Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:45 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

45 ကျမ်းစာ​၌ “ပထမဆုံး​လူ​အာဒံ​သည် အသက်ရှင်သောသူ​ဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံး​အာဒံ​သည် အသက်​ရှင်စေသော ဝိညာဉ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

45 ကျမ်း​စာ​တော်​တွင် ``ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ​၏'' ဟု​ဖော် ပြ​၏။ နောက်​ဆုံး​ဖြစ်​သော​အာ​ဒံ​သည်​ကား အ​သက်​ရှင်​စေ​တတ်​သော​ဝိ​ညာဉ်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45 သို့ နှင့် အ ညီ ပ ထ မ လူ အာ ဒံ သည် အ သက် ရှင် သော ရူ ပ ဖြစ် သည် ဟု ကျမ်း ချက် ရှိ ရာ နောက် အာ ဒံ မူ ကား အ သက် ရှင် စေ သော နာမ်၀ိ ညာဉ် ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 ကျမ်း​စာ​လာ​သည်​ကား၊ ရှေ့​ဦး​စွာ​သော လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်၏​ဟု လာ​သ​တည်း။ ယ​ခု​တွင် နောက်​ဆုံး​ဖြစ်​သော အာ​ဒံ​မူ​ကား၊ အ​သက်​ရှင်​စေ​တတ်​သော ဝိ​ညာဉ်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 ထို့ကြောင့် ကျမ်းစာ​၌ “ပထမ​လူ​အာဒံ​သည် အသက်ရှင်​သော​သူ​ဖြစ်လာ​၏”​ဟု ရေး​ထား​၏။ နောက်ဆုံး​အာဒံ​သည် အသက်​ကို​ရရှိ​စေ​သော​ဝိညာဉ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:45
35 ပူးပေါင်းရင်းမြစ်များ  

ထို​နှုတ်ကပတ်တော်​သည် ရှိသမျှသော​ဖန်ဆင်းခံတို့​အား အသက်​ကို ပေးတော်မူ၏။ ထို​အသက်​သည် လူအပေါင်းတို့​အတွက် အလင်း​ဖြစ်၏။


သူခိုး​သည် ခိုးဝှက်​ရန်၊ သတ်ဖြတ်​ရန်​နှင့် ဖျက်ဆီး​ရန်အတွက်​သာ လာ၏။ ငါ​သည် သိုးတို့​ကို အသက်​ကို ရရှိ​စေရန်​သာမက ထို​အသက်​ကို ကြွယ်ဝပြည့်စုံ​စွာ ရရှိ​စေရန်​လည်း လာ၏။


သူတို့​အား ထာဝရ​အသက်​ကို ငါ​ပေး​သဖြင့် သူတို့​သည် သေခြင်း​နှင့်​ကင်းလွတ်ကြ​လိမ့်မည်။ မည်သူ​မျှ သူတို့​ကို ငါ့​လက်​မှ လုယူသွားနိုင်မည်​မဟုတ်။


မကြာမီ​အချိန်​တွင် လောကီသားတို့​သည် ငါ့​ကို မြင်ကြရတော့မည်​မဟုတ်။ သို့သော် သင်တို့​သည် ငါ့​ကို မြင်ကြရ​လိမ့်မည်။ ငါ​သည် အသက်ရှင်​သောကြောင့် သင်တို့​သည်လည်း အသက်ရှင်ကြ​လိမ့်မည်။


ယေရှု​က “ငါ​သည် လမ်းခရီး​ဖြစ်၏။ သမ္မာတရား​လည်း ဖြစ်၏။ အသက်​လည်း ဖြစ်၏။ ငါ့​ကို အမှီ​မပြု​လျှင် မည်သူ​မျှ ခမည်းတော်​ထံသို့ မရောက်ရ။


ယေရှု​က “သင့်​အတွက် ဘုရားသခင်​ပေးတော်မူမည့် လက်ဆောင်​ကို​လည်းကောင်း၊ သင့်​ထံမှ သောက်ရေ​ကို တောင်းသောသူ​သည် မည်သူ​ဖြစ်ကြောင်း​ကို​လည်းကောင်း သင်​သိ​ပါက သင်​သည် ငါ့​ထံမှ ရေ​ကို တောင်း​လိမ့်မည်။ ငါ​သည်လည်း အသက်ရေ​ကို သင့်​အား ပေး​လိမ့်မည်” ဟု ဖြေတော်မူ၏။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ခမည်းတော်​သည် သေလွန်သော​သူတို့​ကို ပြန်ရှင်စေတော်မူ​သကဲ့သို့ သားတော်​သည်လည်း မိမိ​အလိုရှိသော​သူတို့​ကို ရှင်စေ၏။


ဘုရားသခင်​၏ စစ်မှန်သော​မုန့်​မှာ ကောင်းကင်​မှ ဆင်းသက်လာ​၍ လောကီသားတို့​အား အသက်​ကို ပေးသော​မုန့်​ဖြစ်၏” ဟု မိန့်တော်မူ၏။


ငါ့​အသား​ကို စား​၍ ငါ့​အသွေး​ကို သောက်သောသူ​သည် ထာဝရ​အသက်​ကို ရ၏။ နောက်ဆုံးသော​နေ့​၌ ထို​သူ​ကို သေရာ​မှ​ထမြောက်စေမည်။


အသက်ရှင်တော်မူသော ခမည်းတော်​သည် ငါ့​ကို စေလွှတ်တော်မူ​၍ ငါ​သည် ခမည်းတော်​ကြောင့် အသက်ရှင်၏။ ထို​ကဲ့သို့​ပင် ငါ့​အသား​ကို စားသောသူ​သည် ငါ့​ကြောင့် အသက်ရှင်​လိမ့်မည်။


ဝိညာဉ်တော်​ကသာ အသက်ရှင်စေ၏။ လူ့​အားထုတ်မှု​မှာမူ မည်သည့်အရာ​ကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့​ကို ငါ​ပြောသော စကားတို့​သည် ဝိညာဉ်​နှင့် အသက်​ဖြစ်၏။


ရှိမုန်​ပေတရု​က “သခင်… အကျွန်ုပ်တို့​သည် မည်သူ့​ထံသို့ သွားရပါမည်နည်း။ ထာဝရ​အသက်​ကို ပေးသော​စကား​သည် သခင့်​ထံ၌​သာ​ရှိ၏။


သင်တို့​သည် အသက်​၏​အရှင်သခင်​ကို သတ်​၍ ဘုရားသခင်​သည် ထို​သခင်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူ၏။ ထိုသို့ ထမြောက်စေတော်မူသည်​ကို ငါတို့​သည် ကိုယ်တိုင်​မြင်တွေ့ကြ၏။


လူတစ်ဦး​ဖြစ်သော အာဒံ​၏​အပြစ်​ကြောင့် လူများစွာ​ကို သေခြင်းတရား​က အုပ်စိုး​လျှင် လူတစ်ဦး​ဖြစ်သော ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​၏ ကြွယ်ဝသော​ဆုကျေးဇူးတော်​နှင့် ဖြောင့်မတ်ခြင်း​ဟူသော လက်ဆောင်​ကို လက်ခံရရှိသူ​အပေါင်းတို့​က အသက်ရှင်​လျက် ပို၍​ပင် အုပ်စိုးကြ​လိမ့်မည်။


ဤသို့ဖြင့် အပြစ်တရား​သည် သေခြင်းတရား​အားဖြင့် အုပ်စိုးခဲ့​သကဲ့သို့ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို ရရှိ​စေရန် ဘုရားသခင်​၏ ကျေးဇူးတော်​သည်လည်း ဖြောင့်မတ်ခြင်းတရား​အားဖြင့် အုပ်စိုးတော်မူ၏။


အဘယ်ကြောင့်ဆိုသော် အသက်​ပေးပိုင်တော်မူသော ဝိညာဉ်တော်​၏ တရား​သည် ယေရှု​ခရစ်တော်​အားဖြင့် သင့်​ကို အပြစ်တရား​နှင့် သေခြင်းတရား​၏ လက်​မှ လွတ်မြောက်စေ​သောကြောင့် ဖြစ်၏။


ရုပ်​ခန္ဓာ​သည် ဦး​စွာ လာ၏။ ဝိညာဉ်​ခန္ဓာ​သည် နောက်​မှ လာ၏။


ကိုယ်တော်​သည် အရာ​အားလုံး​ကို မိမိ​အာဏာစက်​အောက်​၌ ထားနိုင်စွမ်း​ရှိသော​တန်ခိုး​အားဖြင့် ကျွန်ုပ်တို့​၏ လူ့​ကိုယ်ခန္ဓာ​ကို မိမိ​၏ ဘုန်းအသရေ​နှင့် ပြည့်ဝသော ကိုယ်ခန္ဓာ​နှင့် တူ​စေရန် ပြောင်းလဲတော်မူ​လိမ့်မည်။


သင်တို့​၏ အသက်​ဖြစ်သော ခရစ်တော် ပြန်ကြွလာ​၍ ထင်ရှား​သောအခါ သင်တို့​သည်လည်း ကိုယ်တော်​နှင့်အတူ ဘုန်းကြီး​၍ ထင်ရှားကြ​လိမ့်မည်။


ထိုသို့​ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်​ကို ဝတ်ပြုနိုင်​စေရန် ကျွန်ုပ်တို့​၏​အသိစိတ်​ကို သေခြင်း​သို့ ပို့ဆောင်ပေးသော​အပြစ်​မှ စင်ကြယ်​စေရန်​အတွက် ထာဝရ​ဝိညာဉ်တော်​အားဖြင့် အပြစ်အနာအဆာ​ကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်​ထံ ပူဇော်​သည့် ခရစ်တော်​၏​အသွေးတော်​သည် ပို၍​သာလွန်သည် မဟုတ်ပါလော။


ဒုတိယ​ကောင်းကင်တမန်​သည် သူ​၏ ဖလား​ကို ပင်လယ်​ပေါ်သို့ သွန်းလောင်းလိုက်​သောအခါ ရေ​သည် လူသေ​၏ သွေး​ကဲ့သို့ ဖြစ်သွား​ပြီး ပင်လယ်​၌​ရှိသော သတ္တဝါ​အားလုံး သေကုန်လေ၏။


ကိုယ်တော်​က “အမှု​ပြီးပြီ။ ငါ​သည် အာလဖာ​နှင့် အိုမီဂါ၊ အစဦးဆုံးသောသူ​နှင့် နောက်ဆုံးသောသူ​ဖြစ်၏။ ရေငတ်သော​သူ​အား အသက်​စမ်းရေ​ကို အခမဲ့ ငါ​ပေးမည်။


ထိုအခါ ကောင်းကင်တမန်​သည် ကျောက်သလင်း​ကဲ့သို့ ကြည်လင်သည့် အသက်ရေ​စီးသော​မြစ်​ကို ကျွန်ုပ်​အား ပြ၏။ ထို​မြစ်​သည် ဘုရားသခင်​နှင့် သိုးသငယ်တော်​၏ ရာဇပလ္လင်​မှ စီးထွက်​၍


ဝိညာဉ်တော်​နှင့် သတို့သမီးတို့​က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူ​တိုင်း​ကလည်း “ကြွပါ” ဟု ဖိတ်ခေါ်​ပါစေ။ ရေငတ်သောသူ​သည် လာပါစေ။ အလိုရှိသောသူ​သည် အသက်ရေ​ကို အခမဲ့ ယူပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ