Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂ​လာ​တိ 5:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ဝိညာဉ်တော်​လမ်းညွှန်မှု​အတိုင်း ပြုမူနေထိုင်ကြ​ရန် သင်တို့​အား ကျွန်ုပ်​ပြောလို၏။ ထိုသို့​ပြုမူနေထိုင်​လျှင် သင်တို့​သည် လူ့​ဗီဇစိတ်​အလို​ကို မလိုက်ဘဲ နေကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ငါ​ဆို​သည်​ကား​ဝိ​ညာဉ်​တော်​ညွှန်​ကြား​သည့် အ​တိုင်း​ကျင့်​ကြ​လော့။ လူ့​ဇာ​တိ​အ​လို​သို့ မ​လိုက်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ငါ ဆို သည် ကား ဝိ ညာဉ် တော် အား ဖြင့် လျှောက် လိုက် ကြ လော့။ သို့ ပြု လျင် ရုပ် ခ န္ဓာ တပ် မက် ခြင်း ကို မ ပြည့် စေ ဘဲ ရှိ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ငါ​ဆို​သည်​ကား ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ သို့ပြုလျှင် သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို လုံးဝ​မ​ဖြည့်ဆည်း​ဘဲ နေ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 5:16
22 ပူးပေါင်းရင်းမြစ်များ  

လူ့​ဗီဇစိတ်​ကို အလို​လိုက်​၍ စိုက်ပျိုးသောသူ​သည် ဗီဇစိတ်​မှ ပျက်စီးခြင်း​ကို ရိတ်သိမ်းရ​လိမ့်မည်။ ဝိညာဉ်တော်​၏ အလိုတော်​အတိုင်း စိုက်ပျိုးသောသူ​သည် ဝိညာဉ်တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်းရ​လိမ့်မည်။


ချစ်ရသော​သူတို့… သင်တို့​သည် ခေတ္တ​တည်းခိုသူ​ဧည့်သည်များ​ဖြစ်သည့်​အားလျော်​စွာ သင်တို့​၏​စိတ်ဝိညာဉ်​အား ဆန့်ကျင်​တိုက်ခိုက်နေသော လူ့​ဗီဇစိတ်​အလို​ကို မလိုက်​ရန် ကျွန်ုပ်​တိုက်တွန်း၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​၌ ဘုရားသခင်​ပေးတော်မူသော အထက်ပါ​ကတိတော်များ​ရှိ​သောကြောင့် ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​ကို ညစ်ညမ်းစေသော​အရာတို့​မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ​၍ ဘုရားသခင်​ကို ရိုသေသော​အားဖြင့် လုံးဝ​သန့်ရှင်းစေကြစို့။


ထို့ကြောင့် အပြစ်​ပြုလိုစိတ်​နောက်သို့ မလိုက်မိ​စေရန် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကို အပြစ်တရား​အား အစိုးမရစေနှင့်။


ကျွန်ုပ်တို့​အားလုံး​သည်လည်း တစ်ချိန်​က ထို​သူတို့​ကဲ့သို့​ပင် လူ့​ဗီဇစိတ်​၏ တပ်မက်မှု​အတိုင်း လုပ်ဆောင်​၍ စိတ်​နှင့် ခန္ဓာတို့​၏ အလို​အတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် သဘာဝ​အားဖြင့် အခြားသူတို့​ကဲ့သို့ပင် ဘုရားသခင်​၏ အမျက်တော်​ကို ခံထိုက်သူများ​ဖြစ်ကြ၏။


သင်တို့​သည် ဘုရားသခင်​ကို နာခံသော​သားသမီးများ​ဖြစ်​သောကြောင့် သင်တို့​မသိ​နားမလည်ခဲ့​စဉ်​အချိန်​က လိုက်ခဲ့သော တပ်မက်မှု​နောက်သို့ မလိုက်ကြနှင့်။


အဘယ်ကြောင့်ဆိုသော် သေလွန်သော​သူတို့​သည် သတင်းကောင်း​ကို ကြားခဲ့ရ​သောကြောင့်​ဖြစ်၏။ သူတို့​၏​ကိုယ်ခန္ဓာ​သည် လူ့​စံနှုန်း​အားဖြင့် တရားစီရင်​ခံရ​သော်လည်း သူတို့​၏​ဝိညာဉ်​သည် ဘုရားသခင့်​စံနှုန်း​အားဖြင့် အသက်ရှင်​နိုင်ရန်​ရည်ရွယ်​၍ သေလွန်သော​သူတို့​ကိုပင် သတင်းကောင်း​ဟောပြောရ၏။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


သင်တို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ဖြစ်​သောကြောင့် လူ့​လက်​ဖြင့် ပြုလုပ်ရသော အရေပြားလှီးခြင်း မဟုတ်ဘဲ ခရစ်တော် ပြုလုပ်သော အရေပြားလှီးခြင်း​ကို ခံယူကြ၏။ ခရစ်တော်​သည် သင်တို့​၏ လူ့​ဗီဇစိတ် အပြစ်​ကို ဖယ်ရှား​ပြီး


ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ ဘုရားသခင်​သည် အာဗြဟံ​နှင့် ပဋိညာဉ်​ဖွဲ့​ပြီးလျှင် ၎င်း​ကို အကောင်အထည်ဖော်​ရန် ကတိပြုတော်မူ၏။ နှစ်ပေါင်း လေးရာ့သုံးဆယ်​ကြာပြီးမှ ပေါ်ပေါက်လာသော ပညတ်တရား​သည် ထို​ပဋိညာဉ်​ကို မပယ်ဖျက်နိုင်​သကဲ့သို့ ထို​ကတိတော်​ကိုလည်း မပျက်ပြယ်စေနိုင်ပေ။


ထို့ကြောင့် ယခုအခါ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သူတို့​သည် အပြစ်စီရင်ခြင်း မခံရ။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ကျန်ရှိသော​အချိန်​သည် အလွန်​တိုတောင်း၏။ ထို့ကြောင့် ယခု​မှစ၍ ဇနီး​ရှိသောသူတို့​သည် ဇနီး​မရှိသောသူ​ကဲ့သို့​လည်းကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ