Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 16:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ကျွန်ုပ်​ဟောသော သတင်းကောင်း​၌​ဆိုထားသည့်​အတိုင်း သင်တို့​အား ခိုင်ခံ့မြဲမြံ​စေနိုင်တော်မူသော ဘုရားသခင်​သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှု​ခရစ်တော်​အကြောင်း​ဖြစ်သော ဤ​သတင်းကောင်း​က ကာလ​ကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်​၏ လျှို့ဝှက်​နက်နဲသော​အကြံအစည်တော်​ကို လူမျိုးခြား​ဖြစ်သော သင်တို့​အား ဖော်ပြပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​အား​ငါ တို့​ထော​မ​နာ​ပြု​ကြ​ကုန်​စို့။ ယေ​ရှု​ခ​ရစ်​အ​ကြောင်း ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​သော်​လည်း ကောင်း၊ ရှေး​ကာ​လ​အ​ဆက်​ဆက်​၌​ကွယ်​ဝှက်​နေ​ခဲ့ သော​သစ္စာ​တ​ရား​ပေါ်​လွင်​ထင်​ရှား​ချက်​အ​ရ​သော် လည်း​ကောင်း ကိုယ်​တော်​သည်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​ခိုင်​မြဲ​စေ​တော်​မူ​နိုင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25-26 ကာ လ အ စဉ် ဝှက် ထား လျက် ရှိ သော် လည်း နိ စ္စ ဘု ရား သ ခင့် အ မိန့် တော် အ တိုင်း ပ ရော ဖက် တို့ ကျမ်း ဂန် များ ဖြင့် လူ မျိုး ခြား ခပ် သိမ်း တို့ ယုံ ကြည်၍ လိုက် နာ စေ အံ့ သော ငှါ၊ ယ ခု ကာ လ ထင် ရှား၍ ထွက် ပေါ် ပြီး နက် နဲ ရာ ကို ဖွင့် ပြ ခြင်း တည်း ဟူ သော ယေ ရှု ခ ရစ် အ ကြောင်း ကြော် ငြာ သော သ တင်း၊ ငါ ဟော ပြော သော သ တင်း တော် မြတ် အ ရ သင် တို့ ကို တည် ကြည် စေ တော် မူ နိုင် သော အ ရှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​ပြီး​လျှင် ယ​ခု​မှာ ထင်​ရှား​သည်​ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25-26 ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ယေရှု​ခရစ်တော်​အကြောင်း​ကို​ဟောပြော​ခြင်း​အားဖြင့်​လည်းကောင်း၊ ရှေး​ကာလ​ပတ်လုံး ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ ထာဝရ​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ပရောဖက်​ကျမ်း​များ​၌​ထင်ရှား​ပြီး ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် လူမျိုး​အပေါင်း​တို့​အား​သိ​စေ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဖွင့်ပြ​ခြင်း​အားဖြင့်​လည်းကောင်း သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​နိုင်​သော​အရှင်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 16:25
42 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​မြင်ရသော​အရာတို့​ကို ရှေးခေတ်​က ပရောဖက်များ​နှင့် ဖြောင့်မတ်သောသူတို့​သည် မြင်လိုခဲ့ကြ၏။ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့​ကြားရသော​အကြောင်းအရာတို့​ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ။


ဤသို့​ဟောတော်မူခြင်း​မှာ “ပုံဥပမာ​ဖြင့် ငါ​ဟောပြောမည်။ ကမ္ဘာ​တည်ချိန်​ကတည်းက ကွယ်ဝှက်ထားသော​အရာ​ကို ဖော်ထုတ်​ပြောဆိုမည်” ဟု ပရောဖက်​မှတစ်ဆင့် မိန့်တော်မူသော​အရာ ဖြစ်လာ​စေရန်​ပင်။


ထို​သူတို့​က ‘ကျွန်ုပ်တို့​အား ငှားမည့်သူ​မရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်​က ထို​သူတို့​အား ‘သင်တို့​သည်လည်း ငါ့​စပျစ်ခြံ​သို့​သွား​၍ အလုပ်လုပ်ကြ’ ဟု ဆို၏။


သို့ဖြစ်၍ ယခု ကျွန်ုပ်​သည် သင်တို့​အား ဘုရားသခင်​ထံတော်​သို့​လည်းကောင်း၊ ကိုယ်တော်​၏ ကျေးဇူးတော်​နှင့်ဆိုင်သော တရားတော်​သို့​လည်းကောင်း အပ်နှံပါ၏။ ထို​တရားတော်​သည် သင်တို့​ကို ဆောက်တည်​ပေးနိုင်စွမ်း​နှင့် သန့်ရှင်းစေတော်မူခြင်း​ခံရသော​လူအပေါင်းတို့​နှင့်အတူ သင်တို့​ကို အမွေ​ပေးနိုင်စွမ်း​ရှိ၏။


ထို့နောက် ချက်ချင်း​ပင် ရှောလု​က “ယေရှု​သည် ဘုရား​သားတော်​ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များ​တွင် ဟောပြောလေ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် မိမိ​ကိုယ်ကိုယ် ပညာရှိ​လှသည်​ဟူ၍ မထင်မှတ်​စေရန် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​နားလည်​စေလို၏။ ထို​လျှို့ဝှက်နက်နဲသော​အရာ​မှာ အစ္စရေးလူမျိုး​တချို့​၏ စိတ်နှလုံး​သည် အစဉ်​မာကျောနေမည်​မဟုတ်ဘဲ ခရစ်တော်​ထံ ရောက်လာမည့် လူမျိုးခြား​အရေအတွက် ပြည့်စုံလာသည်​အထိ​သာ ဖြစ်​လိမ့်မည်။


သင်​သည် မည်သူ​ဖြစ်​၍ သူတစ်ပါး​၏ အစေခံ​ကို အပြစ်​တင်မည်နည်း။ ထို​အစေခံ​၏ လုပ်ဆောင်မှု​သည် ကျေနပ်ဖွယ်​ဖြစ်သည်၊ မဖြစ်သည်​ကို သူ​၏ သခင်​က ဆုံးဖြတ်​လိမ့်မည်။ သူ​၏ လုပ်ဆောင်မှု​သည် ကျေနပ်ဖွယ် ဖြစ်​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် သူ့​ကို ကူမနိုင်စွမ်း​ရှိတော်မူ​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။ အာမင်။


ကျွန်ုပ်​ဟောပြောသော သတင်းကောင်း​အရ လူအပေါင်းတို့​၏ လျှို့ဝှက်သော​အကြံအစည်တို့​ကို ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​စီရင်တော်မူသော​နေ့​၌ အထက်​တွင် ဖော်ပြသည့်​အတိုင်း ဖြစ်ပျက်​လိမ့်မည်။


သို့ရာတွင် ကျွန်ုပ်တို့​သည် လက်ဝါးကပ်တိုင်​တွင် ခရစ်တော်​အသေခံသည့်​အကြောင်း​ကို ဟောပြောကြ၏။ ထို​အကြောင်းအရာ​သည် ဂျူးလူမျိုးတို့​အတွက် ဆူးငြောင့်ခလုတ်​ဖြစ်​ပြီး လူမျိုးခြားတို့​အတွက် အဓိပ္ပာယ်​မဲ့သော​အရာ ဖြစ်၏။


ကျွန်ုပ်တို့​ပြောဆိုသော​ပညာ​စကား​မှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်​နက်နဲသော​ဘုရားသခင်​၏ ပညာ​စကား​ဖြစ်၏။ ဘုရားသခင်​သည် ကမ္ဘာ​မတည်မီ​ကပင် ထို​ပညာ​ကို ကျွန်ုပ်တို့​၏ ဘုန်းအသရေ​အတွက် ကြိုတင်​သတ်မှတ်ထားတော်မူ၏။


ထို့ကြောင့် သင်တို့​သည် ကျွန်ုပ်​နှင့် အာပေါလု​ကို ခရစ်တော်​၏ အစေခံများ​အဖြစ်​လည်းကောင်း၊ ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာများ​ကို စီမံခန့်ခွဲသူများ​အဖြစ်​လည်းကောင်း မှတ်ယူကြလော့။


ကျွန်ုပ်တို့​ဟောပြောသော သတင်းကောင်း​သည် ဖုံးအုပ်ခြင်း​ခံရသည်​ဆိုလျှင် ပျက်စီးတော့မည့်​သူတို့​အတွက်သာ ဖုံးအုပ်ခြင်း​ခံရ၏။


ကျွန်ုပ်တို့​သည် မိမိတို့​အကြောင်း​ကို ဟောပြောကြသည်​မဟုတ်။ ယေရှု​ခရစ်တော်​သည် သခင်​ဖြစ်ကြောင်း​နှင့် ကျွန်ုပ်တို့​သည် ယေရှု​အတွက် သင်တို့​၏ အစေအပါးများ​ဖြစ်ကြောင်း​ကို ဟောပြောကြခြင်း​ဖြစ်၏။


ဤသို့​သွားသည်​မှာ ဘုရားသခင်​၏ ဗျာဒိတ်တော်​အရ သွားခြင်း​ဖြစ်၏။ ထို​မြို့​၌ ရှိစဉ် ခေါင်းဆောင်​ဖြစ်သူများ​နှင့် သီးသန့်​တွေ့ဆုံ​စည်းဝေး​ကာ လူမျိုးခြားတို့​အား ဟောပြောခဲ့သော​သတင်းကောင်း​နှင့် ပတ်သက်၍ သူတို့​ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်း​မှာ ကျွန်ုပ်​ကြိုးစားအားထုတ်​ခဲ့ရသော​အရာ​နှင့် ကြိုးစားအားထုတ်​နေသော​အရာတို့​ကို အချည်းနှီး မဖြစ်စေလို​သောကြောင့် ဖြစ်၏။


ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ပြုတော်မူမည်​ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို မိမိ နှစ်သက်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​ကို ဖော်ပြတော်မူ၏။


ဘုရားသခင်​သည် မိမိ​၏ ထာဝရ​အကြံအစည်တော်​အတိုင်း ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ပြုသော​အမှု​ကြောင့် ဤသို့ ပြီးမြောက်​စေတော်မူ၏။


အရာ​အားလုံး​ကို ဖန်ဆင်းတော်မူသော​ဘုရားသခင်​ထံ၌ ရှေးယခင်​မှစ၍ ဝှက်ထားသည့် ဤ​လျှို့ဝှက်​နက်နဲသော အကြံအစည်တော်​သည် မည်သည့်​အရာ​ဖြစ်ကြောင်း လူအပေါင်းတို့​ကို ဖော်ပြ​နိုင်ရန် ဖြစ်၏။


ဘုရားသခင်​သည် ကျွန်ုပ် ပြောဆိုသည့်​အခါတိုင်း ပြောရမည့်​စကား​ကို ကျွန်ုပ်​အား ပေးတော်မူ​၍ ကျွန်ုပ်​က သတင်းကောင်း​၏ နက်နဲသော​အရာ​ကို ရဲဝံ့​စွာ ပြောပြ​နိုင်ရန် ကျွန်ုပ်​အတွက်​လည်း ဆုတောင်းပေးကြလော့။


ဤသို့​ကြိုးပမ်းရခြင်း​သည် သူတို့​စိတ်ခွန်အား ရရှိ​၍ အချင်းချင်း ချစ်ခင်​စည်းလုံးလာကြ​ရန် ဖြစ်၏။ သို့မှသာ သူတို့​သည် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ဖြစ်သည့် ခရစ်တော်​ကို သိရှိ​နားလည်ကြောင်း စိတ်ချမှု​အပြည့် ရှိ​နိုင်မည် ဖြစ်၏။


ကျွန်ုပ်တို့​အတွက်​လည်း ဆုတောင်းပေးကြလော့။ သို့မှသာ ခရစ်တော်​၏ လျှို့ဝှက်နက်နဲသော တရားတော်​ကို ကျွန်ုပ်တို့​ဟောပြော​နိုင်ရန် ဘုရားသခင်​သည် အခွင့်အလမ်း ပေးတော်မူ​လိမ့်မည်။ ထို​တရားတော်​ကို ဟော​သောကြောင့် ယခု ကျွန်ုပ်​အကျဉ်းချခံရ၏။


ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် မိမိ​၏ ကောင်းကင်တမန်များ​နှင့်အတူ ပြန်လည်​ကြွလာတော်မူ​သောအခါ သင်တို့​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင် ရှေ့တော်​၌ အပြစ်ဆိုဖွယ်​မရှိဘဲ သန့်ရှင်းနေ​ရန် သခင်ဘုရား​သည် သင်တို့​၏ စိတ်​ကို ခိုင်ခံ့မြဲမြံ​အောင် ပြုတော်မူပါစေသော။


ထိုသို့ ကယ်တင်ခံရ​ရန် ဘုရားသခင်​သည် ကျွန်ုပ်တို့​ဟောပြောသော သတင်းကောင်း​ဖြင့် သင်တို့​ကို ခေါ်တော်မူ၏။ ဤသို့​ခေါ်ခြင်း​သည် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ဘုန်းအသရေ​ကို သင်တို့​ခံစားရရှိ​နိုင်ရန် ဖြစ်၏။


သို့ရာတွင် သခင်ဘုရား​သည် သစ္စာရှိသော​အရှင် ဖြစ်တော်မူသည်​နှင့်အညီ သင်တို့​ကို ကြံ့ခိုင်စေ​၍ မာရ်နတ်​ထံက ကာကွယ်ပေးတော်မူ​လိမ့်မည်။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ကယ်တင်တော်မူ​ပြီး သန့်ရှင်းသော​ဘဝ​၌ အသက်ရှင်​နေထိုင်​ရန် ခေါ်ယူတော်မူသည်​မှာ ကျွန်ုပ်တို့​၏ လုပ်ဆောင်မှု​ကြောင့် မဟုတ်ဘဲ ကိုယ်တော်​၏ အကြံအစည်တော်​နှင့် ကျေးဇူးတော်​ကြောင့် ဖြစ်၏။ ကိုယ်တော်​သည် ရှေးယခင်​မတိုင်မီ​ကပင် ယေရှု​ခရစ်တော်​အားဖြင့် ထို​ကျေးဇူးတော်​ကို ကျွန်ုပ်တို့​အား ပေးသနားတော်မူ၏။


ကျွန်ုပ်​ဟောပြောသည့် သတင်းကောင်း​အတိုင်း ဒါဝိဒ်မင်း​၏​မျိုးနွယ်​မှ ဆင်းသက်လာပြီး သေခြင်း​မှ​ထမြောက်တော်မူသော​ယေရှု​ခရစ်တော်​ကို သတိရလော့။


ထာဝရ​အသက်​ရ​ရန်လည်း သူတို့​မျှော်လင့်​နိုင်ကြမည်။ လိမ်လည်ခြင်း​နှင့် ကင်းစင်တော်မူသည့် ဘုရားသခင်​သည် ဤ​ထာဝရ​အသက်​ကို ပေး​ရန် ရှေးယခင်​မတိုင်မီ​ကပင် ကတိပြုတော်မူခဲ့၏။


ထို့ကြောင့် ကိုယ်တော်​သည် မိမိ​ကို​အမှီပြု​၍ ဘုရားသခင်​ထံသို့ ချဉ်းကပ်လာ​သူများ​ကို အပြည့်အဝ​ကယ်တင်​နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် သူတို့​အတွက် အသနားခံပေး​ရန် ထာဝရ​အသက်ရှင်နေ​သောကြောင့်​ဖြစ်၏။


ခရစ်တော်​သည် ဤ​ကမ္ဘာ​မတည်ရှိ​မီ​ကပင် ခန့်ထားတော်မူခြင်း​ခံရ​သော်လည်း ဤ​နောက်ဆုံးသော​ကာလ​တွင် သင်တို့​အတွက် ပေါ်ထွန်းတော်မူ၏။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


သတ္တမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်ရမည့်​နေ့ရက်​တွင် ဘုရားသခင်​သည် မိမိ​အစေအပါး ပရောဖက်များ​အား ဟောပြော​ကြေညာတော်မူသည့်​အတိုင်း မိမိ​၏ လျှို့ဝှက်​နက်နဲသော​အကြံအစည်​သည် ပြီးမြောက်​လိမ့်မည်” ဟု ကျိန်ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ