Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:51 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

51-52 သို့သော် လျှို့ဝှက်​နက်နဲသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​ပြောမည်။ ကျွန်ုပ်တို့​အားလုံး​သည် သေကြရမည်​မဟုတ်။ နောက်ဆုံး တံပိုးမှုတ်​သောအခါ တစ်ခဏချင်း​မျက်စိတစ်မှိတ်​အတွင်း​တွင် ကျွန်ုပ်တို့​အားလုံး​သည် ပြောင်းလဲကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တံပိုးမှုတ်​သောအခါ သေလွန်သော​သူတို့​သည် မပုပ်ပျက်သော​အရာ​အဖြစ် ထမြောက်မည်​ဖြစ်သောကြောင့်​ပင်။ အသက်ရှင်​လျက်​ရှိသော ကျွန်ုပ်တို့​သည်လည်း ပြောင်းလဲကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

51-52 လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တစ်​ခု​ကို​နား​ထောင် ကြ​လော့။ ငါ​တို့​အား​လုံး​သည်​သေ​လွန်​သွား​ကြ မည်​မ​ဟုတ်။ ငါ​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​ခ​ဏ​ချင်း​မျက်​စိ​တစ်​မှိတ်​အ​တွင်း​၌ ပြောင်း​လဲ​ကြ​မည်။ နောက်​ဆုံး​တံ​ပိုး​ခ​ရာ​မှုတ် သော​အ​ခါ​သေ​လွန်​သူ​တို့​သည် ရှင်​ပြန်​ထ​မြောက် ကြ​၍​သေ​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ်​ကြ လိမ့်​မည်။ ငါ​တို့​အား​လုံး​သည်​လည်း​ပြောင်း​လဲ ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

51-52 နက် နဲ ရာ ကို ငါ ဖော် ပြ မည် မှာ ငါ တို့ ရှိ သ မျှ သည် အိပ် ပျော် ရ မည် မ ဟုတ်။ နောက် ဆုံး တံ ပိုး တော် မှုတ် သည့် ကာ လ တစ် ခ ဏ တည်း မျက် စိ တ မှိတ် တွင် ရှိ သ မျှ တို့ ပြောင်း လဲ ကြ ရ မည်။ မု ချ အား ဖြင့် ထို တံ ပိုး တော် မှုတ် သော် သူ သေ တို့ သည် အ သင်္ခါ ရ အ ဖြစ် ရှင် ပြန် ထ မြောက် ခြင်း၊ ငါ တို့ လည်း ပြောင်း လဲ ခြင်း ကို ခံ ရ ကြ လိမ့် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

51 နက်​နဲ​သော အ​ရာ​တစ်​ခု​ကို ငါ​ပြ​ဦး​မည်။ ငါ​တို့​ရှိ​သ​မျှ​သည် အိပ်​ပျော်​ရ​ကြ​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

51 နားထောင်​ကြ​လော့။ ငါ​သည် သင်​တို့​အား လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ပြော​ဦး​မည်။ ငါ​တို့​အားလုံး​သည် အိပ်ပျော်​ကြ​ရ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:51
13 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည် ပရောဖက်ပြု​ဟောပြော​နိုင်စွမ်း​ရှိသည်​ဖြစ်စေ၊ လျှို့ဝှက်​နက်နဲသော​အရာ​ရှိသမျှ​နှင့် အသိပညာ​ရှိသမျှ​ကို နားလည်သည်​ဖြစ်စေ၊ တောင်များ​ကို ရွှေ့နိုင်သော​ယုံကြည်ခြင်း​ရှိသည်​ဖြစ်စေ မေတ္တာ​မရှိ​လျှင် အချည်းနှီး​ဖြစ်၏။


ထိုသို့​ဖြစ်လျှင် ခရစ်တော်​ကို ယုံကြည်​လျက် ကွယ်လွန်သွားသော​သူတို့​သည်လည်း ပျက်စီးကြပြီ​ဖြစ်ပေမည်။


အမှန်​တွင်မူ ခရစ်တော်​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​၍ သေလွန်သော​သူတို့​အနက် အဦးဆုံး​ရှင်ပြန်​ထမြောက်သောသူ ဖြစ်တော်မူ၏။


ထို့နောက် ယုံကြည်သောသူ​ငါးရာ​ကျော်​တို့​အား တစ်ချိန်တည်း​တွင်ပင် ကိုယ်ထင်ပြတော်မူ၏။ ထို​သူတို့​ထဲမှ တချို့​သည် ကွယ်လွန်ကြပြီ​ဖြစ်​သော်လည်း အများစု​မှာမူ သက်ရှိ​ထင်ရှား​နေဆဲ​ဖြစ်ကြ၏။


ကျွန်ုပ်တို့​ပြောဆိုသော​ပညာ​စကား​မှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်​နက်နဲသော​ဘုရားသခင်​၏ ပညာ​စကား​ဖြစ်၏။ ဘုရားသခင်​သည် ကမ္ဘာ​မတည်မီ​ကပင် ထို​ပညာ​ကို ကျွန်ုပ်တို့​၏ ဘုန်းအသရေ​အတွက် ကြိုတင်​သတ်မှတ်ထားတော်မူ၏။


ထို့ကြောင့် သင်တို့​သည် ကျွန်ုပ်​နှင့် အာပေါလု​ကို ခရစ်တော်​၏ အစေခံများ​အဖြစ်​လည်းကောင်း၊ ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာများ​ကို စီမံခန့်ခွဲသူများ​အဖြစ်​လည်းကောင်း မှတ်ယူကြလော့။


ကျွန်ုပ်တို့​သည် ကောင်းကင်ဘုံ​ရှိ ကိုယ်ခန္ဓာ​ကို အဝတ်သစ်​ကဲ့သို့ ဝတ်ဆင်ရမည့်​နေ့​အတွက် စိတ်အားထက်သန်​စွာ စောင့်မျှော်​၍ လက်ရှိ​ကိုယ်ခန္ဓာ​၌ ညည်းတွား​လျက်​နေကြ၏။


ကျွန်ုပ်တို့​သည် ဤ​လောကီ​ခန္ဓာ​တွင် ရှိနေ​စဉ် လေးလံသော​ဝန်​ကို ထမ်းရ​သောကြောင့် ညည်းတွားကြရ၏။ ထိုသို့ ညည်းတွားကြသည်​မှာ ဤ​လောကီ​ခန္ဓာ​မှ ထွက်ခွာ​လို​သောကြောင့် မဟုတ်ဘဲ သေတတ်သော​အရာ​ကို ထာဝရ​အသက်ရှင်ခြင်း​ဖြင့် အစားထိုး​နိုင်ရန် ကောင်းကင်ဘုံ​ရှိ ကိုယ်ခန္ဓာ​ကို ဝတ်ဆင်​လို​သောကြောင့် ဖြစ်၏။


ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ပြုတော်မူမည်​ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို မိမိ နှစ်သက်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​ကို ဖော်ပြတော်မူ၏။


ဘုရားသခင်​သည် မိမိ​၏ လျှို့ဝှက်​နက်နဲသော အကြံအစည်​ကို ဗျာဒိတ်တော်​ဖြင့် ကျွန်ုပ်​ကို ဖော်ပြတော်မူကြောင်း အထက်ပါ​အတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။


ဤ​တစ်သား​တစ်ကိုယ်တည်း ဖြစ်ခြင်း​သည် အလွန် နက်နဲသော​အရာ ဖြစ်၏။ ထို့ကြောင့် ခရစ်တော်​နှင့် အသင်းတော်​ကို ရည်ညွှန်း​၍ ကျွန်ုပ်​ပြောဆိုခြင်း ဖြစ်၏။


ကိုယ်တော်​သည် အရာ​အားလုံး​ကို မိမိ​အာဏာစက်​အောက်​၌ ထားနိုင်စွမ်း​ရှိသော​တန်ခိုး​အားဖြင့် ကျွန်ုပ်တို့​၏ လူ့​ကိုယ်ခန္ဓာ​ကို မိမိ​၏ ဘုန်းအသရေ​နှင့် ပြည့်ဝသော ကိုယ်ခန္ဓာ​နှင့် တူ​စေရန် ပြောင်းလဲတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ