၁ ကော 15:43 - ခေတ်သစ်မြန်မာ သမ္မာကျမ်း43 စိုက်ပျိုးသောအခါ ဂုဏ်အသရေပျက်၍ ထမြောက်သောအခါ ဂုဏ်သရေရှိလိမ့်မည်။ စိုက်ပျိုးသောအခါ အားနည်း၍ ထမြောက်သောအခါ အားကြီးလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible43 မြှုပ်နှံခြင်းခံရသောအခါအသရေပျက်၍ စွမ်းအားမရှိ။ ရှင်ပြန်ထမြောက်သောအခါ၌ အသရေနှင့်ပြည့်စုံလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible43 ယုတ် ညံ့ သော အ ဖြစ် စိုက် ရာ ဘုန်း ကြီး သော အ ဖြစ် ရှင် ပြန် ခြင်း၊ အား နည်း သော အ ဖြစ် စိုက် ရာ တန် ခိုး ကြီး သော အ ဖြစ် ရှင် ပြန် ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible43 စိုက်သောအခါ ဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့် ပြည့်စုံ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း43 အသရေမရှိသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဘုန်းအသရေနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ အားနည်းသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ခွန်အားနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့စဉ် လူသားအနေဖြင့် အားနည်းသောအခြေအနေ၌ ရှိခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်မည်ဖြစ်၍ သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းကြမည်မဟုတ်ပေ။