျင်း​၌ နယ်၏။ ထို​စပျစ်သီးနယ်ရာ​ကျင်း​မှ စီးထွက်လာသော ထို​သွေးချောင်း​သည် အနက်​ငါးပေ​ခန့် ရှိပြီး အလျား​တစ်ရာ​ရှစ်ဆယ့်​လေးမိုင်​ခန့်​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ