Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 17:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ယေရှု​က “သင်တို့​၏ ယုံကြည်ခြင်း​သည် အားနည်း​သောကြောင့်​ဖြစ်၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​တွင် မုန်ညင်းစေ့​ခန့်မျှသော ယုံကြည်ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့​လိမ့်မည်။ ယုံကြည်ခြင်း​ရှိ​ပါက သင်တို့​မတတ်နိုင်သော​အရာ​မရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ကိုယ်​တော်​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း​နည်း​သော ကြောင့်​ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ သင်​တို့​တွင်​မုန်​ညင်း​စေ့​ပ​မာ​ဏ​မျှ​ယုံ​ကြည် ခြင်း​ရှိ​ပါ​မူ​ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ထို​နေ​ရာ သို့​ပြောင်း​ရွှေ့​လော့' ဟု​ဆို​လျှင်​ပြောင်း​ရွှေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သင်​တို့​မ​တတ်​နိုင်​သည့် အ​ရာ​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 သင် တို့ ယုံ ကြည် ခြင်း နည်း ကြ သော ကြောင့် တည်း။ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား ဤ အ ရပ် မှ ထို အ ရပ် သို့ ရွှေ့ လော့ ဟု ဆို သော် ရွေ့ လိမ့် မည်။ သင် တို့ မ တတ် စွမ်း နိုင် သော အ ရာ မည် သည် မျှ ရှိ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ကိုယ်တော်​က​လည်း“သင်​တို့​၏​မ​ယုံကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ ယုံကြည်​ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့သွား​လိမ့်မည်။ သင်​တို့​အတွက် မ​ဖြစ်နိုင်​သော​အရာ​လည်း တစ်စုံတစ်ခု​မျှ​ရှိ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 17:20
19 ပူးပေါင်းရင်းမြစ်များ  

အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​သည် စိုက်ခင်း​တွင် စိုက်ထားသော​မုန်ညင်းစေ့​နှင့် တူ၏။


ယေရှု​က “လာခဲ့လော့” ဟု မိန့်တော်မူ​သော် ပေတရု​သည် လှေ​ပေါ်မှ​ဆင်း​၍ ရေ​ပေါ်သို့​လျှောက်​ကာ ယေရှု​ထံသို့ လှမ်းသွားလေ၏။


ယေရှု​က “အို ယုံကြည်ခြင်း​မဲ့​၍ ဖောက်ပြန်သော​အမျိုး… ငါ​သည် သင်တို့​နှင့် မည်မျှ​ကြာကြာ အတူ​နေရမည်နည်း။ ငါ​သည် သင်တို့​ကို မည်မျှ​ကြာကြာ သည်းခံရမည်နည်း။ သူငယ်​ကို ငါ့​ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။


ထိုအခါ တပည့်တော်တို့​သည် ယေရှု​ထံတော်သို့ သီးခြား​ချဉ်းကပ်​၍ “အကျွန်ုပ်တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။


တောင်ပေါ်​မှ ဆင်းလာကြ​စဉ် ယေရှု​က “လူသား​သည် သေခြင်း​မှ မထမြောက်​မီ​အထိ သင်တို့​မြင်တွေ့ခဲ့ရသော ရူပါရုံ​ကို မည်သူ့​ကိုမျှ မပြောကြနှင့်” ဟု သူတို့​အား မှာကြားတော်မူ၏။


ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​သည် သံသယ​ကင်းသော ယုံကြည်ခြင်း​ရှိ​လျှင် ထို​သဖန်းပင်​ကို ငါ​ပြု​သကဲ့သို့ သင်တို့​ပြုနိုင်မည်။ ထိုမျှမက ဤ​တောင်​အား ‘ဤ​နေရာ​မှ ရွေ့​ကာ ပင်လယ်​သို့ ကျလော့’ ဟု ပြော​လျှင် ပြောသည့်​အတိုင်း ဖြစ်​လိမ့်မည်။


ယေရှု​က “ယုံကြည်ခြင်း​အားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူ​ပြီးနောက် ထ​၍ လေ​နှင့် လှိုင်းတံပိုး​အား အမိန့်ပေး​ကာ ဆုံးမတော်မူ၏။ ထိုအခါ လေ​နှင့် လှိုင်းတံပိုးတို့​သည် ချက်ချင်း​ငြိမ်သက်သွားလေ၏။


ယေရှု​က “ဘုရားသခင်​ကို ယုံကြည်သော​စိတ် ရှိကြလော့။


သင်တို့​အား ငါ​အမှန်​ဆို၏။ တစ်စုံတစ်ဦး​သည် သံသယစိတ်​မထားဘဲ မိမိ​ပြောသည့်​အတိုင်း​ဖြစ်မည်​ဟု ယုံကြည်​လျက် ဤ​တောင်​ကို ‘ဤ​နေရာ​မှ ရွေ့​ကာ ပင်လယ်​သို့ ကျလော့’ ဟု ပြော​လျှင် ပြောသည့်​အတိုင်း ဖြစ်​လိမ့်မည်။


ကောင်းကင်​နိုင်ငံတော်​သည် မြေ​တွင် စိုက်ထားသော​မုန်ညင်းစေ့​နှင့် တူ၏။ မုန်ညင်းစေ့​သည် မျိုးစေ့များ​အနက် အသေးငယ်ဆုံး​ဖြစ်၏။


ယေရှု​က “ ‘ငါ​တတ်နိုင်​လျှင်’ ဟု အဘယ်ကြောင့်​ဆိုသနည်း။ ယုံကြည်သောသူ​ဖြစ်​လျှင် အရာခပ်သိမ်း​သည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။


ဘုရားသခင်​မတတ်နိုင်သော​အရာ တစ်စုံတစ်ခု​မျှ မရှိ” ဟု ဆို၏။


သခင်ဘုရား​က “သင်တို့​တွင် မုန်ညင်းစေ့​ခန့်မျှသော ယုံကြည်ခြင်း​ရှိ​ပါက ပေါက်​လျက်​ရှိသော ဤ​ပိုးစာပင်​အား ‘အမြစ်​မကျန်​ကျွတ်​၍ ပင်လယ်​ထဲ​၌ စိုက်စေ’ ဟု အမိန့်ပေး​လျှင် ထို​အပင်​သည် သင်တို့​စကား​ကို နာခံ​လိမ့်မည်။


ယေရှု​ကလည်း “လူ့​အနေ​နှင့် မဖြစ်နိုင်သည့်​အရာများ​ကို ဘုရားသခင်​တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။


ယေရှု​က “သင်​ယုံကြည်​လျှင် ဘုရားသခင်​၏ ဘုန်းတော်​ကို မြင်ရမည်​ဟု သင့်​အား ငါ​ပြောခဲ့ပြီ မဟုတ်လော” ဟု မာသ​ကို မိန့်တော်မူ၏။


ထို​ဝိညာဉ်တော်​ကပင် အခြားသူ​တစ်ယောက်​အား ယုံကြည်ခြင်း​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​ကပင် အခြားသူ​တစ်ယောက်​အား ရောဂါ​ပျောက်ကင်းစေနိုင်သော​ဆုကျေးဇူး​ကို ပေးတော်မူ၏။


ကျွန်ုပ်​သည် ပရောဖက်ပြု​ဟောပြော​နိုင်စွမ်း​ရှိသည်​ဖြစ်စေ၊ လျှို့ဝှက်​နက်နဲသော​အရာ​ရှိသမျှ​နှင့် အသိပညာ​ရှိသမျှ​ကို နားလည်သည်​ဖြစ်စေ၊ တောင်များ​ကို ရွှေ့နိုင်သော​ယုံကြည်ခြင်း​ရှိသည်​ဖြစ်စေ မေတ္တာ​မရှိ​လျှင် အချည်းနှီး​ဖြစ်၏။


သို့ဖြစ်၍ သူတို့​သည် မယုံကြည်​သောကြောင့် ဘုရားသခင်​၏ စံမြန်း​နားခိုရာ​ထဲသို့ မဝင်နိုင်​ကြသည်​ကို ကျွန်ုပ်တို့​သိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ