ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
၁ ကော 13:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။ Common Language Bible ငါသည်ဗျာဒိတ်တော်အားဖြင့်ဟောပြောနိုင် သော်လည်းကောင်း၊ နက်နဲသောအရာရှိသမျှ နှင့်အတတ်ပညာရှိသမျှတို့ကိုနားလည် တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှေ့ပြောင်းနိုင်သည့်ယုံကြည်ခြင်းရှိသော် လည်းကောင်းမေတ္တာမရှိလျှင်အချည်းနှီး ပင်ဖြစ်၏။- Garrad Bible ဟော ပြော ခွင့် ရ၍ နက် နဲ ရာ ရှိ သ မျှ၊ အ သိ ပ ညာ ရှိ သ မျှ ကို ထိုး ထွင်း လျက် တောင် များ ကို ရွှေ့ နိုင် သည့် တိုင် အောင် ယုံ ကြည် ခြင်း အ စုံ အ လင် ရ သော် လည်း မေ တ္တာ မ ရှိ လျှင် အ ချည်း နှီး ဖြစ်၏။ Judson Bible ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်လည်းကောင်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်လည်းကောင်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။ |
ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
ယေရှုက “သင်တို့၏ ယုံကြည်ခြင်းသည် အားနည်းသောကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆို၏။ သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိပါက သင်တို့မတတ်နိုင်သောအရာမရှိ။
ထိုအခါ လမ်းဘေး၌ သဖန်းပင်တစ်ပင်ကို မြင်သော် အပင်နားသို့ ကြွတော်မူ၏။ သို့သော် အသီးတစ်လုံးမျှမရှိဘဲ အရွက်များကိုသာ တွေ့မြင်တော်မူ၏။ ထိုအခါ ယေရှုက ထိုအပင်အား “ယခုမှစ၍ မည်သည့်အခါမျှ သင်၌ အသီးမသီးပါစေနှင့်” ဟု မိန့်တော်မူ၏။ ထိုသဖန်းပင်သည်လည်း ချက်ချင်းခြောက်သွေ့သွားလေ၏။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့သည် သံသယကင်းသော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို ငါပြုသကဲ့သို့ သင်တို့ပြုနိုင်မည်။ ထိုမျှမက ဤတောင်အား ‘ဤနေရာမှ ရွေ့ကာ ပင်လယ်သို့ ကျလော့’ ဟု ပြောလျှင် ပြောသည့်အတိုင်း ဖြစ်လိမ့်မည်။
ဆီးရီးယားပြည် အန္တိအုတ်မြို့ရှိ အသင်းတော်တွင် ပရောဖက်များနှင့် ဆရာများ ရှိကြ၏။ ထိုသူတို့မှာ ဗာနဗ၊ လူမည်းဟု ခေါ်သောရှိမောင်၊ ကုရေနေမြို့သား လုကိ၊ နယ်စားဟေရုဒ်၏ငယ်ပေါင်း မာနင်နှင့် ရှောလုတို့ဖြစ်ကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ကောင်းခြင်းနှင့် ပြည့်စုံ၍ အသိပညာကြွယ်သဖြင့် အချင်းချင်း ပဲ့ပြင်သွန်သင်နိုင်စွမ်းရှိသည်ကို ကျွန်ုပ် အပြည့်အဝယုံကြည်၏။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
ယောက်ျားသည် ဦးခေါင်းကို ဖုံးအုပ်၍ ဆုတောင်းလျှင်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောလျှင်ဖြစ်စေ မိမိဦးခေါင်းကို ရှုတ်ချရာရောက်၏။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။
ကျွန်ုပ်သည် လူဘာသာစကားများနှင့် ကောင်းကင်တမန်ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် ဆူညံသောမောင်း သို့မဟုတ် မြည်ဟည်းနေသောလင်းကွင်းကဲ့သို့သာ ဖြစ်၏။
ကျွန်ုပ်သည် ကိုယ်ပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှကို ဆင်းရဲသားတို့အား လှူဒါန်းသည်သာမက ကျွန်ုပ်၏ ကိုယ်ခန္ဓာကို မီးရှို့စေရန် ပုံအပ်သော်လည်း မေတ္တာမရှိလျှင် ကျွန်ုပ်အတွက် မည်သည့်အကျိုးမျှ မရှိပေ။
မေတ္တာသည် ခန်းခြောက်သွားခြင်းမရှိ။ ပရောဖက်ပြုဟောပြောခြင်းမှာမူ ပပျောက်သွားလိမ့်မည်။ အခြားဘာသာစကားကို ပြောခြင်းသည်လည်း ရပ်တန့်သွားလိမ့်မည်။ အသိပညာသည်လည်း ကွယ်ပျောက်သွားလိမ့်မည်။
ပရောဖက်နှစ်ဦး သို့မဟုတ် သုံးဦးက ဟောပြော၍ ထိုဟောပြောသောအရာကို အခြားသောသူတို့သည် အကဲဖြတ်သုံးသပ်ကြစေ။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… ပရောဖက်ပြုဟောပြောနိုင်စွမ်းကို အလွန်လိုချင်သောစိတ် ရှိကြလော့။ အခြားဘာသာစကားပြောခြင်းကိုလည်း မတားမြစ်ကြနှင့်။
အခြားဘာသာစကားကို ပြောသောသူသည် မိမိကိုယ်ကိုယ် တည်ဆောက်၏။ ပရောဖက်ပြုဟောပြောသောသူကမူ အသင်းတော်တစ်ခုလုံးကို တည်ဆောက်ပေး၏။
သို့သော် လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်ပြောမည်။ ကျွန်ုပ်တို့အားလုံးသည် သေကြရမည်မဟုတ်။ နောက်ဆုံး တံပိုးမှုတ်သောအခါ တစ်ခဏချင်းမျက်စိတစ်မှိတ်အတွင်းတွင် ကျွန်ုပ်တို့အားလုံးသည် ပြောင်းလဲကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တံပိုးမှုတ်သောအခါ သေလွန်သောသူတို့သည် မပုပ်ပျက်သောအရာအဖြစ် ထမြောက်မည်ဖြစ်သောကြောင့်ပင်။ အသက်ရှင်လျက်ရှိသော ကျွန်ုပ်တို့သည်လည်း ပြောင်းလဲကြလိမ့်မည်။
မည်သူမဆို သခင်ဘုရားကို မချစ်လျှင် ထိုသူသည် ကျိန်ဆိုခြင်းကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်နှင့် အာပေါလုကို ခရစ်တော်၏ အစေခံများအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာများကို စီမံခန့်ခွဲသူများအဖြစ်လည်းကောင်း မှတ်ယူကြလော့။
အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ မခံယူဘဲနေသည်ဖြစ်စေ ထိုအရာသည် အဓိကမကျ။ ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာဆောင်ရွက်ခြင်းသည်သာ အဓိကကျ၏။
ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ဆိုရလျှင် ရုပ်တုသည် ဤလောကတွင် သက်ရှိမဟုတ်ကြောင်းနှင့် ဘုရားသခင်တစ်ဆူတည်းမှလွဲ၍ အခြားဘုရားမရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
သင်တို့သည် ကျွန်ုပ်ကို မိုက်မဲသောသူဖြစ်စေရန် တွန်းပို့သဖြင့် ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်လာရပြီ။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်ကို ချီးမွမ်းသင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သာမညလူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှ မညံ့သောကြောင့် ဖြစ်၏။
ဝိညာဉ်တော်လမ်းညွှန်မှုအတိုင်း ပြုမူနေထိုင်ကြရန် သင်တို့အား ကျွန်ုပ်ပြောလို၏။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့သည် လူ့ဗီဇစိတ်အလိုကို မလိုက်ဘဲ နေကြလိမ့်မည်။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
တစ်စုံတစ်ယောက်သည် အရေးပါသူမဟုတ်ပါလျက်နှင့် မိမိကိုယ်ကိုယ်အရေးပါသူဟု ထင်မှတ်လျှင် သူသည် မိမိကိုယ်ကိုယ် လှည့်စားသောသူ ဖြစ်၏။
ထိုအကြောင်းအရာကို ဖတ်ရှုခြင်းအားဖြင့် ခရစ်တော်၏ လျှို့ဝှက်နက်နဲသောအရာကို ကျွန်ုပ် သိကျွမ်းနားလည်ကြောင်း သင်တို့ သဘောပေါက်နိုင်ကြ၏။
ဘုရားသခင်သည် ကျွန်ုပ် ပြောဆိုသည့်အခါတိုင်း ပြောရမည့်စကားကို ကျွန်ုပ်အား ပေးတော်မူ၍ ကျွန်ုပ်က သတင်းကောင်း၏ နက်နဲသောအရာကို ရဲဝံ့စွာ ပြောပြနိုင်ရန် ကျွန်ုပ်အတွက်လည်း ဆုတောင်းပေးကြလော့။
ထိုနှုတ်ကပတ်တရားတော်သည် ခေတ်အစဉ်အဆက် ဝှက်ထားတော်မူခဲ့သည့် လျှို့ဝှက်နက်နဲသောအရာ ဖြစ်သော်လည်း ယခုတွင်မူ ကိုယ်တော်သည် ယုံကြည်သူများကို ဖွင့်ပြတော်မူပြီ။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသောကြောင့် မချစ်တတ်သောသူသည် ဘုရားသခင်ကို မသိ။