Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 5:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ဘု ရား သ ခင် သည် ငါ တို့ ကို ခ ရစ် တော် ကြောင့် ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း ဖြစ် စေ ရန် အ ပြစ် ကင်း သော ထို အ ရှင် ကို ငါ တို့ အ တွက် အ ပြစ် ဖြစ် စေ တော် မူ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ဘုရားသခင်​သည် အပြစ်​ကင်းစင်​သော​အရှင်​ကို ငါ​တို့​အတွက် အပြစ်​ဖြစ်​သွား​စေ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ထို​အရှင်​အားဖြင့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်လာ​မည့်​အကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 5:21
30 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်တမန်​က “သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင့်​အပေါ်​၌ သက်ရောက်တော်မူ​၍ အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​တန်ခိုးတော်​သည် သင့်​ကို လွှမ်းခြုံ​လိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသော​သူငယ်​သည် ဘုရားသခင်​၏​သား​ဟု ခေါ်ဝေါ်ခြင်း​ကို ခံရ​လိမ့်မည်။


သင်တို့​သည် သန့်ရှင်း​ဖြောင့်မတ်သော​သူ​ကို ငြင်းပယ်​၍ လူသတ်သမား​တစ်ဦး​ကို လွှတ်ပေး​ရန် တောင်းဆိုကြ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို မည်သို့​ဖြောင့်မတ်​စေတော်မူကြောင်း ထို​သတင်းကောင်း​က ဖော်ပြ၏။ ထိုသို့​ဖြောင့်မတ်​ရန် ယုံကြည်ခြင်း​နှင့် စတင်​၍ ယုံကြည်ခြင်း​နှင့် အဆုံးသတ်၏။ ဤ​အရာ​သည် ကျမ်းစာ​၌ “ဖြောင့်မတ်သောသူ​သည် ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


ထို​အရှင်​သည် ကျွန်ုပ်တို့​၏ အပြစ်များ​ကြောင့် အသေခံ​ရန် အပ်နှံခြင်း​ကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​စေရန်​လည်း ရှင်ပြန်​ထမြောက်တော်မူခဲ့၏။


လူတစ်ဦး​၏ မနာခံခြင်း​ကြောင့် လူများစွာတို့​သည် အပြစ်သားများ​အဖြစ် သတ်မှတ်ခြင်း​ခံကြရ​သကဲ့သို့ လူတစ်ဦး​၏ နာခံခြင်း​ကြောင့် လူများစွာတို့​သည် ဖြောင့်မတ်သူများ​အဖြစ် သတ်မှတ်ခြင်း​ခံကြရ၏။


သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။


မည်သူမဆို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်လျှင် အသစ်​ဖန်ဆင်းခံရသူ​ဖြစ်၏။ ထို​သူ​၏ ဘဝဟောင်း​သည် ပြီးဆုံး​၍ ဘဝသစ်​သည် အစပြု၏။


“သစ်တိုင်​ပေါ်တွင် ဆွဲထားခြင်း​ခံရသောသူ​တိုင်း ကျိန်စာသင့်သူ​ဖြစ်၏” ဟု ကျမ်းစာ​၌ ရေးသားထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​ကိုယ်စား ကျိန်စာသင့်သူ​အဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့​ကို ပညတ်တရား​၏ ကျိန်စာသင့်ခြင်း​ထဲမှ လွတ်မြောက်စေတော်မူ၏။


ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။


ခရစ်တော်​နှင့် တပေါင်းတစည်းတည်း အသက်ရှင်​ရန် ဖြစ်၏။ ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ရရှိသော ကျွန်ုပ်​၏ ဖြောင့်မတ်ခြင်း​ကို အားမကိုးတော့ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း​ကိုသာ အားကိုး၏။ ထို​ဖြောင့်မတ်ခြင်း​သည် ဘုရားသခင်​သတ်မှတ်တော်မူသော​အရာ ဖြစ်ပြီး ယုံကြည်ခြင်း​ကို အခြေခံ​၍ ရရှိသော​ဖြောင့်မတ်ခြင်း ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​သည် ကျွန်ုပ်တို့​၏ အားနည်းချက်များ​ကို မစာနာမထောက်ထားနိုင်​သူ မဟုတ်။ ကိုယ်တော်​သည် ကျွန်ုပ်တို့​နည်းတူ ဖြားယောင်း​သွေးဆောင်မှု​အမျိုးမျိုး​ကို တွေ့ကြုံခဲ့သော​အရှင်​ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်​သည် အပြစ်​နှင့်​ကင်းလွတ်တော်မူ၏။


ထို​ယဇ်ပုရောဟိတ်မင်း​သည် သန့်ရှင်းသူ၊ အပြစ်​ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့​နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ​၌ အကြီးမြတ်ဆုံးသော နေရာ​သို့ ချီးမြှောက်​ခံရသူ​ဖြစ်​သောကြောင့် ကျွန်ုပ်တို့​လိုအပ်နေသော​ယဇ်ပုရောဟိတ်မင်း​မျိုး ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည်လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး အသေ​ခံတော်မူ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို ဘုရားသခင်​ထံ ပို့ဆောင်​ရန် ဖြောင့်မတ်သော​အရှင်​သည် မဖြောင့်မတ်သောသူတို့​ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာ​အားဖြင့် သေ​သော်လည်း ဝိညာဉ်​အားဖြင့် ပြန်ရှင်တော်မူ၏။


ကိုယ်တော်​သည် ကျွန်ုပ်တို့​၏​အပြစ်များ​ကို ချေဖျက်​ရန် ကြွလာတော်မူသည်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​၌ မည်သည့်​အပြစ်​မျှ မရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ