Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 21:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​သည် သံသယ​ကင်းသော ယုံကြည်ခြင်း​ရှိ​လျှင် ထို​သဖန်းပင်​ကို ငါ​ပြု​သကဲ့သို့ သင်တို့​ပြုနိုင်မည်။ ထိုမျှမက ဤ​တောင်​အား ‘ဤ​နေရာ​မှ ရွေ့​ကာ ပင်လယ်​သို့ ကျလော့’ ဟု ပြော​လျှင် ပြောသည့်​အတိုင်း ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​သံ​သ​ယ​ကင်း သော​ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သ​င်္ဘော​သ​ဖန်း​ပင် ကို​ငါ​ပြု​သ​ကဲ့​သို့​ပြု​နိုင်​လိမ့်​မည်။ ထို​မျှ​မ​က ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ်​ထဲ သို့​သက်​ဆင်း​လော့' ဟု​ဆို​လျှင်​ဆို​သည့်​အ​တိုင်း ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ယေ ရှု က သင် တို့၌ သံ သ ယ ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် သ ဖန်း ပင် ကို ပြု ခဲ့ သည့် နည်း တူ ပြု နိုင် ရုံ မျှ မ က ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ယုံ​မှား​ခြင်း​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်၌ ပြု​သ​ကဲ့​သို့ သင်​တို့​ပြု​နိုင်​သည် သာ​မ​က၊ ထို​တောင်​ကို​ပင် နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌​ကျ​လော့​ဟု ဆို​လျှင် ဆို​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​သည် ယုံကြည်​ခြင်း​ရှိ​လျက် သံသယ​ကင်းမဲ့​ကြ​လျှင် ဤ​သဖန်းပင်​၌ ပြု​ခဲ့​သည့်​အမှု​မျိုး​ကို​ပြု​နိုင်​သည်​သာမက ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်လယ်​ထဲသို့​ကျ​လော့’​ဟု ဆို​လျှင်​ပင် ထို​အတိုင်း​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ယုံ​မှား​ခြင်း​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်၌ ပြု​သ​ကဲ့​သို့ သင်​တို့​ပြု​နိုင်​သည် သာ​မ​က၊ ထို​တောင်​ကို​ပင် နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌​ကျ​လော့​ဟု ဆို​လျှင် ဆို​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 21:21
9 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “လာခဲ့လော့” ဟု မိန့်တော်မူ​သော် ပေတရု​သည် လှေ​ပေါ်မှ​ဆင်း​၍ ရေ​ပေါ်သို့​လျှောက်​ကာ ယေရှု​ထံသို့ လှမ်းသွားလေ၏။


ယေရှု​က “သင်တို့​၏ ယုံကြည်ခြင်း​သည် အားနည်း​သောကြောင့်​ဖြစ်၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​တွင် မုန်ညင်းစေ့​ခန့်မျှသော ယုံကြည်ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့​လိမ့်မည်။ ယုံကြည်ခြင်း​ရှိ​ပါက သင်တို့​မတတ်နိုင်သော​အရာ​မရှိ။


ထို​ဖြစ်ရပ်​ကို တပည့်တော်တို့​သည် မြင်​လျှင် အလွန်​အံ့အားသင့်​လျက် “သဖန်းပင်​သည် မည်သို့သော​အားဖြင့် ချက်ချင်း​ခြောက်သွေ့သွားသနည်း” ဟု မေးလျှောက်ကြ၏။


နိုင်ငံတော်သားများ​ဖြစ်သော အစ္စရေးလူမျိုးတို့​မှာမူ အပြင်ဘက်​မှောင်မိုက်သော​အရပ်​သို့ နှင်ထုတ်ခံကြရ​လိမ့်မည်။ ထို​နေရာ​၌ သူတို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ကျွန်ုပ်​သည် ပရောဖက်ပြု​ဟောပြော​နိုင်စွမ်း​ရှိသည်​ဖြစ်စေ၊ လျှို့ဝှက်​နက်နဲသော​အရာ​ရှိသမျှ​နှင့် အသိပညာ​ရှိသမျှ​ကို နားလည်သည်​ဖြစ်စေ၊ တောင်များ​ကို ရွှေ့နိုင်သော​ယုံကြည်ခြင်း​ရှိသည်​ဖြစ်စေ မေတ္တာ​မရှိ​လျှင် အချည်းနှီး​ဖြစ်၏။


သို့သော် သံသယစိတ်​မရှိဘဲ ယုံကြည်သော​စိတ်​နှင့် တောင်းရမည်။ သံသယစိတ်​ရှိသောသူ​သည် လေတိုက်​၍ လှုပ်ရှားတတ်သော ပင်လယ်​လှိုင်းတံပိုး​နှင့် တူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ