Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 9:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ထို​အသန့်ရှင်းဆုံး​ဌာနတော်​သို့ ဝင်ရာ​တွင် ကိုယ်တော်​သည် ဆိတ်​နှင့် နွားသငယ်တို့​၏ အသွေး​ဖြင့် မဟုတ်ဘဲ မိမိ​ကိုယ်တိုင်​၏ အသွေးတော်​ဖြင့် တစ်ကြိမ်တည်း​နှင့် အပြီး​ပူဇော်​၍ ကျွန်ုပ်တို့​အား ထာဝရ​ရွေးနုတ်ခြင်း​အကျိုး​ကို ခံစားစေခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ တစ်​ကြိမ်​တည်း​အ​ပြီး​အ​ပိုင်​ဝင်​တော်​မူ သော​အ​ခါ၊ ယဇ်​ပူ​ဇော်​ရန်​ဆိတ်​သွေး၊ နွား​သွေး နှင့်​ဝင်​တော်​မ​မူ။ မိ​မိ​ကိုယ်​တော်​တိုင်​၏​သွေး နှင့်​ဝင်​တော်​မူ​၍ ငါ​တို့​အား​ထာ​ဝ​ရ ကယ်​တင်​ခြင်း​ကို​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ငါ​တို့​အ​ဖို့ ထာ​ဝ​ရ​ရွေး​နုတ်​ခြင်း ကျေး​ဇူး​ကို​ခံ​ရ၍ ဆိတ်​အ​သွေး၊ နွား​က​လေး​အ​သွေး​နှင့် မ​ဟုတ်၊ မိ​မိ​အ​သွေး​တော်​နှင့် သန့်​ရှင်း​ရာဌာ​န​ထဲ​သို့ တစ်​ခါ​တည်း ဝင်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ဆိတ်​နှင့်​နွားသငယ်​တို့​၏​သွေး​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​သွေး​တော်​အားဖြင့် သန့်ရှင်း​ရာ​ဌာန​ထဲသို့ တစ်ကြိမ်တည်း​နှင့်​အပြီး​ဝင်​တော်မူ​၍ ထာဝရ​ရွေးနုတ်​ကယ်တင်​ခြင်း​အကျိုး​ကို သက်ရောက်​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 9:12
32 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် သန့်ရှင်းသော​ဝိညာဉ်တော်​ကို စော်ကား​ပြောဆိုသော​သူ​မှာမူ မည်သည့်​အခါမျှ ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။ ထာဝရ​ပြစ်ဒဏ်​ကို ခံထိုက်သော​သူ​ဖြစ်သည်” ဟူ၍​ဖြစ်၏။


“အစ္စရေးလူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​ကို ချီးမွမ်းကြပါစေသော။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် မိမိ​လူမျိုး​ထံသို့​ကြွလာတော်မူ​၍ ရွေးနုတ်ကယ်တင်တော်မူခဲ့​သောကြောင့် ဖြစ်၏။


ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


ဘုရားသခင်​၏ ကျေးဇူးတော် ကြွယ်ဝလှ​သဖြင့် ကျွန်ုပ်တို့​သည် သားတော်​နှင့် သားတော်​၏ အသွေးတော်​အားဖြင့် ရွေးနုတ်ခံကြရ၏။ ထို​ရွေးနုတ်ခြင်း​သည် အပြစ်​ခွင့်လွှတ်ခြင်း​ပင် ဖြစ်၏။


ကျွန်ုပ်တို့​သည်လည်း ထို​သားတော်​ပြုသော အမှု​ကြောင့် ရွေးနုတ်ခြင်း​ကို ခံစားရ​၍ အပြစ်​ခွင့်လွှတ်ခြင်း​ကို ခံရကြ၏။


ထို့ပြင် ကောင်းကင်းဘုံ​မှ ကြွလာမည့် သားတော်​ကို သင်တို့​မည်သို့ မျှော်လင့်ကြောင်း​ကိုလည်း သူတို့​ပြောပြကြ၏။ ဘုရားသခင်​သည် ထို​သားတော်​ကို သေခြင်း​မှ ထမြောက်စေတော်မူ​ပြီး ထို​သားတော်​သည် ကျရောက်လာမည့်​ဘုရားသခင်​၏ အမျက်တော်​မှ ကျွန်ုပ်တို့​ကို ကယ်တင်တော်မူသော ယေရှု​ဖြစ်၏။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


သားတော်​သည် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​နှင့် ထွန်းတောက်​လျက်​ရှိပြီး ဘုရားသခင်​၏ စစ်မှန်သည့် စရိုက်​လက္ခဏာ​ကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်​သည် မိမိ​၏​တန်ခိုးကြီးသော အမိန့်တော်​ဖြင့် အရာ​အားလုံး​ကို တည်တံ့​စေတော်မူ​ကာ လောကီသားတို့​၏ အပြစ်များ​ကို ဖယ်ရှား​ပြီးနောက် အထက်​ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ယေရှု​၏ အသွေးတော်​အားဖြင့် သန့်ရှင်းရာ​ဌာနတော်​သို့ ယုံကြည်စိတ်ချ​စွာ ဝင်နိုင်၏။


အဘယ်ကြောင့်ဆိုသော် နွားထီး​နှင့် ဆိတ်တို့​၏ သွေး​သည် အပြစ်​ကို မဖယ်ရှားနိုင်​သောကြောင့်​ဖြစ်၏။


ထို​နည်းတူ ယေရှု​သည် လူတို့​ကို မိမိ​အသွေး​အားဖြင့် စင်ကြယ်​စေရန် မြို့တံခါး​အပြင်​၌ အသေခံတော်မူ၏။


ကိုယ်တော်​သည် ပြီးပြည့်စုံ​လာသည့်​အတွက် မိမိ​ကို နာခံ​သူအပေါင်းတို့​အား ထာဝရ​ကယ်တင်ခြင်း​ကို ပေးတော်မူသော​အရှင်​ဖြစ်လာ၏။


အခြား​ယဇ်ပုရောဟိတ်မင်းများ​သည် မိမိတို့​အပြစ်​အတွက် သော်လည်းကောင်း၊ လူတို့​၏ အပြစ်​အတွက်​သော်လည်းကောင်း နေ့တိုင်း​ယဇ်ပူဇော်ရ​သော်လည်း ကိုယ်တော်​သည် ထိုသို့​ပူဇော်​ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် လူတို့​၏ အပြစ်​အတွက် မိမိ​အသက်​ကို ပူဇော်​စဉ်က တစ်ကြိမ်တည်း​နှင့် အပြီး ပူဇော်​သောကြောင့်​ဖြစ်၏။


လူတို့​၏ ခန္ဓာ​အပြင်ပန်း​ကို စင်ကြယ်​စေရန် ဆိတ်သွေး၊ နွားထီး​၏​သွေး​နှင့် နွားမတမ်း​၏​ပြာ​တို့​ကို ညစ်ညမ်းသော​သူတို့​အပေါ် ဖျန်း​ကြ၏။


ထိုသို့​ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်​ကို ဝတ်ပြုနိုင်​စေရန် ကျွန်ုပ်တို့​၏​အသိစိတ်​ကို သေခြင်း​သို့ ပို့ဆောင်ပေးသော​အပြစ်​မှ စင်ကြယ်​စေရန်​အတွက် ထာဝရ​ဝိညာဉ်တော်​အားဖြင့် အပြစ်အနာအဆာ​ကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်​ထံ ပူဇော်​သည့် ခရစ်တော်​၏​အသွေးတော်​သည် ပို၍​သာလွန်သည် မဟုတ်ပါလော။


ဤသို့ဖြင့် ရွေးချယ်ခြင်း​ခံရသူများ​သည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရ​အမွေကို ရရှိ​နိုင်ရန် ခရစ်တော်​သည် ပဋိညာဉ်သစ်​၏ ကြားဝင်​စေ့စပ်သူ​ဖြစ်တော်မူ၏။ အကြောင်း​မှာ ခရစ်တော်​သည် ထို​ပထမ​ပဋိညာဉ်​အောက်​တွင် လူတို့​ကျူးလွန်ခဲ့သော အပြစ်များ​ကို လွတ်မြောက်​စေရန် အသေခံတော်မူခဲ့​သောကြောင့်​ဖြစ်၏။


မောရှေ​သည် လူ​အပေါင်းတို့​အား ဘုရားသခင်​၏ ပညတ်ချက်​တစ်ခု​စီတိုင်း​ကို ကြေညာ​ပြီးလျှင် နွားသငယ်တို့​၏ အသွေး၊ ဆိတ်သွေး​ကို ရေ​နှင့်​ရော​ကာ ဟုဿုပ်ပင်​၏ အညွန့်​နှင့် နီသော​သိုးမွေး​ကို အသုံးပြု​၍ ကျမ်းစာလိပ်​နှင့်တကွ လူအပေါင်း​တို့ကို ဖျန်းလေ၏။


ခရစ်တော်​သည် လူ​များစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန် မိမိ​ကိုယ်ကိုယ် တစ်ကြိမ်တည်း​သာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များ​ကို ဖယ်ရှား​ရန် မဟုတ်ဘဲ ကိုယ်တော်​ကို စောင့်မျှော်နေ​သူတို့​အား ကယ်တင်​ရန် ဒုတိယ​အကြိမ်​ပေါ်ထွန်းတော်မူ​လိမ့်မည်။


ဒုတိယ​အခန်း​ထဲသို့​မူ ယဇ်ပုရောဟိတ်မင်းကြီး တစ်ပါးတည်း​ကသာ တစ်နှစ်​လျှင် တစ်ကြိမ်တည်း​ဝင်ရ၏။ ထိုသို့​ဝင်​သောအခါ မိမိ​၏​အပြစ်များ​နှင့် လူတို့​၏ မသိ​နားမလည်ဘဲ​ကျူးလွန်မိသော​အပြစ်များ​အတွက် သွေး​ကို ယူဆောင်​၍ ပူဇော်​ရ၏။


ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်​ပါစေသော။ ယေရှု​ခရစ်တော်​သည် သစ္စာရှိသော​သက်သေခံ၊ သေခြင်း​မှ အဦးဆုံး​ထမြောက်သောသူ၊ လောကီ​ဘုရင်တို့​၏​မင်း ဖြစ်တော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်​၍ အသေခံတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ လွတ်မြောက်စေတော်မူ၏။


သူတို့​သည် သီချင်းသစ်​တစ်ပုဒ်​ကို သီဆိုကြ၏။ ထို​သီချင်း​မှာ “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ တံဆိပ်​ကို​ခွာ​၍ ဖွင့်​ရန် ထိုက်တန်သော​အရှင်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် အသေ​သတ်ခံရ​၍ မျိုးနွယ်စု​အသီးသီး၊ ဘာသာစကား​အသီးသီး​ပြောသည့်​သူများ၊ လူမျိုး​အသီးသီး​နှင့် တိုင်းနိုင်ငံ​အသီးသီးတို့​ကို ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဘုရားသခင်​အတွက် ရွေးနုတ်​ကယ်တင်​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ