Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 11:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် မိမိ​ကိုယ်ကိုယ် ပညာရှိ​လှသည်​ဟူ၍ မထင်မှတ်​စေရန် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​နားလည်​စေလို၏။ ထို​လျှို့ဝှက်နက်နဲသော​အရာ​မှာ အစ္စရေးလူမျိုး​တချို့​၏ စိတ်နှလုံး​သည် အစဉ်​မာကျောနေမည်​မဟုတ်ဘဲ ခရစ်တော်​ထံ ရောက်လာမည့် လူမျိုးခြား​အရေအတွက် ပြည့်စုံလာသည်​အထိ​သာ ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို တတ်​သိ​လိမ္မာ​လှ​ပြီ​ဟု​မ​ထင်​မ​မှတ်​ကြ​စေ​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​လို​၏။ ထို​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​မှာ​ဤ​သို့​တည်း။ ယု​ဒ​အ​မျိုး သား​တို့​သည်​အ​မြဲ​စိတ်​နှ​လုံး​ထိုင်း​မှိုင်း​လျက် နေ​ကြ​မည်​မ​ဟုတ်​ဘဲ ကယ်​တင်​ခြင်း​ကို​ခံ​ရ မည့်​လူ​မျိုး​ခြား​တို့​အ​ရေ​အ​တွက်​ပြည့်​စုံ လာ​သည့်​ကာ​လ​အ​ထိ​သာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ညီ အစ် ကို တို့၊ ဉာဏ် ကောင်း သည် ဟု သင် တို့ အ ထင် အ မြင် မ ကြီး စေ ရန် ငါ ဖွင့် ပြ သည့် နက် နဲ ရာ မှာ လူ မျိုး ခြား တို့ စုံ လင် စွာ တိုး ဝင် သည့် တိုင် အောင် ဣ သ ရေ လ အ ချို့ အ ဝက် စိတ် ခဲ ယဉ်း ကြ သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ညီအစ်ကို​တို့၊ သင်​တို့​သည် မိမိ​တို့​ကိုယ်​ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍​မ​ထင်မှတ်​ကြ​စေရန် ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့ဝှက်​နက်နဲ​သော​အရာ​ဟူမူကား အစ္စရေး​လူမျိုး​၌ မာကျော​ခက်ထန်​သူ​အချို့​ရှိ​ခြင်း​မှာ လူမျိုးခြား​တို့​စုံလင်​စွာ​ဝင်ရောက်​သည်​အထိ​ဖြစ်​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 11:25
41 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​က “သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာများ​ကို သိခွင့်​ရကြ​သော်လည်း အခြားသူများ​မှာ သိခွင့်​မရကြ။


သူတို့​သည် ဓားဘေး​ကြောင့် ကျဆုံး​၍ နိုင်ငံ​အသီးသီး​သို့ ဖမ်းဆီး​ခေါ်ဆောင်သွားခြင်း​ခံရကြ​လိမ့်မည်။ ဂျေရုဆလင်မြို့​သည် လူမျိုးခြားတို့ ကြီးစိုးသည့်​ခေတ်ကာလ မကုန်ဆုံးမီ​အထိ ထို​သူတို့​၏​နင်းခြေခြင်း​ခံရ​လိမ့်မည်။


ဤ​သိုးခြံ​မှ မဟုတ်သော အခြား​သိုးတို့​ကိုလည်း ငါ​ပိုင်သေး၏။ ထို​သိုးတို့​ကိုလည်း ငါ​ခေါ်ဆောင်လာ​ရမည်။ ထို​သိုးတို့​သည် ငါ့​စကားသံ​ကို နားထောင်ကြ​လိမ့်မည်။ သို့ဖြစ်၍ သိုး​တစ်အုပ်တည်း​နှင့် သိုးထိန်း​တစ်ပါးတည်း ဖြစ်လာ​လိမ့်မည်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် အခြားသော လူမျိုးခြားများ​အကြား​တွင် အမှုတော်​ထမ်းဆောင်ရာ​၌ အောင်မြင်မှု​အသီးအပွင့်များ​ကို ခံစားခဲ့ရ​သကဲ့သို့ သင်တို့​တွင်​လည်း ခံစားရ​စေလို​သောကြောင့် သင်တို့​ဆီသို့ လာ​ရန် ကြိမ်ဖန်​များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခု​တိုင်အောင် အတားအဆီးများ​ရှိခဲ့ကြောင်း သင်တို့​ကို ကျွန်ုပ်​သိစေ​လို၏။


အစ္စရေးလူမျိုးတို့​၏ မနာခံခြင်း​သည် လောကီသားတို့​၏ ကြွယ်ဝခြင်း​ကို​လည်းကောင်း၊ အစ္စရေးလူမျိုးတို့​၏ ဆုံးရှုံးခြင်း​သည် လူမျိုးခြားတို့​၏ ကြွယ်ဝခြင်း​ကို​လည်းကောင်း ဖြစ်​စေလျှင် ဘုရားသခင်​၏ ကယ်တင်ခြင်း​ကို သူတို့​လက်ခံ​သောအခါ မည်မျှ​ကြီးသော ကြွယ်ဝမှု​ကို ဖြစ်စေမည်နည်း။


သင်​သည် သဘာဝ​အတိုင်း ရိုင်းသော​သံလွင်ပင်​မှ ခုတ်ဖြတ်ခြင်း​ခံရ​ပြီး ကောင်းသော​သံလွင်ပင်​၌ သဘာဝ​နှင့်​ဆန့်ကျင်​လျက် ကိုင်းဆက်ကူးခြင်း​ခံရ​လျှင် မူရင်း​အကိုင်းအခက်တို့​ကိုမူ ၎င်းတို့​၏​အပင်​၌ ပို၍​ပင် ကိုင်းဆက်ကူး​စေနိုင်မည်​မဟုတ်လော။


တစ်ဦး​နှင့် တစ်ဦး စည်းလုံး​ညီညွတ်​စွာ နေကြလော့။ နိမ့်ပါးသော​သူတို့​နှင့် မာန​မထောင်လွှားဘဲ ပေါင်းသင်း​ဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါ​သည် ပို၍ ပညာရှိသည်​ဟု မထင်မှတ်နှင့်။


ကျွန်ုပ်​ဟောသော သတင်းကောင်း​၌​ဆိုထားသည့်​အတိုင်း သင်တို့​အား ခိုင်ခံ့မြဲမြံ​စေနိုင်တော်မူသော ဘုရားသခင်​သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှု​ခရစ်တော်​အကြောင်း​ဖြစ်သော ဤ​သတင်းကောင်း​က ကာလ​ကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်​၏ လျှို့ဝှက်​နက်နဲသော​အကြံအစည်တော်​ကို လူမျိုးခြား​ဖြစ်သော သင်တို့​အား ဖော်ပြပေး၏။


ထို့ကြောင့် ဘုရားသခင်​သည် ကျေးဇူးပြု​လိုသောသူ​ကို ကျေးဇူးပြုတော်မူ၏။ ခေါင်းမာ​စေလိုသောသူ​ကို ခေါင်းမာစေတော်မူ၏။


ညီအစ်ကို​မောင်နှမတို့… တောကန္တာရ​၌ ကျွန်ုပ်တို့​၏ ဘိုးဘေးများ​ကြုံတွေ့ခဲ့ရသော​အဖြစ်အပျက်များ​ကို သင်တို့​မသိ​နားမလည်ဘဲ မနေစေလိုပါ။ သူတို့​အားလုံး​သည် ဘုရားသခင်​စေလွှတ်သော မိုးတိမ်​အောက်၌ ခရီးပြုခဲ့ကြပြီး ပင်လယ်​၏ အလယ်​၌ ဖြတ်လျှောက်ခဲ့ကြ၏။


ညီအစ်ကို​မောင်နှမတို့… ဝိညာဉ်​ဆုကျေးဇူး​နှင့် ပတ်သက်သော​အကြောင်းအရာများ​ကို သင်တို့ မသိ​နားမလည်ဘဲ​မနေစေလိုပါ။


ကျွန်ုပ်တို့​ပြောဆိုသော​ပညာ​စကား​မှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်​နက်နဲသော​ဘုရားသခင်​၏ ပညာ​စကား​ဖြစ်၏။ ဘုရားသခင်​သည် ကမ္ဘာ​မတည်မီ​ကပင် ထို​ပညာ​ကို ကျွန်ုပ်တို့​၏ ဘုန်းအသရေ​အတွက် ကြိုတင်​သတ်မှတ်ထားတော်မူ၏။


ထို့ကြောင့် သင်တို့​သည် ကျွန်ုပ်​နှင့် အာပေါလု​ကို ခရစ်တော်​၏ အစေခံများ​အဖြစ်​လည်းကောင်း၊ ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာများ​ကို စီမံခန့်ခွဲသူများ​အဖြစ်​လည်းကောင်း မှတ်ယူကြလော့။


ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ပြုတော်မူမည်​ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို မိမိ နှစ်သက်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​ကို ဖော်ပြတော်မူ၏။


အရာ​အားလုံး​ကို ဖန်ဆင်းတော်မူသော​ဘုရားသခင်​ထံ၌ ရှေးယခင်​မှစ၍ ဝှက်ထားသည့် ဤ​လျှို့ဝှက်​နက်နဲသော အကြံအစည်တော်​သည် မည်သည့်​အရာ​ဖြစ်ကြောင်း လူအပေါင်းတို့​ကို ဖော်ပြ​နိုင်ရန် ဖြစ်၏။


ထို​သူတို့​သည် ဉာဏ်အလင်း​ကွယ်​၍ သူတို့​၏ မသိနားမလည်မှု​နှင့် ခေါင်းမာမှုတို့​ကြောင့် ဘုရားသခင် ပေးတော်မူသော​အသက်​နှင့် ကင်းကွာ​လျက် ရှိကြ၏။


ချစ်ရသော​သူတို့… ဤ​အချက်​ကို မမေ့နှင့်။ ထာဝရဘုရား​အတွက် တစ်ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​ဖြစ်၏။ အနှစ်​တစ်ထောင်​သည် တစ်ရက်​ကဲ့သို့​ဖြစ်၏။


ငါ​၏​လက်ယာ​လက်​၌ သင်​မြင်တွေ့ရသော ကြယ်​ခုနစ်လုံး​နှင့် ရွှေ​ဆီမီးတိုင် ခုနစ်တိုင်တို့​၏ လျှို့ဝှက်​နက်နဲသော​အရာ​မှာ ကြယ်​ခုနစ်လုံး​သည် အသင်းတော်​ခုနစ်ပါး​၏ ကောင်းကင်တမန်များ​ဖြစ်ပြီး ရွှေ​ဆီမီးတိုင်​ခုနစ်တိုင်​သည် အသင်းတော်​ခုနစ်ပါး​ဖြစ်၏။


သတ္တမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်ရမည့်​နေ့ရက်​တွင် ဘုရားသခင်​သည် မိမိ​အစေအပါး ပရောဖက်များ​အား ဟောပြော​ကြေညာတော်မူသည့်​အတိုင်း မိမိ​၏ လျှို့ဝှက်​နက်နဲသော​အကြံအစည်​သည် ပြီးမြောက်​လိမ့်မည်” ဟု ကျိန်ဆို၏။


သတ္တမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ “ဤ​လောကီ​နိုင်ငံ​သည် ယခု ငါတို့​အရှင်​နှင့် ထို​အရှင်​၏​ခရစ်တော်​စိုးပိုင်သော​နိုင်ငံ​ဖြစ်လေပြီ။ ကိုယ်တော်​သည် အစဉ်​ထာဝရ​အုပ်စိုးတော်မူ​လိမ့်မည်” ဟု ကောင်းကင်​မှ ကျယ်လောင်​စွာ ပြောဆိုသံများ​ထွက်ပေါ်လာ၏။


ထို့နောက် ကျွန်ုပ်​ကြည့်လိုက်​ရာ မည်သူမျှ​မရေတွက်​နိုင်သော လူအုပ်ကြီး​ရှိ၏။ သူတို့​သည် တိုင်းနိုင်ငံ​အသီးသီး၊ မျိုးနွယ်စု​အသီးသီး၊ လူမျိုး​အသီးသီး​နှင့် ဘာသာစကား​အသီးသီး​ပြောသည့်​သူများ​မှ ဖြစ်ကြ၏။ သူတို့​သည် ဝတ်ရုံဖြူ​ကို ဝတ်ဆင်​လျက် လက်များ​၌ စွန်ပလွံခက်များ​ကို​ကိုင်​၍ ရာဇပလ္လင်တော်​နှင့် သိုးသငယ်တော်​ရှေ့၌ ရပ်နေကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ