Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 1:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 အပြစ်​အနာဆာ​နှင့် အစွန်းအထင်း​ကင်းသည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏ အဖိုးတန်​သည့် အသွေးတော်​ဖြင့် ရွေးနုတ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​စင်​သည့်​သိုး​သူ​ငယ် နှင့်​တူ​သော​ခ​ရစ်​တော်​၏​အ​သက်​တော်​ကို တင်​လှူ​ပူ​ဇော်​ခြင်း​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 အစွန်းအထင်း​ကင်း​လျက် အပြစ်​အနာအဆာ​မ​ရှိ​သည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏​အဖိုးတန်​သော​သွေး​တော်​အားဖြင့်​ဖြစ်​ကြောင်း သင်တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 1:19
31 ပူးပေါင်းရင်းမြစ်များ  

လူသား​ပင်လျှင် သူတစ်ပါး​ကို​စေခိုင်း​ရန် ကြွလာသည်​မဟုတ်။ သူတစ်ပါး​အား အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​အား ရွေးနုတ်​ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။


ဤ​စပျစ်ရည်​သည် လူများစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန်​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား​ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏။


နောက်​တစ်နေ့​တွင် မိမိ​ထံသို့ ယေရှု​ကြွလာသည်​ကို မြင်​သောအခါ ယောဟန်​က “ဤ​ကမ္ဘာလောက​၏ အပြစ်​ကို ချေဖျက်သော ဘုရားသခင်​၏ သိုးသငယ်တော်​ကို ကြည့်လော့။


ယေရှု​ကြွလာတော်မူသည်​ကို ကြည့်ပြီး​လျှင် ယောဟန်​က “ဘုရားသခင်​၏ သိုးသငယ်တော်​ကို ကြည့်လော့” ဟု ဆို၏။


ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


ဘုရားသခင်​သည် ယေရှု​ခရစ်တော်​အား အပြစ်ဖြေရာ​ယဇ်​အဖြစ် သတ်မှတ်တော်မူ၏။ ယေရှု​အသွေးသွန်း​၍ အသေခံတော်မူခြင်း​ကို ယုံကြည်သော​သူတို့​သည် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရကြ၏။ ဘုရားသခင်​သည် ခရစ်တော်​ကို ယဇ်​အဖြစ် သတ်မှတ်တော်မူရခြင်း​မှာ မိမိ​၏​ဖြောင့်မတ်ခြင်း​ကို ပြသ​ရန်​ဖြစ်၏။ ထိုသို့ ဘုရားသခင်​သည် သည်းခံတော်မူ​၍ လူတို့​ကျူးလွန်ခဲ့သော​အပြစ်များ​ကို ပြစ်ဒဏ်​မပေးဘဲ​နေတော်မူ၏။


ဘုရားသခင်​၏ ကျေးဇူးတော် ကြွယ်ဝလှ​သဖြင့် ကျွန်ုပ်တို့​သည် သားတော်​နှင့် သားတော်​၏ အသွေးတော်​အားဖြင့် ရွေးနုတ်ခံကြရ၏။ ထို​ရွေးနုတ်ခြင်း​သည် အပြစ်​ခွင့်လွှတ်ခြင်း​ပင် ဖြစ်၏။


ကျွန်ုပ်တို့​သည်လည်း ထို​သားတော်​ပြုသော အမှု​ကြောင့် ရွေးနုတ်ခြင်း​ကို ခံစားရ​၍ အပြစ်​ခွင့်လွှတ်ခြင်း​ကို ခံရကြ၏။


ထို​သူတို့​မှာ ခမည်းတော်​ဘုရားသခင်​၏ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အရ ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​အားဖြင့် ရွေးချယ်တော်မူခြင်း​ခံထားရသူများ​ဖြစ်ကြ၏။ ဤသို့​ရွေးချယ်တော်မူခြင်း​မှာ ယေရှု​ခရစ်တော်​ကို သင်တို့​နာခံ​စေရန်​နှင့် သင်တို့​ကို အသွေးတော်​ဖြင့် ပက်ဖျန်း​၍ စင်ကြယ်​စေရန်​ဖြစ်၏။ ဘုရားသခင်​၏ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​ကို သင်တို့​ကြွယ်ဝ​စွာ ခံစားရပါစေသော။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည်လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး အသေ​ခံတော်မူ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို ဘုရားသခင်​ထံ ပို့ဆောင်​ရန် ဖြောင့်မတ်သော​အရှင်​သည် မဖြောင့်မတ်သောသူတို့​ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာ​အားဖြင့် သေ​သော်လည်း ဝိညာဉ်​အားဖြင့် ပြန်ရှင်တော်မူ၏။


သို့ရာတွင် ဘုရားသခင်​သည် အလင်း​တွင် ရှိတော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း အလင်း​တွင် ကျင်လည်ကြ​လျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း​ရှိ​သဖြင့် သားတော်​ယေရှု​၏​အသွေးတော်​သည် ကျွန်ုပ်တို့​ကို အပြစ်​အားလုံး​မှ ကင်းစင်စေတော်မူ၏။


ကိုယ်တော်​သည် ကျွန်ုပ်တို့​၏​အပြစ်များ​အတွက်​သာမက လောကီသား​အပေါင်းတို့​၏​အပြစ်များ​အတွက်​လည်း အပြစ်ဖြေရာ​ယဇ်​ဖြစ်တော်မူ၏။


ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်​ပါစေသော။ ယေရှု​ခရစ်တော်​သည် သစ္စာရှိသော​သက်သေခံ၊ သေခြင်း​မှ အဦးဆုံး​ထမြောက်သောသူ၊ လောကီ​ဘုရင်တို့​၏​မင်း ဖြစ်တော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်​၍ အသေခံတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ လွတ်မြောက်စေတော်မူ၏။


ထို့နောက် ကျွန်ုပ်​ကြည့်လိုက်​ရာ ဇိအုန်တောင်​ပေါ်တွင် ရပ်နေသော သိုးသငယ်တော်​ကို မြင်ရ၏။ သူ​၏ နာမတော်​နှင့် ခမည်းတော်​၏ နာမတော်​ကို နဖူး​၌ ရေးထားခံရသူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည်​လည်း သူ​နှင့်​အတူ ရှိကြ၏။


သူတို့​သည် လိမ်လည်​ပြောဆိုသူများ​မဟုတ်ဘဲ အပြစ်​အနာအဆာ​ကင်းစင်သူများ​ဖြစ်ကြ၏။


ထို့နောက် အသေသတ်​ခံရပြီး​သကဲ့သို့​ဖြစ်သော သိုးသငယ်တော်​ကို ကျွန်ုပ်​မြင်ရ၏။ ထို​သိုးသငယ်​သည် ရာဇပလ္လင်တော်​နှင့် သတ္တဝါ​လေးပါး​တို့​၏​အလယ်​၌ ရှိပြီး အကြီးအကဲ​တို့​က ဝန်းရံထား၏။ ထို​သိုးသငယ်တော်​၌ ချို​ခုနစ်ချောင်း​နှင့် မျက်လုံး​ခုနစ်လုံး​ရှိ၏။ ထို​မျက်လုံးတို့​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​သို့ စေလွှတ်ခံရသော ဘုရားသခင်​၏ ဝိညာဉ်​ခုနစ်ပါး​ဖြစ်၏။


သူတို့​သည် သီချင်းသစ်​တစ်ပုဒ်​ကို သီဆိုကြ၏။ ထို​သီချင်း​မှာ “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ တံဆိပ်​ကို​ခွာ​၍ ဖွင့်​ရန် ထိုက်တန်သော​အရှင်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် အသေ​သတ်ခံရ​၍ မျိုးနွယ်စု​အသီးသီး၊ ဘာသာစကား​အသီးသီး​ပြောသည့်​သူများ၊ လူမျိုး​အသီးသီး​နှင့် တိုင်းနိုင်ငံ​အသီးသီးတို့​ကို ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဘုရားသခင်​အတွက် ရွေးနုတ်​ကယ်တင်​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​က “အရှင်… အဖြေ​ကို အရှင်​သိပါ၏” ဟု​ပြန်လျှောက်​လျှင် ထို​သူ​က “ဤ​သူတို့​သည် ကြီးမားသော​ဒုက္ခဆင်းရဲ​ကို ဖြတ်ကျော်လာသော​သူများ​ဖြစ်ကြ၏။ ထို​သူတို့​သည် သိုးသငယ်တော်​၏​သွေး​၌ မိမိတို့​ဝတ်ရုံများ​ကို ဖြူစင်အောင်​လျှော်ကြပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ