Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 3:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည်လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး အသေ​ခံတော်မူ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို ဘုရားသခင်​ထံ ပို့ဆောင်​ရန် ဖြောင့်မတ်သော​အရှင်​သည် မဖြောင့်မတ်သောသူတို့​ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာ​အားဖြင့် သေ​သော်လည်း ဝိညာဉ်​အားဖြင့် ပြန်ရှင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​ကိုယ်​တိုင် ပင်​လျှင် ငါ​တို့​၏​အ​ပြစ်​များ​အ​တွက်​အ​ပြီး အ​ပိုင်​အ​သေ​ခံ​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တော်​စင်​ဖြစ်​တော်​မူ​၍​မ​သူ တော်​တို့​အ​တွက်​အ​သေ​ခံ​တော်​မူ​လေ​ပြီ။ ယင်း သို့​ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​အား​ဘု​ရား သ​ခင်​ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ပင်​ဖြစ်​၏။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​အ​သေ သတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း​ဝိ​ညာဉ်​အား ဖြင့်​အ​သက်​ပြန်​၍​ရှင်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ခ ရစ် တော် လည်း သင် တို့ ဘု ရား သ ခင် ထံ ပို့ သွင်း ရ အံ့ သော ငှာ သူ တော် ကောင်း အ ဖြစ် မ သူ တော် တို့ အ ဖို့ အ ပြစ် များ အ တွက် တစ် ကြိမ် တည်း အ သေ ခံ တော် မူ၏။ ရုပ် ခ န္ဓာ၌ သေ ဒဏ် ခံ သော် လည်း နာမ် ခ န္ဓာ၌ ရှင် တော် မူ ရာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် အ​သေ​သတ်​ခြင်း​ကို​ခံ၍၊ ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​တော်​မူ​သည်​ဖြစ်၍ ငါ​တို့​ကို ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ပို့​ဆောင်​ခြင်း​ငှာ၊ ဖြောင့်​မတ်​တော်​မူ​သော​သူ​သည်၊ မ​ဖြောင့်​မတ်​သော သူ​တို့​အ​တွက်၊ ဒု​စ​ရိုက်​အ​ပြစ်​များ​ကြောင့် တစ်​ခါ​ခံ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည်​လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်အပြီး ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ သင်​တို့​ကို ဘုရားသခင်​ထံ​တော်​သို့​ပို့ဆောင်​မည့်​အကြောင်း ဖြောင့်မတ်​သော​အရှင်​သည် မ​ဖြောင့်မတ်​သော​သူ​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ ကိုယ်တော်​သည် ကိုယ်ကာယ​၌ အမှန်ပင်​အသေခံ​သော်လည်း ဝိညာဉ်​တော်​၌​မူကား အသက်ရှင်​စေ​ခြင်း​ကို​ခံ​တော်မူ​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 3:18
34 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​၌ ပိလတ်မင်း​သည် တရားခွင်​တွင် ထိုင်​နေစဉ် သူ​၏ ဇနီး​က “ထို​အပြစ်ကင်းသော​သူ​အား မည်သည့်အရာ​ကို​မျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် မနေ့​ည​က အိပ်မက်တွင် ထို​သူ​နှင့်​ပတ်သက်၍ အလွန်​စိတ်ဒုက္ခ​ရောက်ရပါ၏” ဟု ပိလတ်မင်း​ထံသို့ သတင်းပို့လေ၏။


ပိလတ်မင်း​သည် မိမိ​ဆက်လက်​ပြောဆို​ရန် မည်သို့မျှ​မဖြစ်နိုင်ကြောင်း​နှင့် လူထု ရုန်းရင်းဆန်ခတ်​ဖြစ်လာမည့်​အခြေအနေ​ကို မြင်လေ၏။ ထို့ကြောင့် လူထု​ရှေ့တွင် ရေဇလုံ​၌ သူ​၏ လက်​ကို ဆေး​ကာ “ဤ​သူ​သေရခြင်း​မှာ ငါ​၏ တာဝန်​မဟုတ်။ သင်တို့​၏ တာဝန်သာ​ဖြစ်သည်” ဟု ဆိုလေ၏။


ဖြောင့်မတ်ခြင်း​အကြောင်း​ကို ဖော်ပြရခြင်း​မှာ ငါ​သည် ခမည်းတော်​ထံသို့ သွားရမည်​ဖြစ်​၍ သင်တို့​သည် ငါ့​ကို ပြန်လည်​မြင်ရမည်​မဟုတ်​သောကြောင့်​ဖြစ်၏။


ထို့နောက် သူ​က ‘ငါတို့​ဘိုးဘေးတို့​၏​ဘုရားသခင်​သည် မိမိ​အလိုတော်​ကို သိမြင်​စေရန်၊ ဖြောင့်မတ်သော​အရှင်​ကို​ဖူးမြင်ခွင့် ရ​စေရန်​နှင့် ထို​အရှင်​မိန့်တော်မူသော​အသံ​ကို ကြား​စေရန် သင့်​ကို​ခန့်အပ်ထား၏။


သင်တို့​သည် သန့်ရှင်း​ဖြောင့်မတ်သော​သူ​ကို ငြင်းပယ်​၍ လူသတ်သမား​တစ်ဦး​ကို လွှတ်ပေး​ရန် တောင်းဆိုကြ၏။


ထို​သားတော်​မှာ သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုးတော်​ဖြင့် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​သောအခါ ဘုရားသခင်​၏​သားတော်​အဖြစ် သတ်မှတ်​ခံရသော ကျွန်ုပ်တို့​၏​သခင်၊ ယေရှု​ခရစ်တော်​ပင် ဖြစ်တော်မူ၏။


ထို​အရှင်​သည် ကျွန်ုပ်တို့​၏ အပြစ်များ​ကြောင့် အသေခံ​ရန် အပ်နှံခြင်း​ကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​စေရန်​လည်း ရှင်ပြန်​ထမြောက်တော်မူခဲ့၏။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​ကြောင့် ခရစ်တော်​သည် ကျွန်ုပ်တို့​အား ယခု​ကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်​ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို မျှဝေ​ခံစား​ရန် မျှော်လင့်​၍ ဂုဏ်ယူ​ဝမ်းမြောက်ကြ၏။


ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်စေတော်မူသော ဘုရားသခင်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသော ထို​ဝိညာဉ်တော်​အားဖြင့် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကိုပင် ရှင်စေတော်မူ​လိမ့်မည်။


လူ့​ဗီဇစိတ်​၏ အားနည်းမှု​ကြောင့် မောရှေ​၏ ပညတ်တရား​သည် ကျွန်ုပ်တို့​ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်​သည် မိမိ​သားတော်​ကို လူ့​ဗီဇစိတ်​ရှိသည့် လူ့​ကိုယ်ခန္ဓာ​ထဲသို့ စေလွှတ်တော်မူခြင်း​အားဖြင့် ပညတ်တရား​မတတ်နိုင်သော​အမှု​ကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်​သည် သားတော်​ကို ယဇ်​အဖြစ် ပူဇော်ခြင်း​အားဖြင့် လူ့​ဗီဇစိတ်​အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရား​ကို အဆုံးသတ်တော်မူ၏။


သို့သော် ကျွန်ုပ်တို့​သည် သင်တို့​၏ ယုံကြည်ခြင်း​ကို ချုပ်ကိုင်ထားသည်​ဟူ၍ မဆိုလိုပါ။ ကျွန်ုပ်တို့​သည် သင်တို့ ဝမ်းမြောက်​နိုင်ရန် သင်တို့​နှင့်အတူ လက်တွဲ​လုပ်ဆောင်နေခြင်း​သာ ဖြစ်၏။ သင်တို့​သည်လည်း ယုံကြည်ခြင်း​ဖြင့် ခိုင်မြဲ​စွာ ရပ်တည်နေပြီ​ဖြစ်၏။


ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​တွင် အသေခံခဲ့​စဉ် လူသား​အနေဖြင့် အားနည်းသော​အခြေအနေ​၌ ရှိခဲ့​သော်လည်း ယခုအခါ ဘုရားသခင်​၏ တန်ခိုးတော်​အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ခရစ်တော်​နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်​၏ တန်ခိုးတော်​အားဖြင့် ကိုယ်တော်​နှင့်အတူ အသက်ရှင်မည်​ဖြစ်၍ သင်တို့​ကို အပြစ်ပေး​ရာ​၌​ဖြစ်စေ၊ ကူညီမစ​ရာ​၌​ဖြစ်စေ အားနည်းကြမည်​မဟုတ်ပေ။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


ခရစ်တော်​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင်​၏ အလိုတော်​အတိုင်း ဤ​ဆိုးညစ်သော​ကာလ​ထဲမှ ကျွန်ုပ်တို့​ကို ကယ်နုတ်​ရန် ကျွန်ုပ်တို့​၏ အပြစ်များ​အတွက် အသက်​ပေးတော်မူ၏။


“သစ်တိုင်​ပေါ်တွင် ဆွဲထားခြင်း​ခံရသောသူ​တိုင်း ကျိန်စာသင့်သူ​ဖြစ်၏” ဟု ကျမ်းစာ​၌ ရေးသားထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​ကိုယ်စား ကျိန်စာသင့်သူ​အဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့​ကို ပညတ်တရား​၏ ကျိန်စာသင့်ခြင်း​ထဲမှ လွတ်မြောက်စေတော်မူ၏။


ကျွန်ုပ်တို့​သည် ထို​သခင်​နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်း​အားဖြင့်​သော်လည်းကောင်း၊ ထို​သခင်​ကို ယုံကြည်ခြင်း​အားဖြင့်​သော်လည်းကောင်း ဘုရားသခင်​ထံသို့ ရဲရင့်မှု​နှင့် စိတ်ချယုံကြည်မှု​ဖြင့် ဝင်ရောက်​ချဉ်းကပ်ခွင့်​ကို ရရှိကြ၏။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


ထို​အလိုတော်​နှင့်အညီ ယေရှု​ခရစ်တော်​၏ ကိုယ်ခန္ဓာ​ကို တစ်ကြိမ်တည်း​နှင့်​အပြီး ပူဇော်ခြင်း​ဖြင့် ကျွန်ုပ်တို့​သည် စင်ကြယ်စေခြင်း​ခံကြရ၏။


ထိုသို့​ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်​ကို ဝတ်ပြုနိုင်​စေရန် ကျွန်ုပ်တို့​၏​အသိစိတ်​ကို သေခြင်း​သို့ ပို့ဆောင်ပေးသော​အပြစ်​မှ စင်ကြယ်​စေရန်​အတွက် ထာဝရ​ဝိညာဉ်တော်​အားဖြင့် အပြစ်အနာအဆာ​ကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်​ထံ ပူဇော်​သည့် ခရစ်တော်​၏​အသွေးတော်​သည် ပို၍​သာလွန်သည် မဟုတ်ပါလော။


ထိုသို့​ပူဇော်​ရန် လိုအပ်​လျှင် ကိုယ်တော်​သည် ကမ္ဘာ​တည်ချိန်​ကတည်းက အကြိမ်ကြိမ် ဒုက္ခခံ​ရ​လိမ့်မည်။ ယခု​တွင်မူ ကိုယ်တော်​သည် မိမိ​ကိုယ်​မိမိ ယဇ်ပူဇော်​၍ အပြစ်များ​ကို ပယ်ရှင်း​ရန် ကမ္ဘာ​ကုန်ဆုံးချိန်​၌ တစ်ကြိမ်တည်း​နှင့်​အပြီး ပေါ်ထွန်းတော်မူ၏။


ခရစ်တော်​သည် လူ​များစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန် မိမိ​ကိုယ်ကိုယ် တစ်ကြိမ်တည်း​သာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များ​ကို ဖယ်ရှား​ရန် မဟုတ်ဘဲ ကိုယ်တော်​ကို စောင့်မျှော်နေ​သူတို့​အား ကယ်တင်​ရန် ဒုတိယ​အကြိမ်​ပေါ်ထွန်းတော်မူ​လိမ့်မည်။


သင်တို့​ကို မဆန့်ကျင်သည့်​ဖြောင့်မတ်သောသူတို့​ကို သင်တို့​သည် အပြစ်စီရင်​၍ သတ်ကြပြီ။


ထို့နောက် ဝိညာဉ်တော်​အားဖြင့် အကျဉ်း​ကျနေသော ဝိညာဉ်များ​ထံသို့ သွား​၍ တရားဟောတော်မူ၏။


ခရစ်တော်​သည် ကိုယ်ခန္ဓာ​၏​ဆင်းရဲဒုက္ခ​ကို ခံစားခဲ့ရ​သောကြောင့် သင်တို့​သည်လည်း ခရစ်တော်​ကဲ့သို့သော သဘောထား​ဖြင့် ဆင်းရဲဒုက္ခ​ကို ရင်ဆိုင်​ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ​၏​ဆင်းရဲဒုက္ခ​ကို ခံစားရသော​သူတို့​သည် အပြစ်​မကျူးလွန်တော့​ရန် ဆုံးဖြတ်ထား​သောကြောင့်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သေလွန်သော​သူတို့​သည် သတင်းကောင်း​ကို ကြားခဲ့ရ​သောကြောင့်​ဖြစ်၏။ သူတို့​၏​ကိုယ်ခန္ဓာ​သည် လူ့​စံနှုန်း​အားဖြင့် တရားစီရင်​ခံရ​သော်လည်း သူတို့​၏​ဝိညာဉ်​သည် ဘုရားသခင့်​စံနှုန်း​အားဖြင့် အသက်ရှင်​နိုင်ရန်​ရည်ရွယ်​၍ သေလွန်သော​သူတို့​ကိုပင် သတင်းကောင်း​ဟောပြောရ၏။


သို့သော် ကျွန်ုပ်တို့​သည် မိမိတို့​၏​အပြစ်များ​ကို ဖွင့်ဟ​ဝန်ခံ​ပါက ကိုယ်တော်​သည် သစ္စာ​နှင့်​ပြည့်စုံ​ပြီး ဖြောင့်မတ်သော​အရှင်​ဖြစ်တော်မူ​သောကြောင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ ဖြေလွှတ်​ကာ မတရားမှု​အားလုံး​မှ စင်ကြယ်စေတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ