Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 အခြား​ဘာသာစကား​ကို ပြောသောသူ​သည် မိမိ​ကိုယ်ကိုယ် တည်ဆောက်၏။ ပရောဖက်ပြု​ဟောပြောသောသူ​ကမူ အသင်းတော်​တစ်ခုလုံး​ကို တည်ဆောက်ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့် ပြော​ဆို​သူ​သည် မိ​မိ​အ​ကျိုး​ကို​ပြု​စု​၏။ နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သော​သူ​မူ ကား အ​သင်း​တော်​တစ်​ခု​လုံး​၏​အ​ကျိုး​ကို ပြု​စု​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ဘာ သာ စ ကား ထူး ပြော ဆို သူ သည် ကိုယ် ကို ဆောက် တည်၏။ ဟော ပြော သူ မူ ကား အ သင်း တော် ကို ဆောက် တည် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 အ​ခြား​သော ဘာ​သာ​စ​ကား​အား​ဖြင့် ပြော​သော​သူ​သည် ကိုယ်​ကို​သာ တည်​ဆောက်၏။ ပ​ရော​ဖက် ပြု​သော​သူ​မူ​ကား၊ အ​သင်း​တော်​ကို တည်​ဆောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် မိမိ​ကို​သာ​တည်ဆောက်​မြှင့်တင်​၏။ ပရောဖက်ပြု​ဟောပြော​သော​သူ​မူကား အသင်းတော်​ကို တည်ဆောက်​မြှင့်တင်​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:4
12 ပူးပေါင်းရင်းမြစ်များ  

ယုံကြည်သော​သူတို့​သည် နိမိတ်​လက္ခဏာများ​ကို ပြသကြ​လိမ့်မည်။ သူတို့​သည် ငါ​၏​အမည်​နာမ​ကို အမှီပြု​၍ နတ်ဆိုးများ​ကို နှင်ထုတ်ကြ​လိမ့်မည်။ အသစ်သော​ဘာသာစကားများ​ကို ပြောကြ​လိမ့်မည်။


သို့ဖြစ်၍ အသင်းတော်​၌ ငြိမ်းချမ်း​စွာ နေ​စေရန်​နှင့် အပြန်အလှန်​ဆောက်တည်ဖွယ်​ဖြစ်​စေရန် ကြိုးပမ်းကြပါစို့။


ဝိညာဉ်တော်​သည် လူတစ်ယောက်​အား အံ့ဖွယ်တန်ခိုး​ပြနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ပရောဖက်ပြု​ဟောပြောနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား သန့်ရှင်းသော​ဝိညာဉ်တော်​ထံမှ​လာသော​အရာ​နှင့် အခြား​ဝိညာဉ်​ထံမှ လာသော​အရာ​တို့ကို ပိုင်းခြားနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ဘာသာစကား​အမျိုးမျိုး ပြောနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ထို​ဘာသာစကားများ​၏ အနက်​ကို ပြန်နိုင်စွမ်း​ကို​လည်းကောင်း ပေးတော်မူ၏။


အသင်းတော်​အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများ​မှာ ပထမ​အနေဖြင့် တမန်တော်များ၊ ဒုတိယ​အနေဖြင့် ပရောဖက်များ၊ တတိယ​အနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်​တန်ခိုး​ကို ပြသူများ၊ ရောဂါ​ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး​ကို ရရှိထားသူများ၊ အများ​ကို ကူညီဖေးမသူများ၊ ဦးဆောင်​လမ်းပြနိုင်သူများ၊ ဘာသာစကား​အမျိုးမျိုး​ကို ပြောနိုင်သူများ စသည်တို့​ဖြစ်ကြ၏။


ကျွန်ုပ်​သည် လူ​ဘာသာစကားများ​နှင့် ကောင်းကင်တမန်​ဘာသာစကားများ​ကို ပြောနိုင်​သော်လည်း မေတ္တာ​မရှိ​လျှင် ဆူညံသော​မောင်း သို့မဟုတ် မြည်ဟည်းနေသော​လင်းကွင်း​ကဲ့သို့​သာ ဖြစ်၏။


ကျွန်ုပ်​သည် ပရောဖက်ပြု​ဟောပြော​နိုင်စွမ်း​ရှိသည်​ဖြစ်စေ၊ လျှို့ဝှက်​နက်နဲသော​အရာ​ရှိသမျှ​နှင့် အသိပညာ​ရှိသမျှ​ကို နားလည်သည်​ဖြစ်စေ၊ တောင်များ​ကို ရွှေ့နိုင်သော​ယုံကြည်ခြင်း​ရှိသည်​ဖြစ်စေ မေတ္တာ​မရှိ​လျှင် အချည်းနှီး​ဖြစ်၏။


သို့ဖြစ်၍ သင်တို့​သည်လည်း ဝိညာဉ်​ဆုကျေးဇူးများ​ကို ရ​ရန် စိတ်အားထက်သန်သည့်​အလျောက် အသင်းတော်​ကို တည်ဆောက်​ရာတွင် အကျိုးပြုမည့် ဆုကျေးဇူးများ​ကိုသာ ရ​ရန် ကြိုးစားကြလော့။


သို့ဖြစ်၍ အခြား​ဘာသာစကား​သည် ယုံကြည်သူများ​အတွက် နိမိတ်​လက္ခဏာ​မဟုတ်ဘဲ မယုံကြည်သူများ​အတွက်​သာ ဖြစ်၏။ ပရောဖက်ပြု​ဟောပြောခြင်း​မှာမူ မယုံကြည်သူများ​အတွက် မဟုတ်ဘဲ ယုံကြည်သူများ​အတွက်​ဖြစ်၏။


သို့ဖြစ်လျှင် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ သင်တို့​စုဝေးကြ​သောအခါ တစ်ဦး က ဓမ္မသီချင်း​ဆိုခြင်း၊ တစ်ဦး​က သင်ကြားခြင်း၊ တစ်ဦး​က ဗျာဒိတ်တော်​ကို ဖွင့်ပြခြင်း၊ တစ်ဦး​က အခြား​ဘာသာစကား​ကို ပြောခြင်း​နှင့် တစ်ဦး​က ထို​ဘာသာစကား​ကို အနက်​ပြန်ခြင်း​ဟူ၍ အသီးသီး​ဆောင်ရွက်ကြ၏။ ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​လုပ်ဆောင်ရာ​တွင် အသင်းတော် တည်ဆောက်စရာ​အတွက် ဖြစ်စေကြလော့။


ပရောဖက်ပြု​ဟောပြောသောသူ​ကမူ လူတို့​အား ဆောက်တည်စရာ​စကား၊ အားပေး​စကား၊ နှစ်သိမ့်​စကားတို့​ကို ဟောပြော၏။


ကျွန်ုပ်​သည် သင်တို့​ရှိသမျှ​အား အခြား​ဘာသာစကား​ကို ပြောတတ်​စေလို၏။ သို့သော် ပရောဖက်ပြု​ဟောပြောခြင်း​ကို ပို​၍ တတ်စေလို၏။ အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆို​ရာတွင် အသင်းတော်​အတွက် တည်ဆောက်​စရာ​ဖြစ်​စေရန် အနက်​ကို ပြန်နိုင်​ရမည်​ဖြစ်၏။ အနက်​မပြန်နိုင်​လျှင် အခြား​ဘာသာစကား​ကို ပြောဆိုခြင်း​ထက် ပရောဖက်ပြု​ဟောပြောခြင်း​သည် ပို​၍ မြတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ