Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 အသင်းတော်​အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများ​မှာ ပထမ​အနေဖြင့် တမန်တော်များ၊ ဒုတိယ​အနေဖြင့် ပရောဖက်များ၊ တတိယ​အနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်​တန်ခိုး​ကို ပြသူများ၊ ရောဂါ​ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး​ကို ရရှိထားသူများ၊ အများ​ကို ကူညီဖေးမသူများ၊ ဦးဆောင်​လမ်းပြနိုင်သူများ၊ ဘာသာစကား​အမျိုးမျိုး​ကို ပြောနိုင်သူများ စသည်တို့​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ဘု​ရား​သ​ခင်​သည်​ပ​ထ​မ​အ​နေ​ဖြင့်​တ​မန် တော်​များ၊ ဒု​တိ​ယ​အ​နေ​ဖြင့်​ပ​ရော​ဖက်​များ၊ တ​တိ​ယ​အ​နေ​ဖြင့်​ဆ​ရာ​များ​ကို​လည်း ကောင်း၊ ထို​နောက်​နိ​မိတ်​လက္ခ​ဏာ​ပြ​သူ​များ၊ အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​ရ​ရှိ​သူ​များ၊ သူ​တစ်​ပါး တို့​ကို​ကူ​ညီ​သူ​များ၊ ရှေ့​ဆောင်​လမ်း​ပြ နိုင်​စွမ်း​ရှိ​သူ​များ၊ ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​ပြော​နိုင်​သူ​များ​ကို လည်း​ကောင်း​အ​သင်း​တော်​တွင်​ခန့်​ထား တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ပ ထ မ တ မန် တော် များ၊ ဒု တိ ယ ပ ရော ဖက် များ၊ တ တိ ယ ဆ ရာ များ မှ စ၍ အ မှု ကြီး များ ပြု ခွင့်၊ ကု သ ခွင့် ထောက် ပံ့ ခွင့်၊ အုပ် ချုပ် ခွင့်၊ ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ သူ တို့ ကို အ သင်း တော် တွင် ဘု ရား သ ခင် ထား တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ဘု​ရား​သ​ခင်​သည် ပ​ထ​မ​အ​ရာ၌ တ​မန်​တော်​တို့​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ရာ၌ ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း၊ တ​တိ​ယ​အ​ရာ၌ ဆ​ရာ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် တန်​ခိုး​ပြ​သော သူ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ သင်း​ထောက်​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော​နိုင်​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​သင်း​တော်၌ ခန့်​ထား​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ဘုရားသခင်​သည် အသင်းတော်​၌ ပထမ​အနေဖြင့် တမန်တော်​များ၊ ဒုတိယ​အနေဖြင့် ပရောဖက်​များ၊ တတိယ​အနေဖြင့် ဆရာ​များ၊ ထို့နောက် တန်ခိုး​လက္ခဏာ​ကို​ပြု​သော​သူ​များ၊ ထို့နောက် အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ရရှိ​သူ​များ၊ ကူညီမစ​သူ​များ၊ စီမံ​အုပ်ချုပ်​သူ​များ၊ အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော​သူ​များ စသည်​တို့​ကို ခန့်ထား​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:28
23 ပူးပေါင်းရင်းမြစ်များ  

ယုံကြည်သော​သူတို့​သည် နိမိတ်​လက္ခဏာများ​ကို ပြသကြ​လိမ့်မည်။ သူတို့​သည် ငါ​၏​အမည်​နာမ​ကို အမှီပြု​၍ နတ်ဆိုးများ​ကို နှင်ထုတ်ကြ​လိမ့်မည်။ အသစ်သော​ဘာသာစကားများ​ကို ပြောကြ​လိမ့်မည်။


ပေတရု​ဟု ယေရှု​မှည့်ခေါ်ထားသော ရှိမုန်၊ ပေတရု​၏​ညီ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊ ဗာသောလမဲ၊


ထို​အချိန်​တွင် ပရောဖက်များ​သည် ဂျေရုဆလင်မြို့​မှ အန္တိအုတ်မြို့​သို့ ဆင်းလာကြ၏။


ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


ကျွန်ုပ်​သည် လူများစွာ ကယ်တင်ခံရ​စေလို​သောကြောင့် ကိုယ်ကျိုး​ကို​မရှာဘဲ အများ​အကျိုး​ကိုသာ ရှာ​လျက် လုပ်ဆောင်လေ​ရာရာ​တွင် လူတိုင်း​၏ ကျေနပ်​နှစ်သက်မှု​ကို ရ​စေရန် ကြိုးစား၏။ သင်တို့​သည်လည်း ကျွန်ုပ်​ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်​၏​အသင်းတော် စသည်တို့​ကို ထိမိ​၍ လဲစရာ မဖြစ်​စေရန် ကြိုးစားကြလော့။


သို့သော်လည်း ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီ​ကို အလိုတော်​ရှိသည့်​အတိုင်း ကိုယ်ခန္ဓာ​၌ အသီးသီး နေရာချ​တော်မူ၏။


လူတိုင်း တမန်တော်​ဖြစ်သလော။ လူတိုင်း ပရောဖက်​ဖြစ်သလော။ လူတိုင်း​ဆရာ ဖြစ်သလော။ လူတိုင်း အံ့ဖွယ်​တန်ခိုး​ကို ပြနိုင်သလော။


လူတိုင်း ရောဂါ​ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး ရှိ​သလော။ လူတိုင်း ဘာသာစကား​အမျိုးမျိုး​ကို ပြောနိုင်​သလော။ လူတိုင်း ထို​ဘာသာစကား​၏ အနက်​ကို ပြန်နိုင်​သလော။


အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆိုသူ​သည် လူတို့​အား ပြောဆိုသည်​မဟုတ်။ ဘုရားသခင်​အား ပြောဆိုခြင်း​ဖြစ်၏။ ထိုသူ​ပြောသော​စကား​ကို မည်သူမျှ နားမလည်ပေ။ သူ​သည် ဝိညာဉ်တော်​၏​တန်ခိုး​အားဖြင့် လျှို့ဝှက်​နက်နဲသော​အရာတို့​ကို ပြောဆိုနေခြင်း​ဖြစ်၏။


အခြား​ဘာသာစကား​ကို ပြောသောသူ​သည် မိမိ​ကိုယ်ကိုယ် တည်ဆောက်၏။ ပရောဖက်ပြု​ဟောပြောသောသူ​ကမူ အသင်းတော်​တစ်ခုလုံး​ကို တည်ဆောက်ပေး၏။


ကျွန်ုပ်​သည် သင်တို့​ရှိသမျှ​အား အခြား​ဘာသာစကား​ကို ပြောတတ်​စေလို၏။ သို့သော် ပရောဖက်ပြု​ဟောပြောခြင်း​ကို ပို​၍ တတ်စေလို၏။ အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆို​ရာတွင် အသင်းတော်​အတွက် တည်ဆောက်​စရာ​ဖြစ်​စေရန် အနက်​ကို ပြန်နိုင်​ရမည်​ဖြစ်၏။ အနက်​မပြန်နိုင်​လျှင် အခြား​ဘာသာစကား​ကို ပြောဆိုခြင်း​ထက် ပရောဖက်ပြု​ဟောပြောခြင်း​သည် ပို​၍ မြတ်၏။


သင်တို့​သည် တမန်တော်များ​နှင့် ပရောဖက်များ​၏ အုတ်မြစ်​ပေါ်တွင် တည်ဆောက်သော အဆောက်အအုံ​ကဲ့သို့ ဖြစ်ကြပြီး ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။


ဘုရားသခင်​သည် ထို​လျှို့ဝှက်​နက်နဲသော​အရာ​ကို ဝိညာဉ်တော်​မှတစ်ဆင့် မိမိ​၏ သန့်ရှင်းသော​တမန်တော်များ​နှင့် ပရောဖက်များ​ကို ယခု​အခါ​၌ ရှင်းလင်း​စွာ ဖွင့်ပြတော်မူ​သကဲ့သို့ ယခင်​ခေတ်ကာလ​၌ ဖော်ပြတော်မမူခဲ့ပေ။


အသင်းတော်​ကို ကောင်းမွန်စွာ ဦးဆောင်​စီမံသော​သင်းအုပ်များ၊ အထူး​သဖြင့် တရားဟောခြင်း​နှင့် သွန်သင်ပေးခြင်းတို့​ကို ကြိုးစား​၍ ဆောင်ရွက်သော သင်းအုပ်များ​သည် နှစ်ဆသော​ထောက်ပံ့ခြင်း​ကို ရထိုက်၏။


သင်တို့​ခေါင်းဆောင်များ​၏​စကား​ကို နာခံ​၍ နားထောင်ကြလော့။ သူတို့​သည် မိမိတို့​ပြုသည့်​အမှု​ကို ဘုရားသခင်​ထံ အစီရင်​ခံရမည်​ဖြစ်၍ သင်တို့​၏​စိတ်ဝိညာဉ်​ကို အစဉ်​စောင့်ရှောက်ကြ၏။ သင်တို့​နာခံ​လျှင် သူတို့​သည် ဝမ်းမြောက်​စွာ လုပ်ဆောင်ကြ​လိမ့်မည်။ မလိုက်နာ​လျှင် သူတို့​ဝမ်းနည်းရ​သဖြင့် သင်တို့​အတွက် မည်သည့်​အကျိုး​မျှ ရှိမည်​မဟုတ်။


သင်တို့​၏ ခေါင်းဆောင်များ​နှင့် ယုံကြည်သူ​အပေါင်းတို့​ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသော​သူတို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ