Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:44 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

44 ရုပ်​ခန္ဓာ​အဖြစ် စိုက်ပျိုးခြင်း​ခံရ​၍ ထမြောက်​သောအခါ ဝိညာဉ်​ခန္ဓာ​အဖြစ် ရှိ​လိမ့်မည်။ ရုပ်​ခန္ဓာ​ရှိလျှင် ဝိညာဉ်​ခန္ဓာ​လည်း ရှိလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

44 မြှုပ်​နှံ​ခြင်း​ခံ​ရ​သော​အ​ခါ​ကာ​ယ​ခန္ဓာ​ဖြစ် ၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​ဝိ​ညာ​ဏ ခန္ဓာ​ဖြစ်​လိမ့်​မည်။ ရုပ်​ခန္ဓာ​ရှိ​သ​ဖြင့်​ဝိ​ညာ​ဏ ခန္ဓာ​လည်း​ရှိ​ရ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

44 ရုပ် ခ န္ဓာ အ ဖြစ် စိုက် ရာ နာမ် ခ န္ဓာ အ ဖြစ် ရှင် ပြန် ခြင်း ကို ခံ ရ ကြ၏။ ရုပ် ခ န္ဓာ ရှိ လျှင် နာမ် ခ န္ဓာ လည်း ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

44 စိုက်​သော​အ​ခါ ဇာ​တိ​ပ​က​တိ ကိုယ်​ဖြစ်၏။ ထ​မြောက်​သော​အ​ခါ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။ ဇာ​တိ​ပ​က​တိ ကိုယ်​တစ်​မျိုး၊ ဝိ​ညာ​ဏ​ကိုယ်​တစ်​မျိုး​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 ဇာတိ​ကိုယ်ခန္ဓာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဝိညာဉ်​ကိုယ်ခန္ဓာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။ ဇာတိ​ကိုယ်ခန္ဓာ​ရှိ​လျှင် ဝိညာဉ်​ကိုယ်ခန္ဓာ​လည်း​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:44
5 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူတို့​၏​မျက်စိများ ပွင့်​၍ ယေရှု​ဖြစ်ကြောင်း သိကြရ၏။ ထိုစဉ် ယေရှု​သည် သူတို့​၏​မြင်ကွင်း​မှ ကွယ်ပျောက်သွား​တော်မူ၏။


တနင်္ဂနွေနေ့​ညနေ​တွင် တပည့်တော်တို့​သည် ဂျူးခေါင်းဆောင်များ​ကို ကြောက်ရွံ့​သဖြင့် အခန်း​တံခါးများ​ကို ပိတ်​၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှု​သည် ရုတ်တရက်​ကြွလာ​၍ သူတို့​အလယ်​တွင် ရပ်တော်မူ​လျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။


ရှစ်ရက်​ကြာ​သော် တပည့်တော်တို့​သည် တစ်ဖန်​စုဝေးကြ၏။ သောမ​သည်လည်း ထို​သူတို့​နှင့်အတူ ရှိ၏။ သူတို့​သည် တံခါးများ​ကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှု​သည် ယခင်​ကဲ့သို့ ရုတ်တရက်​ကြွလာ​၍ သူတို့​အလယ်​တွင် ရပ်တော်မူ​လျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ အသွေးအသား​ဖြင့်​ဖွဲ့စည်းထားသော​လူ့​ခန္ဓာ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေ​မခံနိုင်ပေ။ ပုပ်ပျက်တတ်သော​အရာ​သည် မပုပ်ပျက်​နိုင်သော​အဖြစ်​ကို အမွေ​ဆက်ခံ​နိုင်မည်​မဟုတ်ပေ။


သို့သော် ဝိညာဉ်တော်​ကို မရရှိထားသောသူ​သည် ဘုရားသခင်​၏​ဝိညာဉ်တော်​ထံမှ အမှန်တရား​ကို မခံယူနိုင်ပေ။ ထို​အရာတို့​သည် သူ့​အတွက် မိုက်မဲသော​အရာများ​ဖြစ်၏။ ထို​အရာတို့​ကို ဝိညာဉ်တော်​အားဖြင့်​သာ ပိုင်းခြားသိမြင်နိုင်​သောကြောင့် သူ​သည် နားမလည်နိုင်ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ