Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 21:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထိုအခါ လမ်းဘေး​၌ သဖန်းပင်​တစ်ပင်​ကို မြင်သော် အပင်​နားသို့ ကြွတော်မူ၏။ သို့သော် အသီး​တစ်လုံး​မျှ​မရှိဘဲ အရွက်များ​ကိုသာ တွေ့မြင်တော်မူ၏။ ထိုအခါ ယေရှု​က ထို​အပင်​အား “ယခု​မှစ၍ မည်သည့်​အခါမျှ သင်​၌ အသီး​မသီးပါစေနှင့်” ဟု မိန့်တော်မူ၏။ ထို​သဖန်းပင်​သည်လည်း ချက်ချင်း​ခြောက်သွေ့သွားလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သ ဖန်း တစ် ပင် ကို လမ်း တွင် မြင်၍ သွား ရောက် သော် အ ရွက် များ ကို သာ တွေ့ တော် မူ သည် နှင့် ယ ခု က စ၍ ကာ လ အ စဉ် အ သီး မ သီး စေ ရ ဟု မိန့် တော် မူ လျှင် မူ ခြင်း ထို အ ပင် သွေ့ ခြောက် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 လမ်း​နား​မှာ သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​လျှင်၊ ထို​အ​ပင်​သို့​ကြွ​သွား၍ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊ ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၌​အ​သီး​မ​သီး​စေ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ ထို​အ​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထိုစဉ် လမ်း​၌ သဖန်းပင်​တစ်​ပင်​ကို​မြင်​၍ ထို​အပင်​ရှိရာ​သို့​ကြွ​တော်မူ​ရာ ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​မ​တွေ့​သဖြင့် ထို​အပင်​အား“ယခု​မှစ၍ ကာလ​အစဉ်အဆက် သင်​၌​အသီး​မ​သီး​စေ​ရ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သဖန်းပင်​သည် ချက်ချင်း​ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 လမ်း​နား​မှာ သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​လျှင်၊ ထို​အ​ပင်​သို့​ကြွ​သွား၍ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊ ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၌​အ​သီး​မ​သီး​စေ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ ထို​အ​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 21:19
17 ပူးပေါင်းရင်းမြစ်များ  

ထို​ဖြစ်ရပ်​ကို တပည့်တော်တို့​သည် မြင်​လျှင် အလွန်​အံ့အားသင့်​လျက် “သဖန်းပင်​သည် မည်သို့သော​အားဖြင့် ချက်ချင်း​ခြောက်သွေ့သွားသနည်း” ဟု မေးလျှောက်ကြ၏။


ထိုအခါ ကိုယ်တော်​က ထို​အပင်​အား “ယခု​မှစ၍ သင်​၏ အသီး​ကို အစဉ်မပြတ် မည်သူမျှ မစားရပါစေနှင့်” ဟု မိန့်တော်မူ၏။ ထိုသို့​မိန့်တော်မူသည်​ကို တပည့်တော်တို့​သည်လည်း ကြားကြ၏။


နောက်တစ်နေ့​နံနက်​တွင် သူတို့​သည် ယေရှု​ကျိန်တော်မူခဲ့သော သဖန်းပင်​အနား​မှ ဖြတ်သွားကြ​သောအခါ ထို​အပင်​သည် အမြစ်​မှ​စ​၍ ခြောက်သွေ့နေသည်​ကို မြင်ကြ၏။


သစ်ပင်​အမြစ်​နား​တွင် ပုဆိန်​ကို ချထားပြီ​ဖြစ်၏။ ထို့ကြောင့် ကောင်းသော​အသီး မသီးသည့်​အပင်​ရှိသမျှတို့​သည် ခုတ်လှဲခြင်း​ခံရ​၍ မီး​ထဲသို့ ပစ်ချခြင်း ခံရ​လိမ့်မည်” ဟူ၍ ဖြစ်၏။


ခမည်းတော်​သည် စပျစ်ပင်​ဖြစ်သော ငါ​၌ အသီး​မသီးသည့်​အကိုင်းအခက်​ရှိသမျှ​ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော​အကိုင်းအခက်​ရှိသမျှ​ကိုမူ ပို​၍ အသီးသီး​စေနိုင်ရန် ဖြတ်ညှပ်​ရှင်းလင်းတော်မူ၏။


ငါ​၌ မတည်သော​သူ​သည် အကိုင်းအခက်​ကဲ့သို့ အပြင်​သို့ လွှင့်ပစ်ခြင်း​ကို ခံရ​၍ ခြောက်သွေ့​သွားရ၏။ ထိုကဲ့သို့ အသုံးမဝင်သော​အကိုင်းအခက်များ​ကို လူတို့​သည် စုပုံ​၍ မီးရှို့တတ်ကြ၏။


ဘုရားတရား ကိုင်းရှိုင်း​ယောင်ဆောင်​၍ ကိုင်းရှိုင်းခြင်း​၏​တန်ခိုးတော်​ကို ငြင်းပယ်သူများ​ဖြစ်လာ​ကြလိမ့်မည်။ ထို​သူတို့​ကို ရှောင်လော့။


သူတို့​သည် ဘုရားသခင်​ကို သိသည်​ဟု ဝန်ခံ​သော်လည်း သူတို့​၏ အပြုအမူ​ဖြင့် ကိုယ်တော်​ကို ငြင်းပယ်ကြ၏။ သူတို့​သည် စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်​ကောင်းမှု​ကိုမျှ ပြုနိုင်စွမ်း​မရှိသောသူများ ဖြစ်ကြ၏။


သူတို့​သည် သင်တို့​၏ ချစ်ခြင်းမေတ္တာ​ပွဲ​တွင် သင်တို့​နှင့်အတူ စားသောက်​သောအခါ မရှက်ကြောက်ဘဲ ကိုယ့်​အဖို့​သာ ဂရုစိုက်​၍ ပွဲ​၌ အန္တရာယ်​ရှိသော​ငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့​သည် လေတိုက်​၍ လွင့်သည့် မိုးရေ​မပါသော တိမ်များ​နှင့်​တူ၏။ အမြစ်​မှ ဆွဲနှုတ်ခံရ​၍ နှစ်ခါပြန်​သေရသော အသီး​မသီးသည့်​ဆောင်းဦး​သစ်ပင်​နှင့်​တူ၏။


မတရားမှု​ပြုသောသူ​က ဆက်​၍ ပြုပါစေ။ ညစ်ညမ်းသောသူ​က ဆက်​၍ ညစ်ညမ်း​ပါစေ။ ဖြောင့်မတ်သောသူ​က ဆက်​၍ ဖြောင့်မတ်​ပါစေ။ သန့်ရှင်းသောသူ​က ဆက်​၍ သန့်ရှင်း​ပါစေ” ဟု​ကျွန်ုပ်​အား ပြော၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ