Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 2:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 “ကိုယ်တော်​သည် အပြစ်​မကျူးလွန်။ မည်သည့်​အခါ​မျှ မလိမ်လည်။”

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ကိုယ်​တော်​သည်​အ​ပြစ်​မ​ကူး၊ မု​သား​ကို လည်း​အ​ဘယ်​အ​ခါ​၌​မျှ​သုံး​တော်​မ​မူ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ထို အ ရှင် သည် အ ပြစ် ကို မ ပြု နှုတ် ထွက် တော် လည်း လှည့် စား ခြင်း မ တည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​သ​ခင်​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ နှုတ်​တော်၌​လည်း မု​သား​ကို​ရှာ​မ​တွေ့၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ ပြန်၍​မ​ကဲ့​ရဲ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ကိုယ်တော်​သည် အပြစ်​ကို​မ​ပြု။ ကိုယ်တော်​၏​နှုတ်​တော်​၌ မုသား​ကို​မ​တွေ့​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 2:22
16 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​၌ ပိလတ်မင်း​သည် တရားခွင်​တွင် ထိုင်​နေစဉ် သူ​၏ ဇနီး​က “ထို​အပြစ်ကင်းသော​သူ​အား မည်သည့်အရာ​ကို​မျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် မနေ့​ည​က အိပ်မက်တွင် ထို​သူ​နှင့်​ပတ်သက်၍ အလွန်​စိတ်ဒုက္ခ​ရောက်ရပါ၏” ဟု ပိလတ်မင်း​ထံသို့ သတင်းပို့လေ၏။


“ကျွန်ုပ်​သည် အပြစ်ကင်းသောသူ​ကို သစ္စာဖောက်​၍ အပြစ်​ကျူးလွန်မိပါပြီ” ဟု ဆို၏။ သို့သော် ထို​သူတို့​က “ဤ​ကိစ္စ​သည် ငါတို့​နှင့် မည်သို့​ဆိုင်သနည်း။ သင့်​ကိစ္စ​ကို သင်​ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။


ငါတို့​သည် အမှန်​ပင် ကိုယ့်​ပြစ်မှုများ​အတိုင်း ထိုက်သင့်သည့်​ပြစ်ဒဏ်​ကို တရား​စွာ​ခံရကြ၏။ သို့သော် ဤ​သူ​သည် မည်သည့်​ပြစ်မှု​ကို​မျှ မကျူးလွန်ပါ” ဟု ပြောဆို​ဆုံးမ၏။


ဤ​အဖြစ်အပျက်​ကို ရောမ​တပ်မှူး​သည် မြင်တွေ့​သောအခါ “ဤ​သူ​သည် အမှန်ပင်​ဖြောင့်မတ်သော​သူ ဖြစ်သည်” ဟု ဆို​ကာ ဘုရားသခင်​ကို​ချီးမွမ်းလေ၏။


မိမိ​ထံသို့ နာသနေလ​ချဉ်းကပ်လာသည်​ကို မြင်တော်မူ​သောအခါ ယေရှု​က “ရိုးသားလှသော အစ္စရေး​အမျိုးသား​စစ်စစ်​ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။


သင်တို့​အထဲမှ မည်သူ​သည် ငါ့​ထံတွင် အပြစ်ရှိသည်​ဟု စွပ်စွဲမည်နည်း။ ငါ​သည် သမ္မာတရား​ကို ပြောဆိုနေသည်​မှန်​လျှင် အဘယ်ကြောင့် သင်တို့​မယုံကြည်ကြသနည်း။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​သည် ကျွန်ုပ်တို့​၏ အားနည်းချက်များ​ကို မစာနာမထောက်ထားနိုင်​သူ မဟုတ်။ ကိုယ်တော်​သည် ကျွန်ုပ်တို့​နည်းတူ ဖြားယောင်း​သွေးဆောင်မှု​အမျိုးမျိုး​ကို တွေ့ကြုံခဲ့သော​အရှင်​ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်​သည် အပြစ်​နှင့်​ကင်းလွတ်တော်မူ၏။


ခရစ်တော်​သည် လူ​များစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန် မိမိ​ကိုယ်ကိုယ် တစ်ကြိမ်တည်း​သာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များ​ကို ဖယ်ရှား​ရန် မဟုတ်ဘဲ ကိုယ်တော်​ကို စောင့်မျှော်နေ​သူတို့​အား ကယ်တင်​ရန် ဒုတိယ​အကြိမ်​ပေါ်ထွန်းတော်မူ​လိမ့်မည်။


ကျွန်ုပ်​၏​သား​သမီးတို့… သင်တို့ အပြစ်​မကျူးလွန်​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်​အပြစ်ကျူးလွန်​လျှင် ခမည်းတော်​ထံတွင် ကျွန်ုပ်တို့​အတွက် ကူညီမစမည့်သူ​ဖြစ်သည့် ဖြောင့်မတ်သော​အရှင် ယေရှု​ခရစ်တော်​ရှိ၏။


ကိုယ်တော်​သည် ကျွန်ုပ်တို့​၏​အပြစ်များ​ကို ချေဖျက်​ရန် ကြွလာတော်မူသည်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​၌ မည်သည့်​အပြစ်​မျှ မရှိ။


သူတို့​သည် လိမ်လည်​ပြောဆိုသူများ​မဟုတ်ဘဲ အပြစ်​အနာအဆာ​ကင်းစင်သူများ​ဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ