Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 16:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 မည်သူမဆို သခင်ဘုရား​ကို မချစ်​လျှင် ထို​သူ​သည် ကျိန်ဆိုခြင်း​ကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 မည်​သူ​မ​ဆို​သ​ခင်​ဘု​ရား​ကို​မ​ချစ်​ပါ​မူ ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 မည် သူ မ ဆို အ ရှင် ဘု ရား ကို မ ချစ် လျှင် အ မင်္ဂ လာ ခံ စေ။ အ ရှင် ဘု ရား သည် ကြွ လာ တော် မူ တော့ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 အ​ကြင်​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မ​ချစ်၊ ထို​သူ​သည် အ​န​သေ​မာ​ဖြစ်​စေ​သ​တည်း။ သ​ခင်​ဘု​ရား​သည် ကြွ​လာ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 မည်သူမဆို သခင်​ဘုရား​ကို​မ​ချစ်​လျှင် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ သခင်​ဘုရား၊ ကြွလာ​တော်မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 16:22
32 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​ချစ်သည်​ထက် မိမိ​၏​ဖခင်၊ သို့မဟုတ် မိခင်​ကို ပို၍​ချစ်သော​သူ​သည် ငါ့​တပည့်​ဖြစ်​ရန် မထိုက်တန်ပါ။ ငါ့​ကို​ချစ်သည်​ထက် မိမိ​၏​သားသမီး​ကို ပို၍​ချစ်သော​သူ​သည်လည်း ငါ့​တပည့်​ဖြစ်​ရန် မထိုက်တန်ပါ။


သင်တို့​သည် ငါ့​ကို ချစ်​လျှင် ငါ့​ပညတ်တို့​ကို လိုက်နာကြ​လိမ့်မည်။


ငါ့​ပညတ်​ကို လိုက်နာသောသူ​သည် ငါ့​ကို ချစ်သောသူ​ဖြစ်၏။ ထို​သူ​သည် ငါ့​ကို ချစ်​သောကြောင့် ငါ့​ခမည်းတော်​သည် သူ့​ကို ချစ်​လိမ့်မည်။ ငါ​သည်လည်း သူ့​ကို ချစ်​၍ သူ့​ကို ကိုယ်ထင်​ပြတော်မူမည်” ဟု မိန့်တော်မူ၏။


ယေရှု​က “ငါ့​ကို ချစ်သောသူ​သည် ငါ့​စကား​ကို လိုက်နာ​လိမ့်မည်။ ငါ့​ခမည်းတော်​သည် ထို​သူ​ကို ချစ်​လိမ့်မည်။ ငါ့​ခမည်းတော်​နှင့် ငါ​သည်လည်း ထို​သူ​ထံသို့ လာ​၍ သူ​နှင့်အတူ နေထိုင်မည်။


ငါ​သည် သူတို့​ရှေ့​တွင် မည်သူမျှ​မပြုနိုင်​သည့် နိမိတ်​လက္ခဏာများ​ကို မပြုဘဲ​နေခဲ့​လျှင် သူတို့​၌ အပြစ်​ရှိမည်​မဟုတ်။ ယခု​မှာမူ သူတို့​သည် ငါ​ပြုသည့် နိမိတ်​လက္ခဏာများ​ကို တွေ့မြင်​လျက်​နှင့် ငါ့​ကိုလည်းကောင်း၊ ငါ့​ခမည်းတော်​ကိုလည်းကောင်း မုန်းကြ၏။


ထို​ဝိညာဉ်တော်​သည် ငါ့​ထံမှ ရရှိသော​သမ္မာတရား​ကို သင်တို့​အား ဖော်ပြပေးခြင်း​အားဖြင့် ငါ့​ဘုန်း​ကို ထင်ရှားစေတော်မူ​လိမ့်မည်။


ယေရှု​က “ဘုရားသခင်​သည် သင်တို့​၏ အဖ​ဖြစ်​ပါက သင်တို့​သည် ငါ့​ကို ချစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် ဘုရားသခင်​ထံမှ လာ၏။ မိမိ​သဘော​အတိုင်း လာသည်​မဟုတ်။ ဘုရားသခင်​သည် ငါ့​ကို စေလွှတ်တော်မူ၏။


ထို​သူတို့​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲများ​ထံသို့ သွား​၍ “ကျွန်ုပ်တို့​သည် ပေါလု​ကို​မသတ်ရ​မချင်း မစား​မသောက်ဘဲ​နေ​ရန် အလေးအနက်​သစ္စာဆိုထားကြပါ၏။


လူ့​အသွေးသား​အရ ကျွန်ုပ်​၏ အမျိုးသားချင်း​ဖြစ်သော ဂျူး​ညီအစ်ကို​မောင်နှမများ​၏ အကျိုး​အတွက် ကျွန်ုပ်​ကိုယ်တိုင် ခရစ်တော်​နှင့် ကင်းကွာ​လျက် ကျိန်ဆိုခြင်း​ကို​ပင် ခံ​ရန် အလိုရှိ၏။


ထို့ကြောင့် သင်တို့​အား ကျွန်ုပ်​သိစေလိုသည်​မှာ မည်သူ​ကမျှ ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် ယေရှု​ကို ကျိန်မည်​မဟုတ်။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် မဟုတ်လျှင် မည်သူ​ကမျှ ယေရှု​သည် သခင်​ဖြစ်ကြောင်း ပြော​နိုင်မည်​မဟုတ်။


အဘယ်ကြောင့်ဆိုသော် ယေရှု​ခရစ်တော်​ကို ယုံကြည်​လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီး​သောကြောင့်​ဖြစ်၏။ အရေးကြီးသည့်​အချက်​မှာ ကျွန်ုပ်တို့​သည် ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြစ်ပြီး သူတစ်ပါး​အပေါ် မေတ္တာထားခြင်း​ဖြင့် ထိုသို့​ယုံကြည်ကြောင်း ပေါ်လွင်​ရန် ဖြစ်၏။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို မပျက်ပြယ်သော ချစ်ခြင်း​ဖြင့် ချစ်သောသူ​အပေါင်းတို့​သည် ဘုရားသခင်​၏​ကျေးဇူးတော်​ကို ခံစားရပါစေသော။ ဧဖက်​ဩဝါဒစာ ပြီးပါပြီ။


သင်တို့​၏ ထောက်ထား​ညှာတာသော သဘောထား​ကို လူ​အပေါင်းတို့​အား သိစေကြလော့။ သခင်ဘုရား ကြွလာမည့်​အချိန် နီးပြီ။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။


သင်တို့​သည် ကိုယ်တော်​ကို မမြင်ဖူး​သော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်​ကို မတွေ့ရသေး​သော်လည်း ယုံကြည်ကြ၏။ သင်တို့​တွင် ဘုန်းအသရေ​နှင့်​ပြည့်စုံသည့် ပြောမပြ​နိုင်လောက်သော ဝမ်းမြောက်ခြင်း​ရှိ၏။


ထို့ကြောင့် ယုံကြည်သော​သင်တို့​အတွက် ဤ​ကျောက်​သည် ဂုဏ်သရေ​ရှိ၏။ မယုံကြည်သော​သူတို့​အတွက်​မှာမူ “တိုက်ဆောက်သူတို့​ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက်​ဖြစ်လာ၏” ဟု ဆို၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဦးစွာ ချစ်တော်မူ​သောကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချစ်ကြ၏။


ယေရှု​သည် ခရစ်တော်​ဖြစ်တော်မူကြောင်း​ကို ယုံကြည်သောသူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်ပြီး အဖ​ဘုရားသခင်​ကို​ချစ်သောသူ​တိုင်း​သည် အဖ​ဘုရားသခင်​၏​သားသမီးများ​ကိုလည်း ချစ်တတ်၏။


ဤ​အကြောင်းအရာများ​ကို သက်သေခံတော်မူသော​အရှင်​က “ဧကန်​အမှန်​ပင် ငါ​သည် မကြာမီ​လာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်​ယေရှု… ကြွလာတော်မူပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ