Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ တိ 3:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သို့မှသာ ကျွန်ုပ်​၏​ခရီး ကြန့်ကြာနေခဲ့လျှင်​လည်း ဘုရားသခင်​၏ အိမ်တော်​တွင် မည်သို့ ပြုမူရမည်​ကို သင်​သိနိုင်မည်။ ထို​အိမ်တော်​သည် အသက်ရှင်သော​ဘုရားသခင်​၏ အသင်းတော်​ဖြစ်ပြီး သမ္မာတရား​၏ မဏ္ဍိုင်​နှင့် အုတ်မြစ်​လည်း ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ရာ​တွင်​အ​ကယ်​၍​ငါ​လာ​ရောက်​ရန်​နှောင့်​နှေး ကြန့်​ကြာ​နေ​ခဲ့​သော် ဘု​ရား​သ​ခင်​၏​အိမ်​ထောင် စု​သား​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​သင့်​သည် ကို​သင်​သိ​ရှိ​နိုင်​စေ​ရန် ဤ​စာ​ကို​ရေး​လိုက်​ရ ခြင်း​ဖြစ်​ပေ​သည်။ ထို​အိမ်​ထောင်​စု​ကား​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သခင်​၏​အ​သင်း​တော် ပင်​တည်း။ ထို​အ​သင်း​တော်​သည်​သမ္မာ​တ​ရား​၏ မဏ္ဍိုင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ငါ​နှောင့်နှေး​ခဲ့​လျှင်​ပင် သမ္မာတရား​၏​မဏ္ဍိုင်​နှင့်​အုတ်မြစ်​ဖြစ်​သည့် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​အသင်းတော်​တည်းဟူသော ဘုရားသခင်​၏​အိမ်​တော်​တွင် မည်ကဲ့သို့​အသက်ရှင်​နေထိုင်​ရ​မည်​ကို သင်​သိ​နိုင်​ရန်​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 3:15
55 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည်လည်း အသက်ရှင်သော​ကျောက်များ​ကဲ့သို့ ဝိညာဉ်ရေးရာ​အိမ်တော်​တည်ဆောက်ရာ​တွင် ပါဝင်​အသုံးခံကြ၏။ ဤ​သည်​မှာ သင်တို့​သည် သန့်ရှင်းသော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​၍ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​နှစ်သက်ဖွယ် ဝိညာဉ်ရေးရာ​ပူဇော်စရာများ​ကို ပူဇော်​နိုင်ရန်​ဖြစ်၏။


သင်တို့​ထံ ကျွန်ုပ်တို့​ရောက်ခဲ့​စဉ် သင်တို့​သည် ကျွန်ုပ်တို့​ကို မည်သို့ လက်ခံခဲ့ကြောင်း​ကိုလည်းကောင်း၊ အသက်ရှင်​၍ စစ်မှန်သည့် ဘုရားသခင်​ကို အစေခံ​ရန် သင်တို့​သည် ရုပ်တု​ကိုးကွယ်နေခဲ့ရာ​မှ ဘုရားသခင်​ထံ မည်သို့​ပြောင်းလဲခဲ့ကြောင်း​ကိုလည်းကောင်း ထို​ဒေသ​တွင် နေထိုင်သူများ​က ပြောပြကြ၏။


အသင်းတော်​၏ မဏ္ဍိုင်များ​ကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရု​နှင့် ယောဟန်​တို့​က ကျွန်ုပ်​အား ပေးထားသော​ကျေးဇူးတော်​ကို သဘောပေါက်​လျက် ကျွန်ုပ်တို့​အားလုံး​သည် လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြောင်း​ကို ပြသော​အားဖြင့် ဗာနဗ​နှင့် ကျွန်ုပ်​ကို လက်ဆွဲ​နှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့​သည် လူမျိုးခြား​ထံသို့ သွားရောက်​ဟောပြော​ရန်​နှင့် သူတို့​သည် ဂျူးလူမျိုး​ထံသို့ သွားရောက်​ဟောပြော​ရန် သဘောတူကြ၏။


စင်စစ် အဘက်ဘက်​၌ အကျိုး​များစွာ​ရှိ၏။ ဦးစွာ ဂျူးလူမျိုးတို့​သည် ဘုရားသခင်​၏​ဗျာဒိတ်တော်​ကို ခံယူ​ရရှိကြ၏။


ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်တော်မူသည့် ဘုရားသခင်​၏​သားတော်​ဟူသော ခရစ်တော်​ဖြစ်၏” ဟု လျှောက်လေ၏။


ထို့ပြင် ‘သင်တို့​သည် ငါ့​လူမျိုး​မဟုတ်’ ဟု ပြောဆို​ခံခဲ့ရသော ထို​အရပ်​၌ပင် သူတို့​သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်​၏ သားသမီးများ’ ဟု အခေါ်​ခံရကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။


ယေရှု​က “ငါ​သည် လမ်းခရီး​ဖြစ်၏။ သမ္မာတရား​လည်း ဖြစ်၏။ အသက်​လည်း ဖြစ်၏။ ငါ့​ကို အမှီ​မပြု​လျှင် မည်သူ​မျှ ခမည်းတော်​ထံသို့ မရောက်ရ။


ငါ​အမှန်​ဆိုရ​လျှင် ကမ္ဘာလောက​တွင် သင်တို့​တားမြစ်​သမျှ​သည် ကောင်းကင်ဘုံ​၌လည်း တားမြစ်​ခံရမည်။ ကမ္ဘာလောက​တွင် သင်တို့​ခွင့်ပြု​သမျှ​သည် ကောင်းကင်ဘုံ​၌လည်း ခွင့်ပြု​ခံရမည်။


ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်​၏ တံဆိပ်​ကို​ကိုင်​လျက် အရှေ့​အရပ်​မှ တက်လာသော ကောင်းကင်တမန်​တစ်ပါး​ကို ကျွန်ုပ်​မြင်ရ၏။ မြေကြီး​နှင့်​ပင်လယ်​ကို ဖျက်ဆီး​ရန်​အတွက် အခွင့်အာဏာ​ရရှိထားသော ကောင်းကင်တမန်​လေးပါး​အား သူ​က ကျယ်လောင်​စွာ ကြွေးကြော်သည်​မှာ


သို့သော် သင်တို့​သည် ဇိအုန်တောင်​သို့​လည်းကောင်း၊ ကောင်းကင်တမန်​ထောင်ပေါင်း​များစွာ စုဝေးရာ အသက်ရှင်တော်မူသော​ဘုရားသခင်​၏ မြို့တော်​တည်းဟူသော ကောင်းကင်ဘုံ​ရှိ ဂျေရုဆလင်မြို့​သို့​လည်းကောင်း၊


ညီအစ်ကို​မောင်နှမတို့… သင်တို့​၏ စိတ်နှလုံး​သည် ညစ်ညူး​၍ ယုံကြည်​ရန် ငြင်းဆန်​ကာ အသက်ရှင်သော ဘုရားသခင်​ထံမှ ထွက်မသွား​စေရန် သတိပြုကြလော့။


ဘုရားသခင်​တစ်ပါးတည်း​သာလျှင် သေခြင်း​နှင့်​ကင်းတော်မူ​၍ ကိုယ်တော်​သည် မည်သူ​မျှ မချဉ်းကပ်နိုင်သည့် အလင်း​၌ ကိန်းဝပ်တော်မူ၏။ ကိုယ်တော်​ကို မည်သူမျှ မမြင်ဖူး​သကဲ့သို့ မြင်​လည်း မမြင်နိုင်။ ကိုယ်တော်​၌ ဂုဏ်အသရေ​နှင့် ထာဝရ​ဘုန်းတန်ခိုး ရှိတော်မူပါစေသော။ အာမင်။


သို့ဖြစ်၍ လူအပေါင်းတို့​၏ ကယ်တင်ရှင်၊ အထူး​သဖြင့် ယုံကြည်သူတို့​၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်​တော်မူသော​ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် အားထုတ်​လုပ်ဆောင်​၍ ကြိုးစားကြ၏။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​တရား နက်နဲ​ဆန်းကြယ်ပုံ​သည် အမှန်တကယ်​ကြီးမြတ်​လှ၏။ သခင်ဘုရား​သည် လူသား​အဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်​၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်​အားဖြင့် ဖော်ပြခြင်း​ခံရတော်မူ၏။ ကိုယ်တော်​ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်​အကြောင်း​ကို လူမျိုးခြားတို့​ထံ ဟောပြောကြ၏။ ကိုယ်တော်​ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်​ကို ဘုန်းအသရေ​နှင့်တကွ ကောင်းကင်ဘုံ​သို့ ဘုရားသခင်​ခေါ်ယူတော်မူ၏။


သင်းအုပ်​သည် အပြစ်ဆိုဖွယ်​မရှိသူ၊ မယား​တစ်ယောက်တည်း​ရှိသူ၊ ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။


ထို​ယုံကြည်ခြင်း​နှင့်​ချစ်ခြင်း​သည် ကောင်းကင်ဘုံ​၌ သင်တို့​အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာ​အကြောင်း​ကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရား​ဟူသော သတင်းကောင်း​ကို သင်တို့ ပထမဆုံး​အကြိမ် ကြားနာရ​သောအခါ ထို​မျှော်လင့်ရာ​အကြောင်း​ကို သင်တို့ ကြားသိခဲ့ရ၏။


ယေရှု​၌ သမ္မာတရား ရှိသည့်​အတိုင်း သင်တို့​သည် ခရစ်တော်​အကြောင်း​ကို အမှန်​ပင် ကြားသိရပြီး ကိုယ်တော်​၏ အကြောင်း​ကို သင်ယူခဲ့ပြီ ဖြစ်၏။


အို မိုက်မဲသော ဂလာတိပြည်သားတို့… လက်ဝါးကပ်တိုင်​၌ ယေရှု​ခရစ်တော်​အသေခံတော်မူခဲ့ရပုံ​ကို သင်တို့​၏ မျက်စိ​ဖြင့် မြင်ခဲ့ရ​သကဲ့သို့​ပင် ကျွန်ုပ်​ရှင်းလင်း​စွာ ဖော်ပြခဲ့ပါ​လျက် မည်သူ​သည် သင်တို့​ကို ပြုစားလိုက်သနည်း။


ဘုရားသခင်​၏ ဗိမာန်တော်​သည် ရုပ်တုတို့​နှင့် မည်သို့ ပတ်သက်​စပ်လျဉ်းမှု​ရှိ​မည်နည်း။ ဘုရားသခင်​က “ငါ​သည် သူတို့​နှင့်အတူ နေထိုင်​၍ သူတို့​ထဲတွင် သွားလာမည်။ ငါ​သည် သူတို့​၏ ဘုရားသခင်​ဖြစ်​၍ သူတို့​သည်လည်း ငါ​၏ လူမျိုး​ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​သည် အသက်ရှင်တော်မူသော​ဘုရားသခင်​၏ ဗိမာန်​ဖြစ်ကြ၏။


“မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့​ပြုကြသနည်း။ ကျွန်ုပ်တို့​သည်လည်း သင်တို့​ကဲ့သို့ သာမန်လူများ​ပင် ဖြစ်ကြ၏။ သင်တို့​သည် ဤ​အဓိပ္ပာယ်မဲ့သော​အရာများ​ကို ကျောခိုင်း​၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် ထို​အရပ်တို့​၌ ရှိသမျှသော​အရာများ​ကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သော​ဘုရားသခင်​ထံသို့ လှည့်လာကြ​စေရန် ကျွန်ုပ်တို့​သည် သင်တို့​ထံ သတင်းကောင်း​ယူလာရခြင်း​ဖြစ်၏။


ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်းတော်မူသော​သူ​ဖြစ်တော်မူကြောင်း​ကို အကျွန်ုပ်တို့​ယုံကြည်​သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ပညတ်တရား​ကို မောရှေ​အားဖြင့် ပေးတော်မူ​သောကြောင့်​ဖြစ်၏။ သို့သော် ကျေးဇူးတရား​နှင့် သစ္စာတရား​ကို ယေရှု​ခရစ်တော်​အားဖြင့် ပေးတော်မူ၏။


ထိုသို့​ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်​ကို ဝတ်ပြုနိုင်​စေရန် ကျွန်ုပ်တို့​၏​အသိစိတ်​ကို သေခြင်း​သို့ ပို့ဆောင်ပေးသော​အပြစ်​မှ စင်ကြယ်​စေရန်​အတွက် ထာဝရ​ဝိညာဉ်တော်​အားဖြင့် အပြစ်အနာအဆာ​ကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်​ထံ ပူဇော်​သည့် ခရစ်တော်​၏​အသွေးတော်​သည် ပို၍​သာလွန်သည် မဟုတ်ပါလော။


စံအိမ်ကြီး​တစ်အိမ်​တွင် ရွှေငွေ​အသုံးအဆောင်များ​သာမက သစ်​နှင့် မြေထည်​အသုံးအဆောင်များ​လည်း ရှိ၏။ အချို့​အသုံးအဆောင်များ​ကို ဂုဏ်သရေရှိသော​အရာ​အတွက် အသုံးပြု​၍ အချို့​ကို ဂုဏ်သရေ​မဲ့သော​အရာ​အတွက် အသုံးပြု၏။


မိမိ​အိမ်ထောင်​ကို ဦးမဆောင်​မစီမံနိုင်​လျှင် ဘုရားသခင်​၏ အသင်းတော်​ကို မည်သို့ ပြုစု​စောင့်ရှောက်​နိုင်မည်နည်း။


သမ္မာတရား​ကို ဟောပြောခြင်း၊ ဘုရားသခင်​၏ တန်ခိုးတော်​ကို ပြခြင်းတို့​ဖြင့်​လည်းကောင်း၊ လက်ဝဲ လက်ယာ​၌ ကိုင်ဆောင်ထားသော ဖြောင့်မတ်ခြင်း​လက်နက်များ​အားဖြင့်​လည်းကောင်း၊


သင်တို့​သည် ကျွန်ုပ်တို့ ပြုစုသော ခရစ်တော်​ထံမှ​စာ​ဖြစ်ကြောင်း သိသာ​ထင်ရှား၏။ ဤ​စာ​သည် မင်​ဖြင့် ရေးသားထားသော​စာ မဟုတ်၊ အသက်ရှင်တော်မူသော​ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် ရေးသားထားသော​စာ​ဖြစ်၏။ ကျောက်ပြား​ပေါ်တွင် ရေးထွင်းထားသော​စာ​မဟုတ်၊ လူ့​နှလုံးသား​ပေါ်တွင် ရေးထွင်းထားသော​စာ​ဖြစ်၏။


ပိလတ်မင်း​က “ဤသို့ ဆို​လျှင် သင်​သည် ရှင်ဘုရင်လော” ဟု မေး​လျှင် ယေရှု​က “သင်​ဆိုသည့်​အတိုင်း ငါ​သည် ရှင်ဘုရင်​ဖြစ်၏။ ငါ​သည် သမ္မာတရား​ကို သက်သေခံ​ရန် မွေးဖွားခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့ လာ၏။ သမ္မာတရား​ကို ချစ်မြတ်နိုးသူ​တိုင်း​သည် ငါ့​စကား​မှန်ကန်ကြောင်း​ကို သိကြ၏” ဟု မိန့်တော်မူ၏။


သင်တို့​သည် ဘုရားသခင်​၏ ဗိမာန်တော်​ဖြစ်ကြသည်​ကို​လည်းကောင်း၊ ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသည်​ကို​လည်းကောင်း မသိကြသလော။


ကျွန်ုပ်​သည် လူများစွာ ကယ်တင်ခံရ​စေလို​သောကြောင့် ကိုယ်ကျိုး​ကို​မရှာဘဲ အများ​အကျိုး​ကိုသာ ရှာ​လျက် လုပ်ဆောင်လေ​ရာရာ​တွင် လူတိုင်း​၏ ကျေနပ်​နှစ်သက်မှု​ကို ရ​စေရန် ကြိုးစား၏။ သင်တို့​သည်လည်း ကျွန်ုပ်​ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်​၏​အသင်းတော် စသည်တို့​ကို ထိမိ​၍ လဲစရာ မဖြစ်​စေရန် ကြိုးစားကြလော့။


သင့်​ထံသို့ အမြန်​လာ​နိုင်ရန် မျှော်လင့်​သော်လည်း ဤ​အရာများ​ကို ဦးစွာ ရေးပို့လိုက်ပါ၏။


သို့ရာတွင် ဘုရားသခင်​ချထားတော်မူသည့် ခိုင်မာသော​အုတ်မြစ်​သည် ခိုင်ခံ့​မြဲမြံပြီး ဤ​အုတ်မြစ်​ပေါ်တွင် “ဘုရားသခင်​သည် မိမိ​လူတို့​ကို သိတော်မူ၏” ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​၏​လူ​ဖြစ်ကြောင်း ဝန်ခံသောသူတို့​သည် မကောင်းမှု​ကို စွန့်ရမည်” ဟူ၍​လည်းကောင်း တံဆိပ်ခတ်​ရေးထိုးထား၏။


ထို့ပြင် ကျွန်ုပ်တို့​တွင် ဘုရားသခင်​၏ အိမ်တော်​ကို အုပ်စိုး​သည့် ယဇ်ပုရောဟိတ်မင်း​ရှိ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​အိမ်တော်သားတို့​ကို ဦးစွာ တရားစီရင်မည့်​အချိန်​ရောက်လာ​သောကြောင့်​ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့​ကို ဦးစွာ တရားစီရင်​လျှင် ဘုရားသခင်​၏ သတင်းကောင်း​ကို မနာခံသော​သူတို့​၏ အဆုံးသတ်​သည် မည်သို့​ဖြစ်မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ