Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 11:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 သင်​သည် သဘာဝ​အတိုင်း ရိုင်းသော​သံလွင်ပင်​မှ ခုတ်ဖြတ်ခြင်း​ခံရ​ပြီး ကောင်းသော​သံလွင်ပင်​၌ သဘာဝ​နှင့်​ဆန့်ကျင်​လျက် ကိုင်းဆက်ကူးခြင်း​ခံရ​လျှင် မူရင်း​အကိုင်းအခက်တို့​ကိုမူ ၎င်းတို့​၏​အပင်​၌ ပို၍​ပင် ကိုင်းဆက်ကူး​စေနိုင်မည်​မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​မိ​မိ​တို့​၏ န​ဂို​မူ​ရင်း​ရိုင်း​သော​သံ​လွင်​မှ​ခုတ်​ဖြတ်​၍ သင် တို့​၏​န​ဂို​မူ​ရင်း​မ​ဟုတ်​သည့်​ယဉ်​သော​သံ​လွင် တွင်​ကိုင်း​ဆက်​စိုက်​ပျိုး​တော်​မူ​ပါ​လျှင် ယဉ်​သော သံ​လွင်​၏​န​ဂို​မူ​ရင်း​အ​ကိုင်း​များ​ဖြစ်​သည့် ယု​ဒ​အ​မျိုး​သား​တို့​အား မူ​ရင်း​သံ​လွင်​ပင် တွင်​ပို​မို​လွယ်​ကူ​စွာ​ပြန်​လည်​ကိုင်း​ဆက် စိုက်​ပျိုး​တော်​မူ​မည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ပြ က တေ့ အ တိုင်း ရိုင်း သော သံ လွင် ပင် မှ ဖြတ် ယူ သော သင့် ကို ယဉ် သော သံ လွင် ပင်၌ ပြ က တေ့ နှင့် ဆန့် ကျင် လျက် ဆက် ထား တော် မူ လျှင် ပြ က တေ့ အ ခက် များ ကို မူ ရင်း သံ လွင် ပင် မ၌ သာ၍ ပြန် ဆက် တော် မူ မည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ပ​က​တိ​ရိုင်း​သော သံ​လွင်​ပင်​မှ သင့်​ကို​ခုတ်​ယူ၍၊ ကောင်း​သော သံ​လွင်​ပင်၌ ပ​က​တိ​ကို မ​လိုက်​ဘဲ ဆက်၍​စိုက်​သည် မှန်​လျှင်၊ ပ​က​တိ​အ​ခက်​ဖြစ်​သော ထို​သူ​တို့​သည် မိ​မိ​တို့​သံ​လွင်​ပင်၌ ဆက်၍​စိုက်​သော​အ​ခွင့်​ကို သာ၍​ရ​ကြ​မည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 အဘယ်ကြောင့်​ဆိုသော် သင်​သည် သဘာဝ​အတိုင်း ရိုင်း​သည့်​သံလွင်​ပင်​မှ ခုတ်ဖြတ်​ခံရ​၍ ကောင်း​သည့်​သံလွင်ပင်​၌ သဘာဝ​နှင့်​ဆန့်ကျင်​လျက် ကိုင်းဆက်ကူး​ခြင်း​ခံရ​သည်​မှန်​လျှင် သဘာဝ​အတိုင်း ကောင်း​သည့်​သံလွင်​ပင်​၏​အကိုင်း​များ​ကို​မူကား မူရင်း​သံလွင်​ပင်​၌ မည်မျှ​ပို၍​လွယ်ကူ​စွာ ကိုင်းဆက်ကူး​နိုင်​လိမ့်မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 11:24
4 ပူးပေါင်းရင်းမြစ်များ  

အစ္စရေးလူမျိုးတို့​သည် မယုံကြည်သော​စိတ်​ကို စွန့်​လျှင် ကိုင်းဆက်ကူးခွင့်​ကို ပြန်​၍ ရကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် သူတို့​ကို ပြန်​၍ ကိုင်းဆက်ကူး​စေရန် တတ်နိုင်တော်မူ​သောကြောင့် ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် မိမိ​ကိုယ်ကိုယ် ပညာရှိ​လှသည်​ဟူ၍ မထင်မှတ်​စေရန် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​နားလည်​စေလို၏။ ထို​လျှို့ဝှက်နက်နဲသော​အရာ​မှာ အစ္စရေးလူမျိုး​တချို့​၏ စိတ်နှလုံး​သည် အစဉ်​မာကျောနေမည်​မဟုတ်ဘဲ ခရစ်တော်​ထံ ရောက်လာမည့် လူမျိုးခြား​အရေအတွက် ပြည့်စုံလာသည်​အထိ​သာ ဖြစ်​လိမ့်မည်။


ယခင်က သင်တို့​သည် ဘုရားသခင်​ကို မနာခံခဲ့ကြ​သော်လည်း ယခု​တွင်မူ အစ္စရေးလူမျိုးတို့​၏ မနာခံခြင်း​ကြောင့် သင်တို့​သည် ဘုရားသခင်​၏​သနားကြင်နာခြင်း​ကို ခံရကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ