Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသည်​ဖြစ်စေ မခံယူဘဲ​နေသည်​ဖြစ်စေ ထို​အရာ​သည် အဓိက​မကျ။ ဘုရားသခင်​၏ ပညတ်တော်​ကို လိုက်နာဆောင်ရွက်ခြင်း​သည်သာ အဓိက​ကျ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 အ​ရေ​ဖျား​လှီး​ခံ​သည်​မ​ခံ​သည်​မှာ​ပ​ဋ္ဌာ​န မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​ကို စောင့်​ထိန်း​ခြင်း​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထို မင်္ဂ လာ ရှိ ခြင်း မ ရှိ ခြင်း သည် ပ ဓာ န မ ဟုတ်၊ ဘု ရား သ ခင့် ပ ညတ် တော် များ ကို စောင့် ရှောက် ခြင်း သာ ပ ဓာ န ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​အား​ဖြင့်​လည်း အ​ကျိုး​မ​ရှိ။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း​အား​ဖြင့်​သာ အ​ကျိုး​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 အရေဖျား​လှီး​ခြင်း​သည် ပဓာန​မ​ဟုတ်။ အရေဖျား​မ​လှီး​ခြင်း​သည်​လည်း ပဓာန​မ​ဟုတ်။ ဘုရားသခင်​၏​ပညတ်​တော်​ကို စောင့်ထိန်း​ခြင်း​သာ ပဓာန​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:19
16 ပူးပေါင်းရင်းမြစ်များ  

အသေးနုပ်ဆုံးသော​ပညတ်တော်​ကို ချိုးဖောက်​၍ သူတစ်ပါး​ကို ထို​နည်းတူ ချိုးဖောက်​ရန် သွန်သင်သော​သူ​သည် ကောင်းကင်​နိုင်ငံတော်​၌ အသေးနုပ်ဆုံးသောသူ​ဖြစ်​လိမ့်မည်။ သို့ရာတွင် ဘုရားသခင်​၏ ပညတ်တော်တို့​ကို လိုက်နာ​၍ သူတစ်ပါး​ကို သွန်သင်သော​သူ​သည် ကောင်းကင်​နိုင်ငံတော်​၌ ကြီးမြတ်သောသူ ဖြစ်​လိမ့်မည်။


သင်တို့​သည် ငါ့​ပညတ်​ကို လိုက်နာကြ​လျှင် ငါ့​မိတ်ဆွေများ ဖြစ်ကြ၏။


ဘုရားသခင် တစ်ဆူတည်း​သာ ရှိတော်မူ၏။ ဂျူးလူမျိုး​ဖြစ်စေ၊ လူမျိုးခြား​ဖြစ်စေ ကိုယ်တော်​ကို ယုံကြည်သော​သူတို့​ကို ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ၏။


သို့သော် အစားအစာ​ဖြင့် ဘုရားသခင်​၏ နှစ်သက်​လက်ခံမှု​ကို ရသည်​မဟုတ်ပေ။ ကျွန်ုပ်တို့​မစားဘဲ​နေလျှင် လည်း အရှုံး​မရှိပါ။ စား​လျှင်လည်း အမြတ်​မရှိပါ။


ထိုသို့ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြ​သောကြောင့် ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ ကျွန်​နှင့် လွတ်လပ်သူ၊ ယောက်ျား​နှင့် မိန်းမ​ဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။


အဘယ်ကြောင့်ဆိုသော် ယေရှု​ခရစ်တော်​ကို ယုံကြည်​လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီး​သောကြောင့်​ဖြစ်၏။ အရေးကြီးသည့်​အချက်​မှာ ကျွန်ုပ်တို့​သည် ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြစ်ပြီး သူတစ်ပါး​အပေါ် မေတ္တာထားခြင်း​ဖြင့် ထိုသို့​ယုံကြည်ကြောင်း ပေါ်လွင်​ရန် ဖြစ်၏။


အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်​အချက်မှာ အသစ်​ဖန်ဆင်းခံရခြင်း ဖြစ်၏။


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


မိမိတို့​၏ ဝတ်ရုံများ​ကို လျှော်ဖွပ်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ ထို​သူတို့​သည် မြို့တံခါးများ​မှ မြို့​ထဲသို့ ဝင်​၍ အသက်ပင်​၏ အသီး​ကို စားခွင့်​ရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ