Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 12:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 သို့ရာတွင် ငါ​သည် ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် ထို​နတ်ဆိုးတို့​ကို နှင်ထုတ်သည်​မှန်လျှင် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​ထံသို့ ရောက်လေပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​၏​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်။ ထို သို့​မှန်​လျှင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​တွင်​တည်​လျက်​ရှိ​ပေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ဘု ရား သ ခင်၏ ဝိ ညာဉ် တော် အား ဖြင့် နတ် များ ကို ငါ နှင် ထုတ် သည် မှန် လျှင် ဘု ရား သ ခင်၏ နိုင် ငံ တော် သည် သင် တို့ ထံ ရောက် နှင့် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ငါ​သည် ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သို့ရာတွင် ငါ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​ထံ​ရောက်ရှိ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 ငါ​သည် ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 12:28
23 ပူးပေါင်းရင်းမြစ်များ  

“ငါ​ရွေးကောက်တော်မူသော အစေခံ​ကို ကြည့်ကြလော့။ သူ​သည် ငါ​ချစ်မြတ်နိုးသူ၊ ငါ့​ကို​ကျေနပ်စေ​သူ ဖြစ်၏။ ငါ​၏​ဝိညာဉ်တော်​ကို သူ့​အပေါ်​သို့ သွန်းလောင်းမည်။ သူ​သည် လူမျိုး​အပေါင်းတို့​အား တရားသော​စီရင်ချက်​ကို ကြေညာ​လိမ့်မည်။


ခွန်အားကြီးသောသူ​ကို ဦး​စွာ မချည်နှောင်ဘဲ သူ​၏ အိမ်​သို့ ဝင်​၍ ဥစ္စာပစ္စည်းများ​ကို မည်သူမျှ မလုယူနိုင်။ ထို​သူ​ထက် ခွန်အားကြီးသော တစ်စုံတစ်ယောက်​က သူ့​ကို ချည်နှောင်ပြီး​မှသာ သူ​၏ အိမ်​ကို ဖောက်ထွင်း​လုယူနိုင်မည်။


ထို​သား​နှစ်ဦးတို့​တွင် မည်သူ​သည် ဖခင်​စကား​ကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့​က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှု​က သူတို့​အား “ငါ​အမှန်​ဆိုရ​လျှင် အကျင့်ပျက်သော​အခွန်ကောက်သူများ​နှင့် ပြည့်တန်ဆာများ​သည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ သင်တို့​ထက်​အလျင် ဝင်ကြ​လိမ့်မည်။


ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​၏​နိုင်ငံတော်​ကို သင်တို့​ထံမှ သိမ်းယူ​၍ နိုင်ငံတော်​၏​အသီး​ကို သီးသည့်​လူများ​ထံသို့ ပေးအပ်တော်မူ​လိမ့်မည်။


ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။


ဘုရားသခင်​၏ နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​ကို ဦး​စွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့​လိုအပ်သော အရာ​အားလုံး​ကို ပေးတော်မူ​လိမ့်မည်။


ယေရှု​က “အချိန်​ကျပြီ။ ဘုရားသခင်​၏​နိုင်ငံတော်​ပေါ်ထွန်းချိန်​နီးပြီ။ သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ သတင်းကောင်း​ကို ယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။


မကြာမီ ပေါ်ထွန်းတော့မည့် ငါတို့​အဖ ဒါဝိဒ်​၏ နိုင်ငံတော်​သည် မင်္ဂလာ​ရှိပါစေသော။ အမြင့်ဆုံးသော ကောင်းကင်ဘုံ​၌ ဘုရားသခင်​၏ ဂုဏ်တော်​ကို ချီးမွမ်းကြ​ပါစေသော” ဟု ကြွေးကြော်ကြ၏။


ယုံကြည်သော​သူတို့​သည် နိမိတ်​လက္ခဏာများ​ကို ပြသကြ​လိမ့်မည်။ သူတို့​သည် ငါ​၏​အမည်​နာမ​ကို အမှီပြု​၍ နတ်ဆိုးများ​ကို နှင်ထုတ်ကြ​လိမ့်မည်။ အသစ်သော​ဘာသာစကားများ​ကို ပြောကြ​လိမ့်မည်။


‘ငါတို့​၏​ခြေ​၌ ကပ်​လျက်​ရှိသော သင်တို့​မြို့​၏​ဖုန်မှုန့်​ကို​ပင် ငါတို့​ခါချပြီ။ သို့သော် ဘုရားသခင်​၏​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဟု သိမှတ်ကြလော့’ ဟု ဟောပြောကြလော့။


သို့ရာတွင် ငါ​သည် ဘုရားသခင်​၏​တန်ခိုးတော်​အားဖြင့် ထို​နတ်ဆိုးတို့​ကို နှင်ထုတ်သည်​မှန်လျှင် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​ထံသို့ ရောက်လေပြီ။


မောရှေ​၏​ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​ကို နှစ်ခြင်းဆရာ​ယောဟန် မပေါ်မီ​တိုင်အောင် သွန်သင်​လျက်​ရှိ၏။ သို့သော် ယောဟန်​အချိန်​မှ​စ၍ ဘုရားသခင်​၏​နိုင်ငံတော်​နှင့်​ဆိုင်သော​သတင်းကောင်း​ကို ဟောပြောကြ၏။ လူတို့​သည်လည်း ထို​နိုင်ငံတော်​သို့ အတင်း​တိုးဝင်ကြ၏။


ထို့နောက် ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြော​စေရန်​နှင့် ဖျားနာသောသူများ​အား ကျန်းမာ​စေရန် တပည့်တော်တို့​ကို စေလွှတ်တော်မူ၏။


ဘုရားသခင်​သည် နာဇရက်မြို့သား​ယေရှု​အား သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် တန်ခိုးတော်​အားဖြင့် မည်သို့​ဘိသိက်ပေးခဲ့ကြောင်း​ကိုလည်း သင်တို့​သိကြ၏။ ဘုရားသခင်​သည် ယေရှု​နှင့် အတူ​ပါရှိတော်မူ​သဖြင့် ယေရှု​သည်လည်း ကောင်းမှုပြု​၍ နတ်ဆိုးပူးသော​သူများ​အား ပျောက်ကင်း​ကျန်းမာစေ​လျက် အရပ်ရပ်​သို့ လှည့်လည်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​တွင် စားသောက်ခြင်း​သည် အရေးမကြီးပေ။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့​သာ အရေးကြီး၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို အမှောင်​၏ အုပ်စိုးမှု​ထဲမှ ကယ်တင်​၍ မိမိ​ချစ်တော်မူသော သားတော်​၏ နိုင်ငံတော်​ထဲသို့ ခေါ်သွင်းတော်မူ၏။


သို့ဖြစ်လျှင် ကျွန်ုပ်တို့​သည် မတုန်လှုပ်နိုင်သော​နိုင်ငံ​ကို ရရှိ​သဖြင့် ဘုရားသခင်​ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့​သည် ကြောက်ရွံ့​ရိုသေ​လျက် ဘုရားသခင်​နှစ်သက်တော်မူသည့်​အတိုင်း ဝတ်ပြုကြစို့။


အပြစ်​ကျူးလွန်​နေသောသူ​သည် မာရ်နတ်​၏​သားသမီး​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်​သည် အစဦး​ကပင် အပြစ်​ကျူးလွန်​သောကြောင့်​ဖြစ်၏။ ဘုရားသခင်​၏​သားတော် ကြွလာရခြင်း​မှာ မာရ်နတ်​၏ လုပ်ဆောင်မှု​ကို ချေဖျက်​ရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ