Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 12:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ​သည်​လူ​မိုက်​ကဲ့​သို့​ပြု​လေ​ပြီ။ သို့​ရာ​တွင် သင်​တို့​က​ငါ့​ကို​လူ​မိုက်​ဖြစ်​အောင်​ပြု​ကြ​၏။ သင်​တို့​သည်​ငါ့​ကို​ထောက်​ခံ​သင့်​သူ​များ ဖြစ်​ပေ​သည်။ ငါ​သည်​မ​ရေ​ရာ​သော​သူ​ဖြစ် စေ​ကာ​မူ​သင်​တို့​၏​ထူး​မြတ်​သည့်​တ​မန် တော်​များ​ထက်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ညံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ငါ သည် သင် တို့ ကြောင့် ဉာဏ် မဲ့ သူ မ ဖြစ် ဘဲ မ နေ နိုင်။ မ ရေ ရာ သူ ဖြစ် စေ ဦး၊ မည် သည့် အ ရာ၌ မျှ ထို သို့ ထူး ချွန် သော တ မန် တော် တို့ အောက် မ နိမ့် သော ကြောင့် သင် တို့ ထောက် ခံ သင့် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ငါ​သည် ဝါ​ကြွား​တတ်​သော သူ​ရူး​ဖြစ်​သ​လော။ ထို​သို့​ဖြစ်​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​နိုင်​အ​ထက်​ဖြစ်​စေ​ကြ​ပြီ။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့​ချီး​မွမ်း​ခြင်း​ကို ငါ​ခံ​သင့်၏။ ငါ​သည် ဘာ​မျှ​မ​ဟုတ်​သော်​လည်း၊ အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​မ​ညံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ငါ​သည် မိုက်မဲ​သော​သူ​ဖြစ်​ခဲ့​လေ​ပြီ။ သင်​တို့​သည် ငါ့​ကို အတင်းအကျပ် ထိုသို့​ဖြစ်စေ​ကြ​၏။ အမှန်စင်စစ် ငါ​သည် သင်​တို့​၏​ထောက်ခံ​ချီးကျူး​မှု​ကို ခံထိုက်​၏။ အကြောင်းမူကား ငါ​သည် မပြောပလောက်​သော​သူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်​များ​ထက် အနည်းငယ်​မျှ​မ​ညံ့​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:11
17 ပူးပေါင်းရင်းမြစ်များ  

ထို​နည်းတူ သင်တို့​သည်လည်း သင်တို့​ဆောင်ရွက်​ရမည့် အရာ​အားလုံး​ကို လုပ်ဆောင်ပြီး​သောအခါ ‘အကျွန်ုပ်တို့​သည် ထိုက်တန်သော​အစေခံများ​မဟုတ်ပါ။ မိမိတို့​ဆောင်ရွက်ရမည့်​တာဝန်များ​ကို ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ပါသည်’ ဟု ဝန်ခံ​ရမည်” ဟူ၍ မိန့်တော်မူ၏။


ကျွန်ုပ်​သည် ပရောဖက်ပြု​ဟောပြော​နိုင်စွမ်း​ရှိသည်​ဖြစ်စေ၊ လျှို့ဝှက်​နက်နဲသော​အရာ​ရှိသမျှ​နှင့် အသိပညာ​ရှိသမျှ​ကို နားလည်သည်​ဖြစ်စေ၊ တောင်များ​ကို ရွှေ့နိုင်သော​ယုံကြည်ခြင်း​ရှိသည်​ဖြစ်စေ မေတ္တာ​မရှိ​လျှင် အချည်းနှီး​ဖြစ်၏။


ပေါလု​ဖြစ်စေ၊ အာပေါလု​ဖြစ်စေ၊ ပေတရု​ဖြစ်စေ၊ ဤ​လောက​ဖြစ်စေ၊ ရှင်ခြင်း​ဖြစ်စေ၊ သေခြင်း​ဖြစ်စေ၊ လက်ရှိ​အရာ​ဖြစ်စေ၊ နောင်​အရာ​ဖြစ်စေ အရာ​အားလုံး​ကို သင်တို့​ပိုင်ဆိုင်၏။


ကျွန်ုပ်တို့ ဆင်းရဲဒုက္ခ​ခံရ​လျှင် ထို​အရာ​သည် သင်တို့​နှစ်သိမ့်ခံရ​ရန်​နှင့် ကယ်တင်ခံရ​ရန်အတွက်​ဖြစ်၏။ ကျွန်ုပ်တို့ နှစ်သိမ့်​ခံရ​လျှင်လည်း ထို​အရာ​သည် သင်တို့​နှစ်သိမ့်​ခံရ​ရန်အတွက်​ဖြစ်၏။ ကျွန်ုပ်တို့ ခံရသော​ဆင်းရဲဒုက္ခ​မျိုး​ကို သင်တို့ ကြုံတွေ့ရ​သောအခါ ထို​နှစ်သိမ့်ခြင်း​သည် သင်တို့​အား သည်းခံနိုင်စွမ်း​ကို ဖြစ်စေ၏။


ကျွန်ုပ်​၏ အနည်းငယ်သော မိုက်မဲမှု​ကို သင်တို့​သည်းခံပေး​လိမ့်မည်​ဟု မျှော်လင့်ပါ၏။ ကျွန်ုပ်​ကို သည်းခံပေး​ကြပါလော့။


ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် ထိပ်တန်း​တမန်တော်များ​ထက် ညံ့သည်​ဟု မယူဆပါ။


ကျွန်ုပ်​တမန်တော်​ဖြစ်ကြောင်း​ကို သင်တို့​နှင့်အတူ​ရှိစဉ် လက္ခဏာများ​နှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်​သည် နိမိတ်​လက္ခဏာများ၊ အံ့ဖွယ်​ဖြစ်ရပ်များ​နှင့် အံ့ဖွယ်တန်ခိုးများ​ဖြင့် သင်တို့​အား စိတ်ရှည်​စွာ ပြခဲ့၏။


ကျွန်ုပ်​ကြွားဝါ​လို​လျှင်လည်း အမှန်​ကိုသာ ပြောဆိုမည်​ဖြစ်​သောကြောင့် မိုက်မဲသောသူ​ဖြစ်မည်​မဟုတ်။ သို့သော် မည်သူ​ကမျှ ကျွန်ုပ်​ကို မြင်ရသည်​ထက်၊ သို့မဟုတ် ကျွန်ုပ်​ထံက ကြားရသည်​ထက် ပို၍ အထင်မကြီးမိ​စေရန် ကျွန်ုပ်​မကြွားဝါဘဲ​နေမည်။


ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ် ပြန်​၍ ထောက်ခံ​ချီးမွမ်း​ရာ ရောက်သလော။ ကျွန်ုပ်တို့​သည် အခြားသူများ​ကဲ့သို့ သင်တို့​ထံ ထောက်ခံစာ​ယူလာ​ရန် လိုအပ်သလော။ သို့မဟုတ် သင်တို့​ရေးပေးသော ထောက်ခံစာ​ကို လိုအပ်သလော။


ကျွန်ုပ်တို့​သည် စိတ်ဖောက်ပြန်​နေ​လျှင် ထို​အရာ​သည် ဘုရားသခင်​အတွက် ဖြစ်၏။ စိတ်​မှန်​နေ​လျှင် သင်တို့​အတွက်​ဖြစ်၏။


တစ်စုံတစ်ယောက်​သည် အရေးပါသူ​မဟုတ်ပါ​လျက်​နှင့် မိမိကိုယ်ကိုယ်​အရေးပါသူ​ဟု ထင်မှတ်​လျှင် သူ​သည် မိမိ​ကိုယ်ကိုယ် လှည့်စားသောသူ ဖြစ်၏။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ