ဟေဗြဲ 9:14 - Common Language Bible
14 ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
14 ထာ ဝ ရ ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် ထံ ကြန် အင် မ ယွင်း သော ကိုယ် ကို ဆက် ကပ် တော် မူ သော ခ ရစ် တော်၏ အ သွေး တော် သည် အ သေ ဖြစ် သော ကိုယ် ကျင့် များ မှ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် အား ဝတ် ပြု စေ ရန် သင် တို့ သြ တ္တ ပ္ပ စိတ် ကို လွှတ် လျက် သာ၍ စင် ကြယ် စေ မည် မ ဟုတ် လော။
အခန်းကိုကြည့်ပါ။ ကော်ပီ
14 ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော် အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည် မဟုတ်လော။-
အခန်းကိုကြည့်ပါ။ ကော်ပီ
14 ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
14 ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
အခန်းကိုကြည့်ပါ။ ကော်ပီ