Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 6:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ဘုရားသခင်​၏ ဗိမာန်တော်​သည် ရုပ်တုတို့​နှင့် မည်သို့ ပတ်သက်​စပ်လျဉ်းမှု​ရှိ​မည်နည်း။ ဘုရားသခင်​က “ငါ​သည် သူတို့​နှင့်အတူ နေထိုင်​၍ သူတို့​ထဲတွင် သွားလာမည်။ ငါ​သည် သူတို့​၏ ဘုရားသခင်​ဖြစ်​၍ သူတို့​သည်လည်း ငါ​၏ လူမျိုး​ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​သည် အသက်ရှင်တော်မူသော​ဘုရားသခင်​၏ ဗိမာန်​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည်​ရုပ်​တု​များ နှင့်​မည်​သို့​သ​ဘော​တူ​ညီ​ချက်​ရှိ​နိုင်​ပါ​အံ့ နည်း။ ငါ​တို့​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​က၊ ``ငါ​သည်​ငါ​၏​လူ​စု​တော်​တွင်​ကျိန်း​ဝပ်​မည်။ သူ​တို့​ထံ​တွင်​စံ​တော်​မူ​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ​တို့​သည် လည်း ငါ​၏​လူ​စု​တော်​ဖြစ်​လိမ့်​မည်''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဘု ရား သ ခင့် ဗိ မာန် တော် နှင့် ရုပ် ပွား ဆင်း တု များ သည် မည် သို့ ဆိုင် အံ့ နည်း။ ငါ သည် သူ တို့ ဘောင် တွင် ကိန်း ဝပ် လျက် စင်္ကြံ ကြွ ရာ သူ တို့ ဘု ရား သ ခင် ဖြစ် မည်။ သူ တို့ လည်း ငါ့ လူ မျိုး ဖြစ် လိမ့် မည် ဟု ဘု ရား သ ခင့် ဗျာဒိတ် တော် ရှိ သည့် အ တိုင်း ပင် ငါ တို့ သည် အ သက် ရှင် သော ဘု ရား သ ခင့် ဗိ မာန် တော် ဖြစ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သည် ရုပ်​တု​တို့​နှင့် အ​ဘယ်​သို့ စပ်​ဆိုင်​ရ​မည်​နည်း။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​တွင် ငါ​ကျိန်း​ဝပ်​မည်။ သူ​တို့​တွင်​လှည့်​လည်၍ သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ဘုရားသခင်​၏​ဗိမာန်​တော်​နှင့်​ရုပ်တု​တို့​အကြား​၌ မည်သို့သော​သဘော​တူညီ​မှု​ရှိ​သနည်း။ ဘုရားသခင်​က “ငါ​သည် သူ​တို့​အထဲတွင်​ကိန်းဝပ်​လျက် သူ​တို့​အလယ်၌​သွားလာ​ကာ သူ​တို့​၏​ဘုရားသခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​သည် အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​ဗိမာန်​တော်​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 6:16
60 ပူးပေါင်းရင်းမြစ်များ  

ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်တော်မူသည့် ဘုရားသခင်​၏​သားတော်​ဟူသော ခရစ်တော်​ဖြစ်၏” ဟု လျှောက်လေ၏။


မည်သူ​မျှ သခင်​နှစ်ဦး​ကို အစေမခံနိုင်ပေ။ သခင်​တစ်ဦး​ကို မုန်း​၍ ကျန်​တစ်ဦး​ကို ချစ်မည်။ သို့မဟုတ် သခင်​တစ်ဦး​ကို ကြည်ညိုလေးစား​၍ ကျန်​တစ်ဦး​ကို မခန့်လေးစားပြုမည်။ သင်တို့​သည် ဘုရားသခင်​နှင့် ငွေ​အား တစ်ချိန်တည်း​တွင် အစေခံ​ရန် မဖြစ်နိုင်ပါ။


ထို့နောက် ယေရှု​သည် သာဓက​တစ်ခု​ကို သုံး​၍ မိန့်တော်မူသည်​မှာ “မည်သူ​မျှ အထည်သစ်​မှ ပိတ်စ​ကို​ဆုတ်ဖြဲ​၍ ပိတ်ထည်ဟောင်း​ကို ဖာလေ့​မရှိ။ ထိုသို့​ပြု​လျှင် အထည်သစ်​သည် ပျက်စီး​၍ ထို​ဖာထေး​ရာတွင် သုံးသည့်​ပိတ်စသစ်​သည်လည်း အထည်ဟောင်း​နှင့် လိုက်ဖက်မည်​မဟုတ်။


ယေရှု​က “ငါ့​ကို ချစ်သောသူ​သည် ငါ့​စကား​ကို လိုက်နာ​လိမ့်မည်။ ငါ့​ခမည်းတော်​သည် ထို​သူ​ကို ချစ်​လိမ့်မည်။ ငါ့​ခမည်းတော်​နှင့် ငါ​သည်လည်း ထို​သူ​ထံသို့ လာ​၍ သူ​နှင့်အတူ နေထိုင်မည်။


ငါ့​အသား​ကို စား​၍ ငါ့​အသွေး​ကို သောက်သောသူ​သည် ငါ့​အထဲ​၌​တည်ရှိ၏။ ငါ​သည်လည်း ထို​သူ့​အထဲ​၌​တည်ရှိ၏။


ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်စေတော်မူသော ဘုရားသခင်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသော ထို​ဝိညာဉ်တော်​အားဖြင့် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကိုပင် ရှင်စေတော်မူ​လိမ့်မည်။


သို့သော် ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်​၏ ဝိညာဉ်တော်​ကို မရသောသူ​သည် ခရစ်တော်​နှင့် မသက်ဆိုင်။


ထို့ပြင် ‘သင်တို့​သည် ငါ့​လူမျိုး​မဟုတ်’ ဟု ပြောဆို​ခံခဲ့ရသော ထို​အရပ်​၌ပင် သူတို့​သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်​၏ သားသမီးများ’ ဟု အခေါ်​ခံရကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။


သင်တို့​သည် သခင်ဘုရား​၏ ခွက်​ကို သောက်​လျှင် နတ်ဆိုးတို့​၏ ခွက်​ကို သောက်​၍ မရပေ။ သင်တို့​သည် သခင်ဘုရား​၏​စားပွဲ​၌ စား​လျှင် နတ်ဆိုးတို့​၏ စားပွဲ​၌ စား​၍ မရပေ။


သင်တို့​၏ ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံတော်​မှ သင်တို့​လက်ခံရရှိထားသည့် ဝိညာဉ်တော်​ဟူသော သင်တို့​အထဲ​၌ ကိန်းဝပ်နေသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဗိမာန်​ဖြစ်သည်​ကို မသိကြသလော။ သင်တို့​သည် မိမိကိုယ်ကိုယ် မပိုင်ကြ။


သင်တို့​သည် တမန်တော်များ​နှင့် ပရောဖက်များ​၏ အုတ်မြစ်​ပေါ်တွင် တည်ဆောက်သော အဆောက်အအုံ​ကဲ့သို့ ဖြစ်ကြပြီး ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။


သင်တို့​သည်လည်း ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ဖြစ်ကြ​သောကြောင့် ဝိညာဉ်တော်​အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာ​နေရာ​အဖြစ် အခြားသူတို့​နှင့်အတူ တည်ဆောက်ခံရ​လျက် ရှိကြ၏။


သင်တို့​၏ ယုံကြည်ခြင်း​ကြောင့် ခရစ်တော်​သည် သင်တို့​၏​နှလုံးသား​ထဲ၌ ကိန်းဝပ်တော်မူ​ရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့​သည် မေတ္တာတော်​၌ အမြစ်တွယ်​၍ တည်နေ​သဖြင့်


သို့မှသာ ကျွန်ုပ်​၏​ခရီး ကြန့်ကြာနေခဲ့လျှင်​လည်း ဘုရားသခင်​၏ အိမ်တော်​တွင် မည်သို့ ပြုမူရမည်​ကို သင်​သိနိုင်မည်။ ထို​အိမ်တော်​သည် အသက်ရှင်သော​ဘုရားသခင်​၏ အသင်းတော်​ဖြစ်ပြီး သမ္မာတရား​၏ မဏ္ဍိုင်​နှင့် အုတ်မြစ်​လည်း ဖြစ်၏။


သင့်​ထံ၌ အပ်ထားသော​သတင်းကောင်း​တရား​ကို ကျွန်ုပ်တို့​ထဲ၌ ကိန်းဝပ်တော်မူသည့်​သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ကာကွယ်​စောင့်ရှောက်လော့။


သို့သော် ခရစ်တော်​သည် သားတော်​တစ်ပါး​အဖြစ် ဘုရားသခင်​၏ အိမ်တော်​ကို အုပ်စိုးရာ​တွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့​၏ စိတ်ချယုံကြည်မှု​နှင့်​ဂုဏ်ယူ​ဝင့်ကြွားစရာ မျှော်လင့်ခြင်း​ကို ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ကိုယ်တော်​၏​အိမ်တော်​ဖြစ်ကြ၏။


ထာဝရဘုရား​မိန့်တော်မူသည်​မှာ ထို​ကာလ​ပြီးနောက် ငါ​သည် အစ္စရေး​လူမျိုးတို့​နှင့် ပဋိညာဉ်​ဖွဲ့မည်။ ငါ့​ပညတ်တရား​ကို သူတို့​အသိဉာဏ်​၌ ထည့်သွင်း​၍ သူတို့​၏ နှလုံးသား​၌ ရေးထားမည်။ ငါ​သည် သူတို့​၏​ဘုရား​ဖြစ်​ပြီး သူတို့​သည် ငါ​၏​လူများ​ဖြစ်ကြ​လိမ့်မည်။


“ဘုရားသခင်​သည် ကျွန်ုပ်တို့​အထဲ​၌ ရှင်သန်စေတော်မူသည့် လူ့​စိတ်ဝိညာဉ်​အား မိမိ​ကိုသာ ကိုးကွယ်​စေလိုသော​သဝန်တိုစိတ်​ဖြင့် တောင့်တတော်မူ၏” ဟူ၍ ကျမ်းစာ​၌ အကြောင်းမဲ့ ဖော်ပြသည်​ဟု သင်တို့​ထင်သလော။


သင်တို့​သည်လည်း အသက်ရှင်သော​ကျောက်များ​ကဲ့သို့ ဝိညာဉ်ရေးရာ​အိမ်တော်​တည်ဆောက်ရာ​တွင် ပါဝင်​အသုံးခံကြ၏။ ဤ​သည်​မှာ သင်တို့​သည် သန့်ရှင်းသော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​၍ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​နှစ်သက်ဖွယ် ဝိညာဉ်ရေးရာ​ပူဇော်စရာများ​ကို ပူဇော်​နိုင်ရန်​ဖြစ်၏။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်ကြ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံ​လျက်​ရှိပြီ။


တစ်စုံတစ်ယောက်​က ယေရှု​သည် ဘုရားသခင်​၏​သားတော်​ဖြစ်ကြောင်း​ကို ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ သူ​သည်လည်း ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။


ဧဖက်မြို့​၌​ရှိသော အသင်းတော်​၏ ကောင်းကင်တမန်​ထံသို့ စာရေးလော့။ လက်ယာလက်​၌ ကြယ်​ခုနစ်လုံး​ကို ကိုင်ဆောင်​၍ ရွှေ​ဆီမီးတိုင်​ခုနစ်တိုင်​ကြားတွင် သွားလာသော​သူ​က ဤ​သို့​မိန့်တော်မူ၏။


ထို့နောက် ရာဇပလ္လင်တော်​မှ ကျယ်လောင်သော​အသံ​ကို ကျွန်ုပ်​ကြားရ၏။ ထို​အသံ​မှာ “ကြည့်လော့။ ဘုရားသခင် စံမြန်းရာ​နေရာ​သည် လူတို့​တွင် ရှိ​၍ သူတို့​နှင့်အတူ စံမြန်းတော်မူမည်။ သူတို့​သည် ကိုယ်တော်​၏​လူများ​ဖြစ်ကြပြီး ဘုရားသခင်​ကိုယ်တိုင် သူတို့​နှင့်အတူ ရှိနေ​၍ သူတို့​၏​ဘုရားသခင် ဖြစ်တော်မူ​လိမ့်မည်။


အောင်မြင်သော​သူ​သည် ဤ​အရာများ​ကို အမွေခံရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်မည်။ သူတို့​သည် ငါ​၏​သားသမီးများ​ဖြစ်ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ