Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 13:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ကျွန်ုပ်​သည် ကိုယ်​ပိုင်ဆိုင်သော​ဥစ္စာပစ္စည်း​ရှိသမျှ​ကို ဆင်းရဲသားတို့​အား လှူဒါန်းသည်​သာမက ကျွန်ုပ်​၏ ကိုယ်ခန္ဓာ​ကို မီးရှို့​စေရန် ပုံအပ်​သော်လည်း မေတ္တာ​မရှိ​လျှင် ကျွန်ုပ်​အတွက် မည်သည့်​အကျိုး​မျှ မရှိပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ငါ​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ပေး​ကမ်း​စွန့်​ကြဲ​သည် သာ​မ​က​ကိုယ်​ခန္ဓာ​ကို​မီး​ဖြင့်​ပူ​ဇော်​သော် လည်း​မေတ္တာ​မ​ရှိ​လျှင်​ငါ​၌​အ​ကျိုး​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ပ စ္စည်း ရှိ သ မျှ ကို စွန့် ကြဲ၍ ငါ့ ကိုယ် ခ န္ဓာ ကို မီး ဖြင့် ပူ ဇော် သော် လည်း မေ တ္တာ မ ရှိ လျှင် အ ကျိုး မ ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သူ​တစ်​ပါး​ကို ငါ​ကျွေး​မွေး၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို စွန့်​ကြဲ​သည်​သာ​မ​က၊ ကိုယ်​ခ​န္ဓာ​ကို မီး​ရှို့​စေ​ခြင်း​ငှာ အပ်​သော်​လည်း၊ မေ​တ္တာ​မ​ရှိ​လျှင်၊ ငါ၌​အ​ကျိုး​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ငါ​သည် မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို စွန့်ကြဲ​သည်​သာမက ငါ​၏​ကိုယ်ခန္ဓာ​ကို​မီးရှို့​စေရန် အပ်နှံ​သော်လည်း မေတ္တာ​မ​ရှိ​လျှင် ငါ​၌​မည်သည့်​အကျိုး​မျှ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 13:3
22 ပူးပေါင်းရင်းမြစ်များ  

သူတို့​လုပ်ဆောင်သမျှ​သည် လူ​မြင်သာ​စေရန်​သာ ဖြစ်၏။ သူတို့​၏​လက်မောင်းများ​ပေါ်တွင် ကျမ်းစာပိုဒ်များ​ပါရှိသည့် အဆောင်​ကို အပြားကြီး​ပြုလုပ်​၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်​ပါသော​ဝတ်ရုံတို့​ကို​လည်း ဝတ်ဆင်တတ်ကြ၏။


ထို​သူ​၏​စကား​ကို ကြား​သောအခါ ယေရှု​က “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သင်​၏​ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ လာ​၍ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


ပေတရု​က “အကျွန်ုပ်တို့​သည် ရှိသမျှ​အိုးအိမ်​ကို စွန့်​၍ နောက်တော်သို့ လိုက်ကြပါပြီ” ဟု လျှောက်လေ၏။


ထို့နောက် ဇက္ခဲ​သည် ရပ်​၍ သခင်ဘုရား​အား “သခင်… အကျွန်ုပ်​၏​စည်းစိမ်ဥစ္စာ​တစ်ဝက်​ကို ဆင်းရဲသားများ​အား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦး​ထံမှ မတရား​ကောက်ခံထားသော​ငွေ​ရှိ​ပါက လေးဆ​ပြန်လျော်ပါမည်” ဟု လျှောက်လေ၏။


အဘယ်ကြောင့်ဆိုသော် သူတို့​သည် ဘုရားသခင်​၏​ဂုဏ်ပြုချီးမွမ်းခြင်း​ထက် လူတို့​၏ ဂုဏ်ပြုချီးမွမ်းခြင်း​ကို ပို​၍ နှစ်သက်ကြ​သောကြောင့် ဖြစ်၏။


ပေတရု​က “သခင်… အဘယ်ကြောင့် အကျွန်ုပ် ယခု​မလိုက်နိုင်ရပါသနည်း။ သခင့်​အတွက် အသက်စွန့်​ရန် အကျွန်ုပ်​အသင့်​ရှိနေပါသည်” ဟု လျှောက်၏။


မိမိ​မိတ်ဆွေတို့​အတွက် အသက်ပေး​ချစ်သော ချစ်ခြင်းမေတ္တာ​ထက် သာ​၍ ကြီးမြတ်သော​ချစ်ခြင်းမေတ္တာ​မရှိပေ။


ဝိညာဉ်တော်​ကသာ အသက်ရှင်စေ၏။ လူ့​အားထုတ်မှု​မှာမူ မည်သည့်အရာ​ကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့​ကို ငါ​ပြောသော စကားတို့​သည် ဝိညာဉ်​နှင့် အသက်​ဖြစ်၏။


သို့ရာတွင် ပေါလု​က “သင်တို့​သည် ငိုကြွေး​လျက် ကျွန်ုပ်​စိတ်နှလုံး​ကို ပူဆွေးဝမ်းနည်း​စေ​ရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်​သည် ဂျေရုဆလင်မြို့​၌ ထောင်ကျခံ​ရန်​မျှ​သာမက သခင်​ယေရှု​၏​အမည်​နာမ​အတွက် အသေခံ​ရန်ပင် အသင့်​ရှိပါ၏” ဟု ပြန်ပြောလေ၏။


ဘဝင်မြင့်ခြင်း၊ အချင်းချင်း​အမျက်​ကို​နှိုးဆော်ခြင်း၊ အချင်းချင်း​မနာလိုခြင်းတို့​မရှိဘဲ နေကြစို့။


တစ်ကိုယ်ကောင်းဆန်သော​စိတ်၊ ကိုယ့်ကိုယ်ကိုယ်​အထင်ကြီးသော​စိတ်​ဖြင့် မည်သည့်​အမှု​ကို​မျှ မပြုကြနှင့်။ တစ်ပါးသူတို့​သည် မိမိ​ထက် သာလွန်သည်​ဟု နှိမ့်ချသော​စိတ်​ဖြင့် မှတ်ယူကြလော့။


ကိုယ်ကာယ​လေ့ကျင့်ခန်း​သည် အနည်းငယ်​သာ အကျိုး​ရှိသော်လည်း ဘုရားတရား​ကိုင်းရှိုင်းခြင်း​မှာမူ အရာရာ​၌ အကျိုး​ရှိ၏။ သင်တို့​သည် ယခု​ဘဝ၊ နောင်ဘဝ​တွင် ဘုရားသခင်​ကတိပြုတော်မူသော အကျိုး​ကို ရရှိမည်။


ထူးဆန်းသည့် အယူဝါဒ​အမျိုးမျိုး ဆွဲဆောင်ရာ နောက်​သို့ မလိုက်ကြနှင့်။ စိတ်နှလုံး​ကို ခိုင်ခံ့မြဲမြံ​စေရာ​တွင် အစားအစာ​အားဖြင့် မဟုတ်ဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​အားဖြင့် ခိုင်ခံ့မြဲမြံစေ​လျှင် အကျိုး​ရှိ၏။ အစားအစာ​နှင့် ပတ်သက်သော​ပညတ်များ​ကို လိုက်နာသော​သူတို့​မှာမူ မည်သည့်​အကျိုး​ကို​မျှ မရရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ