Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:45 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 ထို့ကြောင့် ကျမ်းစာ​၌ “ပထမ​လူ​အာဒံ​သည် အသက်ရှင်​သော​သူ​ဖြစ်လာ​၏”​ဟု ရေး​ထား​၏။ နောက်ဆုံး​အာဒံ​သည် အသက်​ကို​ရရှိ​စေ​သော​ဝိညာဉ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

45 ကျမ်း​စာ​တော်​တွင် ``ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ​၏'' ဟု​ဖော် ပြ​၏။ နောက်​ဆုံး​ဖြစ်​သော​အာ​ဒံ​သည်​ကား အ​သက်​ရှင်​စေ​တတ်​သော​ဝိ​ညာဉ်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45 သို့ နှင့် အ ညီ ပ ထ မ လူ အာ ဒံ သည် အ သက် ရှင် သော ရူ ပ ဖြစ် သည် ဟု ကျမ်း ချက် ရှိ ရာ နောက် အာ ဒံ မူ ကား အ သက် ရှင် စေ သော နာမ်၀ိ ညာဉ် ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 ကျမ်း​စာ​လာ​သည်​ကား၊ ရှေ့​ဦး​စွာ​သော လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်၏​ဟု လာ​သ​တည်း။ ယ​ခု​တွင် နောက်​ဆုံး​ဖြစ်​သော အာ​ဒံ​မူ​ကား၊ အ​သက်​ရှင်​စေ​တတ်​သော ဝိ​ညာဉ်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

45 ကျမ်းစာ​၌ “ပထမဆုံး​လူ​အာဒံ​သည် အသက်ရှင်သောသူ​ဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံး​အာဒံ​သည် အသက်​ရှင်စေသော ဝိညာဉ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:45
35 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူ​ကို​ပုံဖော်ဖန်ဆင်း​၍ သူ​၏​နှာခေါင်း​ထဲသို့ ဇီဝ​အသက်​ကို မှုတ်သွင်း​တော်မူ​ရာ လူ​သည် သက်ရှိသတ္တဝါ​ဖြစ်လာ​၏​။


နှုတ်ကပတ်တော်​၌ အသက်​ရှိ​၍ ထို​အသက်​သည် လူ​တို့​၏​အလင်း​ဖြစ်​၏။


သူခိုး​သည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီး​ရန်​သာ လာ​တတ်​၏။ ငါ​မူကား သိုး​တို့​အား အသက်​ကို​ရရှိ​စေရန်​သာမက ထို​အသက်​ကို ကြွယ်ဝ​ပြည့်စုံ​စွာ​ရရှိ​စေရန်​လာ​၏။


ငါ​သည် သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​၍ သူ​တို့​သည် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ မ​ပျက်စီး​ရ။ မည်သူမျှ သူ​တို့​ကို ငါ့​လက်​ထဲမှ​လုယူ​၍​မ​ရ​နိုင်။


နောက်ထပ် ခဏ​ကြာ​လျှင် ဤ​လောက​သည် ငါ့​ကို​မြင်​ရ​တော့မည်​မ​ဟုတ်။ သင်​တို့​မူကား ငါ့​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငါ​သည်​အသက်ရှင်​သောကြောင့် သင်​တို့​သည်​လည်း အသက်ရှင်​ရ​ကြ​လိမ့်မည်။


ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။


ယေရှု​က​လည်း“ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို​လည်းကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြောဆို​နေ​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အသက်​ရေ​ကို​ပေး​ခဲ့​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူကား ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ ရေငတ်​မည်​မ​ဟုတ်။ ထိုထက်မက ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာဝရ​အသက်​တိုင်အောင် ရေ​ပန်းထွက်​ရာ စမ်းရေ​ပေါက်​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ခမည်းတော်​သည် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​၍ အသက်ရှင်​စေ​တော်မူ​သကဲ့သို့ သား​တော်​သည်​လည်း မိမိ​အလိုရှိ​သော​သူ​တို့​ကို အသက်ရှင်​စေ​၏။


အကြောင်းမူကား ဘုရားသခင်​၏​မုန့်​သည် ကောင်းကင်​မှ​ဆင်းသက်​၍ လောကီသား​တို့​အား အသက်​ကို​ပေး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။ ငါ​သည် ထို​သူ​ကို နောက်ဆုံး​သော​နေ့​၌ ထမြောက်​စေ​မည်။


အသက်ရှင်​တော်မူ​သော​ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၍ ငါ​သည် ခမည်းတော်​အားဖြင့် အသက်ရှင်​သကဲ့သို့ ငါ့​ကို​စား​သော​သူ​သည်​လည်း ငါ့​အားဖြင့် အသက်ရှင်​မည်။


ဝိညာဉ်​တော်​က​သာ အသက်ရှင်​စေ​၏။ ကိုယ်ကာယ​သည် မည်သည့်​အကျိုး​ကို​မျှ​မ​ပေး။ ငါ​ဟောပြော​သော​စကား​တို့​သည် ဝိညာဉ်​ဖြစ်​ပြီး အသက်​လည်း​ဖြစ်​၏။


ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သူ့​ထံသို့​သွား​ရ​မည်နည်း။ ထာဝရ​အသက်​နှင့်ဆိုင်သော​စကား​တို့​သည် ကိုယ်တော်​၌​သာ​ရှိ​ပါ​၏။


အသက်​ပေးပိုင်​သော​အရှင်​ကို​မူ သင်​တို့​ကွပ်မျက်​ကြ​၏။ သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​သည် ဤ​အမှုအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။


အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် သေ​ခြင်း​သည် ထို​သူ​တစ်​ယောက်​အားဖြင့် စိုးမိုး​ခဲ့​လျှင် ကျေးဇူး​တော်​နှင့်​ဖြောင့်မတ်​ခြင်း​၏​ကောင်းချီး​လက်ဆောင်​ကို ကြွယ်ဝ​စွာ​ခံစားရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်းဟူသော ယေရှု​ခရစ်တော်​အားဖြင့် အသက်ရှင်​ခြင်း​၌ ပို၍​ပင် စိုးမိုး​ရ​ကြ​လိမ့်မည်။


ဤသည်ကား အပြစ်​သည် သေ​ခြင်း​အားဖြင့် စိုးမိုး​ခဲ့​သည့်​နည်းတူ ကျေးဇူး​တော်​သည်​လည်း ဖြောင့်မတ်​ခြင်း​အားဖြင့် စိုးမိုး​လျက် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။


အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။


သို့သော် ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဦးစွာ​ဖြစ်​သည်​မ​ဟုတ်။ ဇာတိ​နှင့်ဆိုင်သော​အရာ​ဖြစ်​ပြီးမှ ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဖြစ်​ပေါ်လာ​၏။


ထို​သခင်​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​နိုင်​သော​တန်ခိုး​အားဖြင့် ငါ​တို့​၏​ဂုဏ်​သေးသိမ်​သော​ကိုယ်ခန္ဓာ​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ကိုယ်ခန္ဓာ​နှင့်​တူညီ​စေရန် ပြောင်းလဲ​စေ​တော်မူ​လိမ့်မည်။


သင်​တို့​၏​အသက်​ဖြစ်​သော​ခရစ်တော်​ထင်ရှား​တော်မူ​သောအခါ သင်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ ဘုန်း​အသရေ​၌​ထင်ရှား​ကြ​လိမ့်မည်။


ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။


ဒုတိယ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို ပင်လယ်​ပေါ်သို့​သွန်းလောင်း​သောအခါ ရေ​သည် သေ​သော​သူ​၏​သွေး​ကဲ့သို့​ဖြစ်​သွား​၍ ပင်လယ်​ထဲ၌​ရှိ​သော သက်ရှိ​သတ္တဝါ​အားလုံး​သေ​ကြ​၏။


တစ်ဖန် “အမှု​ပြီးမြောက်​ပြီ။ ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏။ အစ​နှင့်​အဆုံး​ဖြစ်​၏။ ရေငတ်​သော​သူ​အား အသက်​စမ်းရေ​ကို အခမဲ့​ငါ​ပေး​မည်။


ထို့နောက် ကောင်းကင်​တမန်​သည် ကျောက်​သလင်း​ကဲ့သို့​ကြည်လင်​တောက်ပ​သော အသက်​ရေ​စီး​ရာ​မြစ်​ကို ငါ့​အား​ပြ​လေ​၏။ ထို​မြစ်​သည် ဘုရားသခင်​နှင့်​သိုးသငယ်​တော်​၏​ပလ္လင်​တော်​မှ ထွက်​၍


ဝိညာဉ်​တော်​နှင့်​သတို့သမီး​တို့​က “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ကြ​၏။ ကြားနာ​သော​သူ​က​လည်း “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ပါစေ။ ရေငတ်​သော​သူ​သည် လာ​ပါစေ။ အလိုရှိ​သော​သူ​သည် အသက်​ရေ​ကို အခမဲ့​ယူ​ပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ