၁ ကော 13:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း8 မေတ္တာသည် ခန်းခြောက်သွားခြင်းမရှိ။ ပရောဖက်ပြုဟောပြောခြင်းမှာမူ ပပျောက်သွားလိမ့်မည်။ အခြားဘာသာစကားကို ပြောခြင်းသည်လည်း ရပ်တန့်သွားလိမ့်မည်။ အသိပညာသည်လည်း ကွယ်ပျောက်သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible8 မေတ္တာသည်ထာဝစဉ်တည်၏။ ဗျာဒိတ်တော် အားဖြင့်ဟောပြောနိုင်သောစွမ်းရည်သည် လည်းကောင်း၊ ထူးဆန်းသောဘာသာစကား အမျိုးမျိုးကိုပြောနိုင်သောအခွင့်သည် လည်းကောင်း၊ အသိပညာသည်လည်းကောင်း အမြဲမတည်ဘဲကွယ်ပျောက်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible8 မေ တ္တာ သည် ကြွေ ကျ တော့ မည် မ ဟုတ်။ ဟော ပြော ဉာဏ် ဖြစ် လျင် ပ ပျောက် ခြင်း၊ ဘာ သာ စ ကား ထူး ဖြစ် လျင် ရပ် စဲ ခြင်း၊ အ သိ ပ ညာ ဖြစ် လျှင် ကွယ် ပျောက် ခြင်း ကို ခံ ရ တော့ မည်။ အခန်းကိုကြည့်ပါ။Judson Bible8 မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဉာဏ်သော်လည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်လည်းကောင်း၊ သိပ္ပံအတတ်သော်လည်းကောင်း၊ ကွယ်ပျောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 မေတ္တာသည် မည်သည့်အခါမျှ ကုန်ခန်းခြင်းမရှိ။ ပရောဖက်ပြုဟောပြောခြင်းတို့မူကား ပယ်ဖျက်ခြင်းခံရကြလိမ့်မည်။ အခြားသောဘာသာစကားပြောဆိုခြင်းတို့သည်လည်း ရပ်တန့်သွားကြလိမ့်မည်။ အသိပညာသည်လည်း ပယ်ဖျက်ခြင်းခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။