ဟေဗြဲ 10:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း22 သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။ အခန်းကိုကြည့်ပါ။Common Language Bible22 သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။- အခန်းကိုကြည့်ပါ။Garrad Bible22 ဆိုး သွမ်း သော သြ တ္တ ပ္ပ စိတ် ကင်း သည့် တိုင် အောင် နှ လုံး၌ ဖျန်း ခြင်း သန့် သော ရေ နှင့် ကိုယ် ခ န္ဓာ၌ ဆေး ကြော ခြင်း ကို ခံ ပြီး သည့် အ လျောက် ဖြောင့် မှန် သော စိတ် သ ဘော နှင့် ယုံ ကြည် စိတ် ချ စွာ တိုး ဝင် ချဉ်း ကပ် ကြ ကုန် အံ့။ အခန်းကိုကြည့်ပါ။Judson Bible22 ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင် ဖျန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သောရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့်ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက် ကိုယ်ခန္ဓာကိုလည်း စင်ကြယ်သောရေဖြင့်ဆေးကြောကာ ယုံကြည်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝနှင့် ဖြောင့်မှန်သောစိတ်နှလုံးတို့ဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်တို့သည် ကယ်တင်တော်မူခြင်းခံရ၏။ ဤသို့ ကယ်တင်တော်မူခြင်းခံရသည်မှာ ကျွန်ုပ်တို့ ပြုသည့်ဖြောင့်မတ်သောအကျင့်ကြောင့် မဟုတ်ဘဲ သနားကြင်နာတော်မူခြင်းကြောင့် ဖြစ်၏။ ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆေးကြောပေးခြင်းဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေခြင်းနှင့် စိတ်သစ်လူသစ်ဖြစ်စေခြင်းအားဖြင့် ကယ်တင်တော်မူ၏။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသောသူတို့ကို ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကိုမျှ သယ်ဆောင်ရန် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။