Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 12:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 သင်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်ကြပြီး သင်တို့​တစ်ဦးချင်း​သည် အင်္ဂါ​အစိတ်အပိုင်းများ​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ဖြစ်​၏။ သင်​တို့​အ​သီး​သီး​သည်​ကား ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 သင် တို့ မှာ မူ ခ ရစ် တော်၏ ကိုယ် ခ န္ဓာ တော် အ သီး အ သီး တို့ သည် အင်္ဂါ တော် များ ဖြစ် ကြ သည့် အ လျောက်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 သင်​တို့​သည် ခ​ရစ်​တော်၏​ကိုယ်​ဖြစ်​ကြ၏။ အ​သီး​အ​သီး အင်္ဂါ​တော်​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သင်​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:27
14 ပူးပေါင်းရင်းမြစ်များ  

သူတို့​၏​တာဝန်​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်​ကို တည်ဆောက်​နိုင်ရန်​အတွက် ယုံကြည်သူတို့​ကို အမှုတော်လုပ်ငန်း​အတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ ဖြစ်ကြ​သောကြောင့် ဖြစ်၏။


ထိုကဲ့သို့​ပင် များပြားလှသော ကျွန်ုပ်တို့​သည်လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း ဖြစ်​၍ အချင်းချင်း ဆက်စပ်​လျက်​ရှိသော အင်္ဂါ​အစိတ်အပိုင်းများ ဖြစ်ကြ၏။


ယုံကြည်သူများ​သည် ခရစ်တော်​၌ အင်္ဂါ​အစိတ်အပိုင်း​များစွာ​ပါရှိသည့် ကိုယ်ခန္ဓာ​ကဲ့သို့ ဖြစ်ကြ၏။ လူ့​ကိုယ်ခန္ဓာ​တွင် အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​သော်လည်း ထို​အစိတ်အပိုင်း​များစွာ​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်၏။


ထို​အသင်းတော်​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ ဖြစ်၏။ အရာ​အားလုံး​ကို နည်း​မျိုးစုံ​ဖြင့် ဖြည့်ဆည်းပေး​တော်မူသော ခရစ်တော်​သည် ထို​အသင်းတော်​ကို ပြည့်စုံစေတော်မူ၏။


ကိုယ်တော်​သည် အသင်းတော်​ဟူသော မိမိ​ကိုယ်ခန္ဓာ​၏ ဦးခေါင်း​ဖြစ်​၍ ကိုယ်ခန္ဓာ​၏ မူလ​အရင်းအမြစ် ဖြစ်တော်မူ၏။ သေရာ​မှ အဦးဆုံး ရှင်ပြန်​ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်​သည် အရာ​အားလုံး​တွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည် အသင်းတော်​၏ ဦးခေါင်း ဖြစ်​သကဲ့သို့ ခင်ပွန်း​သည် ဇနီး​၏ ဦးခေါင်း ဖြစ်​သောကြောင့်​ပင်။ ဦးခေါင်း ဖြစ်သည့် ခရစ်တော်​သည် အသင်းတော် ဟူသော မိမိ​၏​ကိုယ်ခန္ဓာ​ကို ကယ်တင်သော​အရှင် ဖြစ်တော်မူ၏။


ယုံကြည်သူများ​ဖြစ်​စေရန် ရွေးချယ်တော်မူခြင်း​ခံရသည့် ကောရိန္သု အသင်းတော်​ဖြစ်သော သင်တို့​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို ကိုးကွယ်ကြသည့် နေရာအနှံ့​၌​ရှိသောသူ​အပေါင်းတို့​ကို ယေရှု​ခရစ်တော်​အားဖြင့် သန့်ရှင်းစေတော်မူ​သကဲ့သို့ သင်တို့​ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထို​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​နှင့် နေရာအနှံ့​၌ ရှိသော ထို​သူ​အပေါင်းတို့​၏ သခင်​ဖြစ်တော်မူ၏။


သင်တို့​၏ ကိုယ်ခန္ဓာ​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​ဖြစ်ကြောင်း​ကို သင်တို့​မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​ကို ယူ​၍ ပြည့်တန်ဆာ​နှင့် ပေါင်းစည်း​ရမည်လော။ ထိုသို့ လုံးဝ မပေါင်းစည်းရ။


ကျွန်ုပ်တို့​သည် အများ​ဖြစ်​သော်လည်း ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်သည်​ကို ပြသ​ရန် မုန့်​တစ်လုံးတည်း​ကို မျှစားကြ၏။


အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​သည် ဝေဒနာ​ခံစားရ​လျှင် ကျန်​အစိတ်အပိုင်း​ရှိသမျှတို့​သည်လည်း အတူတကွ ခံစားကြ​ရ၏။ အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​သည် ဂုဏ်တက်​လျှင် ကျန်​အစိတ်အပိုင်း​ရှိသမျှတို့​သည်လည်း အတူတကွ ဝမ်းမြောက်ကြ၏။


သူတို့​သည် ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​၌ မှီခိုအားထားခြင်း မရှိ။ ထို​ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော အရွတ်များ​ဖြင့် ဆက်စပ်​၍ အားဖြည့်​လျက် ဘုရားသခင် ကြီးထွား​စေလိုတော်မူသည့်​အတိုင်း ကြီးထွားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ